ဟွာကာချီနာ

ပီရူးနိုင်ငံရှိ ရွာ

75°45′48″W / 14.08750°S 75.76333°W / -14.08750; -75.76333

ဟွာကာချီနာသည် ပီရူးနိုင်ငံ အနောက်တောင်ဘက်တွင်ရှိသော ရွာတစ်ရွာဖြစ်ပြီး သဲသောင်ခုံများဝန်းရံထားသည့် အိုအေစစ်ငယ်ပတ်လည်တွင် တည်ထားသော ရွာကလေးတစ်ရွာ ဖြစ်သည်။ ထိုရွာကလေးသည်  Ica Province တွင် တည်ရှိပြီး Ica District ၏ မြို့တော် Ica နှင့် ငါးကီလိုမီတာခန့် ကွာဝေးသည်။[၁] အဆိုပါ အိုအေစစ်ကို ပီရူးနိုင်ငံသုံးငွေကြေးဖြစ်သော 50 Nuevo Sol ငွေစက္ကူ၏ ကျောဘက်တွင် ရေးဆွဲဖော်ပြခဲ့သည်။ ဟွာကာချီနာတွင် အမြဲတမ်းနေသော လူဦးရေ ၁၀၀ ပတ်ဝန်းကျင်သာ ရှိသည်။[၂] သို့ပေမယ်လည်း နှစ်စဉ် ခရီးသွားဦးရေ တစ်သောင်းခန့် လည်ပတ်လေ့ရှိသည်။

ပီရူးနိုင်ငံ၊ ဟွာကာချီနာ အိုအေစစ် မြင်ကွင်းကျယ်ပုံ

ဟွာကာချီနာကို သဲကန္တာရအတွင်း သေးငယ်သော သဘာဝရေကန်နံဘေးတွင် တည်ဆောင်ထားခဲ့သည်။  "အမေရိက၏ အိုအေစစ်"ဟု ခေါ်ကြပြီး မြို့တော် Ica အနီးမှ ဒေသခံ မိသားစုများအတွက် အပန်းဖြေနေရာတစ်ခုဖြစ်ပြီး သဲသောင်ပြင်စကိတ်စီးခြင်း(sandboarding)နှင့် ပေပေါင်း ရာကျော်အမြင့်ထိ စီး၍ရသော သဲသောင်ပြင်ကားမောင်းခြင်း(dune buggy) စသော အားကစားများသည် လည်ပတ်သူ ခရီးသွားများ၏ စိတ်ကို များစွာဆွဲဆောင်စေခဲ့သည်။

ဒဏ္ဍာရီများတွင် လှပသော ဌာနေလူမျိုး မင်းသမီးလေး ရေချိုးနေသည်ကို ငယ်ရွယ်သော မုဆိုးလေးမှ မြင်တွေ့သွားရာမှစ ရေအိုင်လေး ဖြစ်လာခဲ့တယ်လို့ ဆိုကြသည်။  ထိုသို့ ငယ်ရွယ်သော မုဆိုးလေးမှတွေ့သွားခဲ့ရာ မင်းသမီးမှာ ထွက်ပြေးသွားခဲ့ရပြီး သူမရေချိုးရာ ကျန်ရှိခဲ့သော ရေများနှင့်အိုင်ကလေးသည် အပြာရောင်ရေအိုင်ငယ်လေး ဖြစ်လာခဲ့သည်။ မင်းသမီးလေး ထွက်ပြေးရာလမ်းကြောင်းတွင် ကျန်ရှိခဲ့သော သူမ၏ အပေါ်ရုံဝတ်လွှာ၏ ခေါက်ရိုးရာများအတိုင်း ကန်လေးကို ဝိုင်းပတ်ထားသော သဲသောင်ပူစာခုံများ ဖြစ်လာခဲ့သည်။ လူများအပြောတွင် မင်းသမီးလေးသည် ယနေ့တိုင်  အိုအေစစ်တွင် ရေသူမလေးအဖြစ် နေထိုင်သည်ဟု ဆိုကြသည်။[၃]

မြေပိုင်ရှင်များသည် အိုအေစစ်အနီးတွင် ရေတွင်းများ တူးလာခဲ့ကြရာ အိုအေစစ်၏ ရေပြင်မှာ လျော့ကျလာခဲ့သည်။  ရေများ လျော့ကျလာခဲ့ခြင်းကို အစားထိုးရန်နှင့် ခရီးသွားများအတွက် လှပ၍ ကျေနပ်ဖွယ်ရာ နေရာအဖြစ် အိုအေစစ်ကို ထိန်းသိမ်းရန် ရည်ရွယ်၍ မြို့တော်သည် သဘာဝကဲ့သို့ ရေများ ထည့်သွင်းပေးမည်အစီအစဉ်ကို စတင်ခဲ့ကြသည်။[၄][၅]

ဟွာကာချီနာနှင့် ပတ်ဝန်းကျင်းရှိ သဲသောင်ခုံများ

ကိုးကား

ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား