အ.ထ.က(၂)လသာ

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာ သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် တည်ရှိသည်။ ယခင်က စိန့်ဂျွန်းကွန်ဗင့် (St. John's Convent School) ဟူ၍အမည်တွင်ခဲ့သည်။ ၁၉၆၆ ခုနှစ်မှစ၍ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာမြို့နယ်အဖြစ် တည်ရှိသည်။ ဗြိတိသျှ အစိုးရလက်ထက်တွင် တည်ထောင်သော ခရစ်ယာန်သီလရှင် အမျိုးသမီးကျောင်း ဖြစ်သည်။

အ.ထ.က (၂) လသာ
လိပ်စာ
၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းလသာမြို့နယ်
ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး
မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားအများဆိုင်
ဆောင်ပုဒ်ကျောင်းတော်မဟာ (၂) လသာ
(Superb School Latha (2))
တည်ထောင်၁၈၆၁[၁]
ကျောင်းအမှတ်2
အတန်းများGrade 1-Grade 11
ရွေးချယ်သတ်မှတ်ခြင်းများ

ကျောင်းအုပ်ဆရာမကြီးများ

  • ဒေါ်မြူရီရယ်ထွန်းကျော် (၁၉၆၆-၁၉၈၀)
  • ဒေါ်တင်တင် (၁၉၈၀-၁၉၈၇)
  • ဒေါ်နမ်းနွမ် (၁၉၈၇-၁၉၉၃)
  • ဒေါ်ဝင်းကြည် (၁၉၉၃-၁၉၉၆)
  • ဒေါ်ခင်အုန်းမြင့် (၁၉၉၆-၂၀၀၇)
  • ဒေါက်တာ သိင်္ဂီကျော် (၂၀၀၇-၂၀၁၇)
  • ဒေါက်တာ နန်းသန်းသန်းစိန် (၂၀၁၇-ယခု)

လသာရတနာဘွဲ့

လသာရတနာဘွဲ့ဆိုသည်မှာ အ.ထ.က (၂) လသာတွင် စာတော်ထူးချွန်သော ကျောင်းသူများကို ဆုချီးမြင့်သည့် ဘွဲ့ဖြစ်သည်။ ထိုကျောင်းသူများသည် မူလတန်းမှ ဒသမတန်းအထိ နှစ်စဉ်ကျရှုံးမှု မရှိ၊ လသာ၂ကျောင်းတွင် တက်ရောက်သူဖြစ်ပြီး ပညာအရည်အချင်း ထူးချွန်ပြီး လူမှုရေး၊ အကျင့်စာရိတ္တနှင့် အသင်းလိုက်-အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုများတွင် ထူးချွန်ကာ တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း တစ်နိုင်ငံလုံးအနေဖြင့် ထူးချွန်အဆင့်ဝင်သူသော ကျောင်းသူများကိုသာလျှင် လသာ ရတနာဘွဲ့ ချီးမြင့်ပေးအပ်သည်။[၂]

ကျောင်းသူဟောင်းများ

  • ခင်ဆွေဦး = စာရေးဆရာမကြီး
  • ဒေါ်တင်ဇာမော်နိုင် = ဒေါက်တာဘမော်၏ သမီးကြီး၊ ဒေါက်တာဘမော် Foundation ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ [၃]
  • ဒေါက်တာလဲ့မျိုးသွယ် = A Member of Australian Institute of Medical Scientists [၄]
  • မိမိခိုင် = စာရေးဆရာမ[၅]
  • Mohana Gill = စာရေးဆရာမ[၆]
  • မဝင်းမော်ဦး = ၈၈၈၈ ချီတက် ဆန္ဒပြပွဲတွင် ဝင်ရောက်ဆင်နွဲခဲ့ပြီး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ရပ်မှ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ကျဆုံးခဲ့သော ကျောင်းသူလေး
  • Mitzi Tun Maung = မြန်မာစကားပြန် (An official Burmese Language Interpreter) [၇]
  • Kyi Kyi Prindiville: United States Information Service (USIS)၏ စာကြည့်တိုက်မှူး (Librarian) [၈]
  • ကြည်ဖြူသျှင် = ဗီဒီယို ဒါရိုက်တာ၊ ရုပ်ရှင်ဒါရိုက်တာ [၉]
  • မေသက်ခိုင် = မင်းသမီး[၁၀]
  • ရတနာမိုင် = မင်းသမီး၊ အဆိုတော် [၁၀][၁၁]
  • ပွင့် = မင်းသမီး[၁၀]
  • ခင်မဉ္ဇူခိုင် = မင်းသမီး[၁၀]
  • ဝါဆိုမိုးဦး = မင်းသမီး [၁၂]
  • ခွန်းဆင့်နေခြည် = အလှမယ် [၁၃][၁၄]
  • ဂျင်းနီ = အဆိုတော်၊ အလှမယ် [၁၅]

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား