၂၀၁၈ အာရှ အားကစားပြိုင်ပွဲ

၂၀၁၈ တွင် ကျင်းပခဲ့သည့် ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ

၂၀၁၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 Asian Games)သည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့နှင့် ဖလန်းပင်မြို့တွင် ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၈ရက်မှ စက်တင်ဘာလ ၂ရက်​နေ့အထိကျင်းပခဲ့သည့် ၁၈ကြိမ်​မြောက် အာရှ ​အားကစားပြိုင်ပွဲဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို မြို့၂မြို့တွင်ခွဲ၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၁၉၆၂ခုနှစ်၌ ဂျာကာတာမြို့တွင် ကျင်းပခဲ့ဖူးသည်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲ
XVIII Asian Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံဂျကာတာ
ဖလမ်းပင်[၁]
ဆောင်ပုဒ်"Energy of Asia"[၂]
(အင်ဒိုနီးရှား: Energi Asia)
ပါဝင်သော နိုင်ငံများ၄၅
ကစားပွဲအမျိုးအစားအားကစားနည်း ၄၀တွင် ၄၆၂ပွဲ
ဖွင့်ပွဲအခမ်းအနား၁၈ ဩဂုတ်[၃]
ပိတ်ပွဲအခမ်းအနား၂ စက်တင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဂျိုကို ဝီဒိုဒို(သမ္မတ)
အဓိကအားကစားကွင်းဂျီလိုရာ ဘန်ကာနို အားကစားကွင်း[၄]
ဝက်ဘ်ဆိုဒ်Official website
၂၀၁၄ ၂၀၂၂  >

လက်ခံကျင်းပခြင်း

အိမ်ရှင်အဖြစ်ယှဉ်ပြိုင်ခြင်း

ဟနွိုင်း

ဗီယက်နမ်၊ဟနွိုင်းမြို့မှာ ဆာရာဘာရာမြို့(အင်ဒိုနီးရှား)၊ဒူဘိုင်းမြို့များကို​ကျော်၍ကျင်းပခွင့်ရခဲ့သည်။၂၀၁၂ နိုဝင်ဘာ၈ရက်​နေ့တွင် ဟနွိုင်းက ၂၉မဲ၊ဆာရာဘာရာက ၁၄မဲဖြင့် ဟနွိုင်းကအနိုင်ရခဲ့သည်။ ဒူဘိုင်းမှာမူ နုတ်ထွက်ခဲ့သည်။

သို့​သော် ၂၀၁၄ခုနှစ် မတ်လတွင် ဗီယက်နမ်၏လက်ခံကျင်းပနိုင်မှုကို စိုးရိမ်လာကြသည်။ ထိုအထဲတွင် ဘတ်ဂျက်$၁၅၀ မီလီယံသာသုံးစွဲခြင်းလည်းပါသည်။ အစိုးရအ​နေဖြင့် $၃၀၀ မီလီယံသုံးစွဲရန် တိုက်တွန်းမှုများရှိခဲ့သည်။ ဗီယက်နမ်အိုလံပစ်​ကော်မတီ ဥက္ကဋ္ဌ​ဟောင်းကလည်း အာရှအားကစားပွဲကိုကျင်းပခြင်းမှာ ဗီယက်နမ်၏ ခရီးသွားကဏ္ဍကို မမြှင့်တင်နိုင်​ကြောင်း​ပြောခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီ၁၇ရက်​နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ထန်းက အိမ်ရှင်အဖြစ်မှနုတ်ထွက်​ကြောင်း ​ကြေညာခဲ့သည်။

ဂျာကာတာနှင့် ဖလမ်းပင်

ဟနွိုင်းနုတ်ထွက်သွားပြီး​နောက် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှား၊တရုတ်နှင့် ယူ​အေအီးနိုင်ငံများမှာ အဓိကစဉ်းစားစရာဖြစ်​ကြောင်း​ပြောခဲ့သည်။ ထိုအထဲမှ ယခင်​ရွေးချယ်စဉ်က ဒုတိယရ​သော ဆာရာဘာရာမြို့ကို လူကြိုက်များခဲ့သည်။

၂၀၁၄ခုနှစ် ​မေလ၅ရက်တွင် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ၊ဖလမ်းပင်၊ဆာရာဘာရာ၊ဘန်​ဒေါင်းမြို့များသို့ သွား​ရောက်ခဲ့သည်။ ဆာရာဘာရာအ​နေဖြင့် အာရှအားကစားပြိုင်ပွဲအစား ၂၀၂၁ အာရှလူငယ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်စီစဉ်ပြီးဖြစ်၍ အိမ်ရှင်ဖြစ်ရန်မကြိုးစား​တော့​ပေ။ ဇူလိုင်၂၅တွင် ကူဝိတ်စီးတီးတွင် ကျင်းပ​သော အစည်းအ​ဝေးတွင် အာရှအိုလံပစ်​ကောင်စီက ဂျာကာတာကိုအိမ်ရှင်အဖြစ်​ပေးအပ်ခဲ့ပြီး ဖလမ်းပင်ကို ပူးဆွဲအိမ်ရှင်အဖြစ်​ပေးခဲ့သည်။ စက်တင်ဘာ ၂၀ရက်​နေ့တွင် အင်ဒိုနီးရှားသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စာချုပ်တွင်လက်မှတ်ထိုးခဲ့သည်။ 

ကုန်ကျစရိတ်

၂၀၁၅ခုနှစ်က ဗဟိုအစိုးရအ​နေဖြင့် $၂၂၄မီလီယံကို ဘတ်ဂျက်ခွဲ​ဝေခဲ့ပြီး ​ဒေသတွင်းအစိုးရများက အချို့ကုန်ကျစရိတ်များသုံးစွဲခဲ့သည်။၂၀၁၈၊ဇူလိုင်လတွင် အားကစားပွဲအတွက် ဘတ်ဂျက်ခွဲ​ဝေမှုမှာ အလှူရှင်များထံမှ ​ထောက်ပံ့​ငွေ အ​မေရိကန်​ဒေါ်လာ ၅၉မီလီယံအပါအဝင် စုစု​ပေါင်းကုန်ကျစရိတ် အ​မေရိကန်​ဒေါ်လာ ၄၅၀မီလီယံရှိခဲ့သည်။

အားကစားကွင်းများ

ဖိုင်:GBK Main Stadium West Plaza.png
ဂျာကာတာမြိ့ရှိ ဘန်ကာနိုအားကစားကွင်း

ဂျာကာတာမြို့ ဘန်ကာနိုအားကစားနယ်​​မြေ

VenueEventsCapacity
Gelora Bung Karno StadiumOpening and Closing Ceremonies76,127
Athletics
IstoraBadminton7,110
Basketball
Aquatic CenterAquatics (Diving, Swimming, Synchronized swimming, Water polo)8,630
Tennis (Indoor)Volleyball3,300
Tennis (Outdoor)3 on 3 Basketball5,000
Basketball HallBasketball2,920
Hockey FieldField hockey350
Baseball FieldBaseball2,500
Softball FieldSoftball503
Archery FieldArchery256
Rugby FieldRugby sevens
Training FacilitySquash
Jakarta Convention CenterFencingtemporary venue
Karate
Martial Arts (Kurash and Sambo)
Volleyball

အခြား​နေရာများ

VenueEventsCapacityLocation
Jakarta International VelodromeCycling (Track)4,000Rawamangun, East Jakarta
Jakarta International Equestrian ParkEquestrian920Pulomas
Ancol Beach MarinaSailingAncol, North Jakarta
Jet ski
Pulomas International BMX CenterCycling (BMX)Pulomas, East Jakarta
Padepokan Silat TMIIMartial arts (Pencak Silat)Taman Mini Indonesia Indah, East Jakarta
Jakarta International ExpoBoxingtemporary venueKemayoran, Central Jakarta
Contract Bridge
Gymnastics
Judo
Kabaddi
Martial arts (Jujitsu and Wushu)
Table tennis
Taekwondo
Weightlifting
Wrestling
Pertamina Simprug StadiumVolleyballSimprug, South Jakarta
Pondok Indah Golf CourseGolfPondok Indah, South Jakarta
ဖလမ်းပင်မြိ့ရှိ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း

ဖလမ်းပင်မြို့

VenueEventsCapacityLocation
Gelora Sriwijaya StadiumWomen's Football23,000Jakabaring Sports City
Tennis CourtTennis, Softtennis
Jakabaring LakeCanoeing (Sprint and Traditional Boat Race)
Rowing
Ranau Sport HallSepak takraw2,000
Bowling CenterBowling300
Sport Climbing ArenaSports climbing
Beach Volley ArenaVolleyball (Beach)
Shooting RangeShooting
Roller Sports ArenaRoller sports
Bumi Sriwijaya StadiumWomen's Football7,000Palembang

အ​နောက်ဂျာဗား

VenueEventsCapacityLocation
Jalak Harupat StadiumMen's Football27,000Bandung Regency
Pakansari Stadium30,000Bogor
Patriot Chandrabhaga Stadium30,000Bekasi
Wibawa Mukti Stadium28,778Cikarang, Bekasi Regency
Gelora Bandung Lautan Api Stadium38,000Bandung
Gunung MasParagliding-Puncak, Bogor Regency
Arthayasa StablesModern pentathlon-Depok
Streets of SubangCycling (MTB and Road race)-Subang Regency
Bendung RentangCanoeing (Slalom)-Majalengka Regency

ပြိုင်ပွဲအထိမ်းအမှတ်များ

၂၀၁၅ခုနှစ် စက်တင်ဘာလ၉ရက်​နေ့တွင်ကျင်းပ​​သော အင်ဒိုနီးရှားနိုင်ငံအားကစား​နေ့တွင် အထိမ်းအမှတ်တံဆိပ်ကိုပြသခဲ့သည်။ အင်ဒိုနီးရှား၏ ရှားပါးလှ​သော Paradisaeaငှက်ကို ပုံ​ဖော်ထားသည်။

၂၀၁၆ ဇန်နဝါရီတွင် စီစဉ်သူများက ထိုတံဆိပ်ကိုရုပ်သိမ်းခဲ့သည်။​ပြည်သူပြည်သားများက ထိုတံဆိပ်မှာ Paradisaeaငှက်အစား ကြက်​ပေါက်​လေးတစ်​ကောင်နှင့်တူ​နေသည်ဟု ​နောက်​ပြောင်​ဝေဖန်ခဲ့ကြသည်။ သူနှင့်အတူ လာဘ်​ကောင်"ဒရာဝါ"မှာလည်း ​ဝေဖန်ခံခဲ့ရသည်။ အစိုးရက ဒီဇိုင်းအသစ်အတွက် ​ဖိတ်​ခေါ်ခဲ့သည်။ ဇူလိုင် ၂၈ရက်တွင် ဒီဇိုင်းအသစ်ကို ပြသခဲ့သည်။"အာရှ၏ စွမ်းအားများ(Energy kf Adia)"ဟု ​ခေါင်းစဉ်တပ်ကာ ဘန်ကာနိုအားကစားကွင်းကိုပုံ​ထော်ထား​သော ဒီဇိုင်းအသစ်မှာ အာရှနိုင်ငံများ၏စည်းလုံးမှုကို​ဖော်ပြရန်ရည်ရွယ်သည်။

ထို​နေ့တွင်ပင် လာဘ်​ကောင်အသစ်များကိုလည်း ပြသခဲ့သည်။ ယခင် Paradisaeaငှက်အစား ဘင်ဘင်-Paradisaeaငှက်၊အက်တင်-ဘာဝီသမင်၊ကာကာ-ဂျာဗန်ကြံ့ တို့ဖြစ်သည်။ သူတို့သည် အင်ဒိုနီးရှား၏ အ​ရှေ့ပိုင်း၊အလယ်ပိုင်းနှင့် အ​နောက်ပိုင်းတို့နှင့် မဟာဗျူဟာ၊အရှိန်နှင့် ခွန်အားတို့ကို ကိုယ်စားပြုသည်။

အမှတ်စဉ်​​ရေတွက်ရာ နာရီ

မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်း

မီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူး​ဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေ​ရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံ​ကြေးမုံမှ၂၀၁၈ခုနှစ် ဇူလိုင်၁၅ရက်​နေ့ကစတင်မီးထွန်းညှိခဲ့သည်။​ ဇူလိုင် ၁၈ရက်​နေ့တွင် Prambananရှိ ဗြဟ္မာကွင်းတွင် အလယ်ဂျာဗားမှမီးနှင့် အိန္ဒိယမှယူလာ​​သော မီးတို့ကို ပူး​ပေါင်းထွန်းညှိခဲ့သည်။ ထို့​နောက် နိုင်ငံအနှံ့မီးရှုးတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်းအစီအစဉ်စတင်ခဲ့သည်။

အိမ်ရှင်မြို့များအပါအဝင် နိုင်ငံအနှံ့ မြို့​ပေါင်း၅၄မြို့ကိုဖြတ်၍ မီးရှုးတိုင်လက်ဆင့်ကမ်းသယ်​ဆောင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဘန်ကာနိုအားကစားကွင်းရှိ ပင်မမီးရှုးတိုင်ကို မီးမထွန်းညှိမီ ဩဂုတ်လ ၁၇ရက်​နေ့၊ (၇၃)ကြိမ်​မြောက် အင်ဒိုနီးရှားလွတ်လပ်​ရေး​ကြေညာခြင်း​နေ့တွင် သယ်​ဆောင်ခြင်းပြီးဆုံးခဲ့သည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

ဖွင့်ပွဲအခမ်းအနား
​နောက်ခံစင်မြင့်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်​နေ့ ည၇နာရီတွင် ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင်ကျင်းပခဲ့သည်။ [၅] ၂၆မီတာရှိ​သော ​​တောင်နှင့်​ရေတံခွန်ပုံစံ ​နောက်ခံစတိတ်စင်မှာ အင်ဒိုနီးရှားရှိအပင်နှင့်ပန်းများဖြင့် တန်ဆာဆင်ထားသည်။[၆] ​​တောင်နှင့်​မြောက်ကိုရီးယားတို့မှာ ​ပေါင်းစည်း​ရေးအလံ​အောက်တွင် တစ်ဖွဲ့တည်းချီတက်ခဲ့သည်။ အားကစားပွဲ​တော်ကို သမ္မတဂျိုကိုဝီဒိုဒိုက ဖွင့်လှစ်​ပေးခဲ့သည်။[၆]

ပိတ်ပွဲအခမ်းအနား

ပိတ်ပွဲကို စက်တင်ဘာ၂ရက်​နေ့ည၇နာရီက ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင် ကျင်းပခဲ့သည်။[၇]၂၀၂၂ဟန်ကျိုးအားကစားပွဲ​တော်ကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့မှ မြို့​တော်ဝန်မှ အားကစားပြိုငပွဲအလံကို လွှဲ​ပြောင်းလက်ခံခဲ့သည်။[၈]

ပါဝင်​သော အားကစားနည်းများ

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ကနူးပိုလိုနှင့် eSportsတို့ကို မိတ်ဆက်ကျင်းပခဲ့သည်။[၉][၁၀]

သရုပ်ပြ အားကစားနည်းများ

ဆုတံဆိပ်ဇယား

  *   အိမ်ရှင်[၁၁]

၂၀၁၈ အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 တရုတ်၁၃၂၉၂၆၅၂၈၉
 ဂျပန်၇၅၅၆၇၄၂၀၅
 တောင်ကိုရီးယား၄၉၅၈၇၀၁၇၇
 အင်ဒိုနီးရှား*၃၁၂၄၄၃၉၈
 ဥဇဘက်ကစ္စတန်၂၁၂၄၂၅၇၀
 အီရန်၂၀၂၀၂၂၆၂
 တရုတ် တိုင်ပေ၁၇၁၉၃၁၆၇
 အိန္ဒိယ၁၅၂၄၃၀၆၉
 ကာဇက်စတန်၁၅၁၇၄၄၇၆
၁၀  မြောက်ကိုရီးယား၁၂၁၂၁၃၃၇
၁၁  ဘရူနိုင်း၁၂၂၆
၁၂  ထိုင်း၁၁၁၆၄၆၇၃
၁၃  ဟောင်ကောင်၁၈၂၀၄၆
၁၄  မလေးရှား၁၃၁၆၃၆
၁၅  ကာတာ၁၃
၁၆  မွန်ဂိုးလီးယား၁၁၂၅
၁၇  ဗီယက်နမ်၁၆၁၈၃၈
၁၈  စင်ကာပူ၁၄၂၂
၁၉  ဖိလစ်ပိုင်၁၅၂၁
၂၀  အာရပ်စော်ဘွားများပြည်ထောင်စု၁၄
၂၁  ကူဝိတ်
၂၂  ကာဂျစ္စတန်၁၂၂၀
၂၃  ဂျော်ဒန်၁၂
၂၄  ကမ္ဘောဒီးယား
၂၅  ဆော်ဒီအာရေးဘီးယား
၂၆  မကာအို
၂၇  အီရတ်
၂၈ကိုရီးယား
 လက်ဘနွန်
၃၀  တာဂျစ်ကစ္စတန်
၃၁  လာအို
၃၂  တာ့ခ်မင်နစ္စတန်
၃၃  နီပေါ
၃၄  ပါကစ္စတန်
၃၅  အာဖဂန်နစ္စတန်
မြန်မာ
၃၇  ဆီးရီးယား
စုစု​ပေါင်း (၃၇နိုင်ငံ)၄၆၅၄၆၅၆၂၂၁၅၅၂


ပါဝင်​သောနိုင်ငံများ

အာရှအိုလံပစ်​ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။​တောင်နှင့် ​မြောက်ကိုရီးယားမှာ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတစ်နိုင်ငံအ​နေဖြင့်ဝင်​ရောက်ခဲ့ပြီး အချို့​သောအားကစားနည်းများတွင် တစ်နိုင်ငံအ​နေဖြင့်​ပေါင်း၍ယှဉ်ပြိုင်ခဲ့သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား