အေရိယယ် ဖော်မြူလာ အစည်းအဝေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများမှ အရပ်ဘက်အစိုးရဝန်ထမ်းများနှင့် ကောင်စီဝင်မဟု

"အေရိယယ် ဖော်မြူလာ" အစည်းအဝေးဆိုသည်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲဝင်နိုင်ငံမှ ခေါ်ယူရပြီး အလွတ်သဘောအစည်းအဝေးဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ ကြီးမှူးပြုလုပ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံကို တက်ရောက်စေခြင်းများလည်း ရှိသည်။[၁]

Diego Arria သည် အေရိယယ် ဖော်မြူလာ အစည်းအဝေးကို စတင်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တရားဝင်အစည်းအဝေးများမှဆင်းသက်လာသော်လည်း အေရိယယ် ဖော်မြူလာ အစည်းအဝေးသည် အခြားပုံမှန် လုံခြုံရေးကောင်စီ အစည်းအဝေးများနှင့် ပြုလုပ်ရသည့် သဘောသဘာဝချင်း မတူဘဲ ကွာခြားသည်။ အေရိယယ် ဖော်မြူလာ အစည်းအဝေးများသည် ပုံမှန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးများ၏ တရားဝင်လိုအပ်ချက်များနှင့် ကိုက်ညီရန်မလိုအပ်ပါ။ ဆိုလိုသည်မှာ လုံခြုံရေးကောင်စီ၏ ပုံမှန်အစည်းအဝေးများ၌ ကောင်စီအဖွဲ့ဝင် ၁၅ ဦးစလုံး ပါဝင်ရန်လိုအပ်ပြီး ပုံမှန်ဖွဲ့စည်းပုံကိုလိုက်နာကာ အဖွဲ့ဝင်မဟုတ်သူများ၊ တစ်ဦးချင်းစီ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ထောက်ခံချက်များကို မကြားနာရသော်လည်း အေရိယယ် ဖော်မြူလာ အစည်းအဝေးများသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများအား ကြားနားပြောဆိုခွင့်ပြုသည်။ အစိုးရမဟုတ်သော၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် လုံခြုံရေးကောင်စီတွင် ကိုယ်စားပြုခြင်းမရှိသောကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တရားဝင်သော်လည်းကောင်း၊ လျှို့ဝှက်သည့်အခြေအနေတွင်သော်လည်းကောင်း တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်သည်။[၁]

အထူးသဖြင့် အေရိယယ် ဖော်မြူလာ အစည်းအဝေးများသည် လုံခြုံရေးကောင်စီဥက္ကဋ္ဌမှမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းသူအဖြစ်ဆောင်ရွက်သော လုံခြုံရေးကောင်စီ အဖွဲ့ဝင်တစ်ဦးမှ ဦး ဆောင်သည်။ တခါတရံတွင် ထိုအစည်းအဝေးများသည် သီးခြားပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများမှကြားနာခြင်းသည်အကျိုးရှိမည်ဟုယူဆပြီး ကောင်စီမဟုတ်သော ပြည်နယ်များနှင့် ပူးပေါင်း၍လည်း ပြုလုပ်သည်။ [၂]

ဖွဲ့စည်းပုံ

ရည်ရွယ်ချက်

အဖွဲ့ဝင်များနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်မဟုတ်သူများ အကြားဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်ဖြစ်ည်။ အေရိယယ် ဖော်မြူလာအစည်းအဝေးများသည် အဖွဲ့ဝင်နိုင်ငံများအား ပုဂ္ဂလိကအနေအထားတွင် ပွင့်လင်းမြင်သာမှုရှိစွာ ပြုလုပ်ရန်ဖြစ်သည်။ အေရိယယ် ဖော်မြူလာသည် အဖွဲ့ဝင်နိုင်ငံများအား ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ကောင်စီ၏တာဝန်ဝတ္တရားများကိုတိုက်ရိုက်ဆွေးနွေးရန်ခွင့်ပြုသည်။ ဖိုရမ်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အေရိယယ် ဖော်မြူလာ အစည်းအဝေးသည် လူ့အခွင့်အရေးကောင်စီ စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြောဆိုကြားနာနိုင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။[၁]

အရေးပါမှုနှင့်ရလဒ်များ

အလွတ်သဘောဖွဲ့စည်းပုံနှင့် အေရိယယ် ဖော်မြူလာ အစည်းအဝေးများ၏ ပြောင်းလွယ်ပြင်လွယ်သဘောသဘာဝက လုံခြုံရေးကောင်စီဝင်များသည်တရားဝင် လုံခြုံရေးကောင်စီ အစည်းအဝေးများမကျင်းပနိုင်သည့်အခြေအနေများတွင် ဆွေးနွေးရန်ဖိုရမ်တစ်ခုရှိနေသေးသည်ကိုဆိုလိုသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် လုံခြုံရေးကောင်စီဝင် (၄) ဦးက ဗီတိုအာဏာသုံးပြီးနောက်ပိုင်း လုံခြုံရေးကောင်စီသည် ဆီးရီးယားနိုင်ငံ၏အခြေအနေနှင့် ပတ်သက်၍ လူထုအစည်းအဝေးမကျင်းပနိုင်ခဲ့ပါ။ ရလဒ်အနေဖြင့် အေရိယယ် ဖော်မြူလာ အစည်းအဝေးအား ပြင်သစ်၊ အမေရိကန်၊ ယူကေ၊ ဆွီဒင်၊ နယ်သာလန်နှင့်ပီရူးတို့ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေးကောင်စီ၏ မြင့်မားသောကော်မရှင်နာကို ဆီးရီးယားရှိအခြေအနေနှင့်ပတ်သက်သော အကြောင်းအရာများကို မျှဝေပေးရန် ဖိတ်ကြားခဲ့သည်။[၃] အေရိယယ် ဖော်မြူလာ အစည်းအဝေး၏ ဖိုရမ်သည် လုံခြုံရေးကောင်စီအား အတူတကွစုရုံးစေပြီး၊ အရပ်သားများအားပစ်မှတ်ထားခြင်း အပါအဝင် ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အကျဉ်းချုပ်ဖော်ပြနိုင်ခဲ့သည်။[၄]

ကိုးကားချက်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား