ဥဩ

ငှက် မျိုးစိတ်များ
Asian koel
Male (nominate race)
Female (nominate race)
Calls (recorded in Singapore)

Song of male, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
မျိုးစဉ်:Cuculiformes
မျိုးရင်း:Cuculidae
မျိုးရင်းသေး:မိုးဆောင်းငှက်
မျိုးစု:Eudynamys
မျိုးစိတ်:
E. scolopaceus
ဒွိနာမ
Eudynamys scolopaceus
The distribution of Asian koel in black[၂]
Synonyms
  • Cuculus scolopaceus Linnaeus, 1758
  • Cuculus honoratus Linnaeus, 1766

ဥဩငှက် (Eudynamys scolopaceus)[၃][၄] သည် မိုးဆောင်းငှက်အဖွဲ့ဝင်ငှက်ဖြစ်ပြီး အိန္ဒိယတိုက်ငယ်၊ တရုတ်၊ အရှေ့တောင်အာရှဒေသများတွင် တွေ့ရလေ့ရှိသည်။ မြန်မာနိုင်ငံရှိ ဥဩငှက်၏ အလျားမှာ ၁၇ လက်မ ရှိ၍ မျက်စိမှာကြက်သွေးရောင်ဖြစ်သဖြင့် ထူးခြားသည်။ ပျံရာတွင် အမြီးရှည်ကြီးများနှင့် တို၍ဝိုင်းသော အတောင်များကိုမြင်နိုင်သည်။ ဥဩ၏အော်သံကို လူတိုင်းလိုပင် ကြားဖူးကြသည်။ သို့သော် ထိုငှက်ကို မြင်ဖူးသူကား နည်းသည်။ ထိုသို့ဖြစ်ရသည်မှာ ဥဩသည် သစ်ပင်အမြင့်ကြီးများ၏ အရွက်များအကြားတွင် ခိုအောင်းနေလေ့ရှိခြင်းကြောင့်ဖြစ်သည်။ ဥဩသည် ဥယျာဉ်များတွင် အနေများသောငှက်ဖြစ်သည်။ ဥဩသံကိုကြားပြီးလျှင် နွေဥတုကျရောက်လာပြီဟု သိရသည်။ တစ်နေ့လုံးနှင့် တစ်ခါတစ်ရံတွင် ည၌ပင် အော်လေ့ရှိသည်။ ဥဩအော်သောအချိန်သည် မိတ်လိုက်သောအချိန်ဖြစ်၍ အခြားအချိန်များတွင် ဆူညံစွာ အော်လေ့မရှိချေ။ များသောအားဖြင့် ဥဩငှက်သည် ကျီးကန်း၏အသိုက်များအတွင်း၌ ဥများကို ဥလေ့ရှိသည်။ ကျီးကန်း၏ အသိုက် တစ်သိုက်အတွင်း၌ ဥဩဥ နှစ်ဥသို့မဟုတ် သုံးဥကို တွေ့ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ရှစ်ဥအထိ အုထားသည်ကိုပင် တွေ့ရတတ်သည်။ ဥဩ၏ဥသည် ကျီးကန်း၏ဥနှင့် တူသော်လည်း ကျီးကန်းဥလောက် မကြီးချေ။ အမွှေးအတောင်ပေါက်ပြီးသော ဥဩငှက်ငယ်များကို ဥဩငှက်မများက အစာကျွေးသည်ဟု ဆိုသည်။ ထိုအဆိုသည် လွန်စွာထူးခြားလေသည်။ ဥဩသည် ကျီးကန်းရှိရာတွင် နေလေ့ရှိသောငှက်မျိုး ဖြစ်ပုံရသည်။ တစ်ရပ်မှတစ်ရပ်သို့လည်း ပြောင်းရွှေ့ကာ နေထိုင်ပုံရသည်။ အတိအကျကား မပြောနိုင်ချေ။ ဥဩကို တနင်္သာရီတိုင်းတွင် မတ်လမှ ဇူလိုင်လ အတွင်း ပေါများစွာတွေ့ရ၍ ဩဂုတ်လမှ နိုဝင်ဘာလအတွင်း မတွေ့ရချေ။ ဒီဇင်ဘာမှ ဖေဖော်ဝါရီအတွင်း ဥဩငှက်အနည်းငယ်မျှကိုသာ တွေ့ရလေသည်။

ကမ္ဘာ့သိပ္ပံပညာရှင်များကမူ ဥဩဆိုသောအမည်သည် ဥရောပတိုက်ရှိလူသိများသော ငှက်မျိုးစိတ်အချို့၏ အော်သံကို အစွဲပြု၍ ထိုငှက်များကို ဥဩဟု ခေါ်ခြင်းဖြစ်သည် ဟုဆိုသည်။ ကမ္ဘာ့အရှေ့လုံးခြမ်း အတွင်း၌ ငှက်မျိုးစိတ်ပေါင်း ၂ဝဝ ခန့်ရှိသည်။ ထိုငှက်များ၏အရောင်မှာ ညိုမွဲမွဲဖြစ်သည်။ ဥရောပတိုက်နှင့် အာရှတိုက်ရှိ ဥဩငှက်များ၏အရောင်မှာမူ လှပကြသည်။ ဗြိတိန်နိုင်ငံသို့ ဥဩငှက်သည် နွေကူးရာသီစောစောပိုင်းတွင် ရောက်ရှိလာပြီးလျှင် များသောအားဖြင့် ဩဂုတ်လတွင် ထိုနိုင်ငံမှထွက်ခွာကြ၍ တောင်အာဖရိကတိုက်တွင် ဆောင်းရာသီအတွင်း၌ နေထိုင်ကြသည်။

ဥဩသည် ဥကို အခြားငှက်များ၏ အသိုက်များအတွင်း၌ သွား၍ဥလေ့ရှိသည်။ ထိုဥပေါက်သောအခါ ဥဩငှက်ကလေးသည် သူ့အားကျွေးမွေးစောင့်ရှောက်ထားသော ငှက်၏ဥကိုဖြစ်စေ၊ ငှက်ငယ်ကလေးကိုဖြစ်စေ အသိုက်မှအောက်သို့ ချပစ်လေ့ရှိသည်။ ထိုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးသော ငှက်ယူလာသမျှအစာကို တစ်ကောင်တည်းက စားနိုင်သဖြင့် မကြာမီအတွင်း၌ပင် ငှက်ကြီးများထက်ကြီးထွားလာလေသည်။ ဥဩငှက် မျိုးစိတ်အချို့ကသာ အသိုက်များကို ကိုယ်တိုင်ပြုလုပ်ကြသည်။

မြောက်အမေရိကတိုက်တွင် နှုတ်သီးမဲဥဩနှင့် နှုတ်သီးဝါဥဩ ဟူ၍ ဥဩငှက်နှစ်မျိုးရှိသည်။ ထိုငှက်နှစ်မျိုးလုံးပင်လွန်စွာ ကြောက်ရွံ့တတ်ကြသည်။ သို့သော် ထိုငှက်များကို သူတို့၏အော်သံများဖြင့် သိရှိနိုင်ပေသည်။ ထိုဥဩများ၏ အရွယ်မှာ ကိုယ်ထည် တစ်ပေခန့်ရှည်၍ အမြီးလည်း ရှည်ပြီးလျှင် ဝိုင်းသည်။ အခြားငှက်များနှင့် ခြားနားချက်မှာ ထိုငှက်များ၏ ခြေချောင်းနှစ်ချောင်းသည် ရှေ့ဘက်သို့ ထွက်နေကြ၍ ကျန်နှစ်ချောင်းသည် နောက်ဘက်သို့ထွက်နေကြခြင်း ဖြစ်သည်။ ယင်းတို့၌ အတော်ရှည်၍ အနည်းငယ်ကောက်သော နှုတ်သီးများရှိကြသည်။ နှုတ်သီးမဲဥဩ၏ မျက်စိပတ်ဝန်းကျင်တွင် အနီရစ်များရှိ၍ နှုတ်သီးဝါဥဩ၏အမြီးတွင် ပို၍ကြီးမားသော အဖြူမှတ်များရှိကြသည်။

ထို ဥဩငှက်များ၏ အသိုက်များသည် မသပ်ရပ်ချေ။ တစ်မြုံတွင် နှစ်ဥမှ ခုနှစ်ဥအထိ တွေ့ရတတ်သည်။ ဥ၏ အရောင်မှာ စိမ်းပြာဖြစ်သည်။ ဥဩငှက် မကြာခဏအော်လျှင် မိုးရွာလေ့ရှိသည်ဟု အများကယူဆကြသည်။ ထိုဥဩငှက်များသည် အခြားငှက်များမစားသော အမွှေးထူသည့်ခူများကို စားကြသည်။ ဥဩငှက်မျိုးစိတ် အားလုံးသည် ကူကူလီဒီး မျိုးရင်း၌ ပါဝင်ကြလေသည်။[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား