အီရန် မက်ကယ်လန်

အင်္ဂလိပ်ရုပ်ရှင်သရုပ်ဆောင်

ဆာ အီရန် မာရေး မက်ကယ်လန်သည် အင်္ဂလိပ်သရုပ်ဆောင်မင်းသား တစ်ဦးဖြစ်၍ သူလုပ်ကိုင်သော နယ်ပယ်မှာ ရှိတ်စပီးယားပြဇာတ်များ၊ ခေတ်ပေါ်ပြဇာတ်များမှသည် နာမည်ကျော်ကြားသော စိတ်ကူးယဉ်ဇာတ်ကားများ၊ ခေတ်လွန်သိပ္ပံရုပ်ရှင်ဇာတ်လမ်းများထိ ပါဝင်သည်။ "'လောရန့်စ်အော်လီဗီးယားဆု"' ၆ခု(Laurence Olivier Award)၊ တိုနီဆု တစ်ခု(Tony Awar)၊ ရွှေကမ္ဘာလုံးဆု တစ်ခု(Golden Globe Award)၊ "'ရေဒီယိုနှင့် ရုပ်မြင်သံကြားအမျိုးသားသရုပ်ဆောင်များအဖွဲ့၏ဆု"'တစ်ခု(Screen Actors Guild Award)၊ "'ဗြိတိသျှလွတ်လပ်သော ရုပ်ရှင်ဆု"'တစ်ခု(BIF Award)၊ "'စေတန်ဆု"' ၂ခု(Saturn Award)၊ ဒရာမာဒက်စ်ဟုခေါ်သော "'အမေရိကန်ဇာတ်ရုံဆု "' ၄ခု(Drama Desk Award)၊ အမေရိကမှ "'ရုပ်ရှင်ဝေဖန်သူများအဖွဲ့"'မှ ဆု၂ခု(Critics' Choice Award)၊ စသည့်ဆုများကိုပိုင်ဆိုင်ထားသော အနုပညာရှင်တစ်ဦးဖြစ်သည်။ ၎င်း၏နိုင်ငံတကာ ကျော်ကြားမှုကို အောက်ပါဇာတ်ကောင်များဖြင့် ရယူနိုင်ခဲ့သည်။

  • "'သုံးဆက်မြောက်ရစ်ချက်ဘုရင်"'မှ "နာမည်ခံဘုရင်ဇာတ်ကောင်"အဖြစ် (Richard III (1995))
  • "'နတ်ကောင်းနတ်ဆိုး"'ဇာတ်ကားမှ (Gods and Monsters (1998)) "ဂျိမ်းစ်ဝေးလ်"အဖြစ် (James Whale)
  • "'အက်က်စ်မန်း"'ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် (the X-Men films) "သံလိုက်စက်ကွင်းစွမ်းအားရှင်"အဖြစ် (Magneto)
  • လက်စွပ်များ၏ အရှင်သခင် နှင့် ဟော့ဘစ် (The Lord of the Rings and The Hobbit) စသည့် ၆ကားတွင် "မီးခိုးရောင်မှော်ဆရာ ဂန်ဒက်"အဖြစ် (Gandalf) လူသိထင်ရှား သရုပ်ဆောင်ခဲ့လေသည်။
ဆာ
အီရန် မက်ကယ်လန်
Commander of the Order of the British Empire
၂၀၁၃ ဆန်ဒီရေဂို ကောမစ်ကွန်တွင်တွေ့ရသော အီရန် မက်ကယ်လန်
မွေးဖွားအီရန် မာရေး မက်ကယ်လန်
(၁၉၃၉-0၅-၂၅) ၂၅ မေ၊ ၁၉၃၉ (အသက် ၈၅)[၁]
ဘားန်လေ၊လန်ကရှိုင်းယား၊အင်္ဂလန်။
မိခင်ကျောင်းSt Catharine's College, Cambridge
အလုပ်အကိုင်ရုပ်ရှင်၊ပြဇာတ် မင်းသား
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၉–လက်ရှိ
လက်တွဲဖော်(များ)
  • ဘရိုင်ယန်တေလာ
    (1964–1972)
  • ဆီးန် မက်သီးယက်စ်
    (1978–1988)
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်

မက်ကယ်လန်ကို ဗြိတိသျှယဉ်ကျေးမှု၏ စံပြပုဂ္ဂိုလ်အဖြစ်မှတ်ယူကြသည်။[၂][၃] သူ၏အသက်မွေးလမ်းကျောင်းလုပ်ငန်းကို ၁၉၆၁ခု "'ဘဲလ်ဂရိတ်ဇာတ်ရုံ"'မှစတင်ခဲ့လေသည်။ ထိုမှစ၍ ရှိတ်စပီးယားပြဇာတ်များစွားကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သဖြင့် တော်ဝင် ရှိတ်စပီးယားကုမ္ပဏီ နှင့် ဂရိတ်ဗြိတိန်အမျိုးသားဇာတ်ရုံ၏ အားကိုးအားထားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့၏။ ၁၉၇၉၌ ဘုရင်မကြီး၏ မွေးနေ့ဂုဏ်ပြုပွဲတွင် "'Commander of the Order of the British Empire (CBE)"' ဘွဲ့အပ်နှင်း၍ ၁၉၉၁ခု နှစ်သစ်ဂုဏ်ပြုပွဲ၌ အနုပညာနယ်ပယ်တွင် လုပ်ဆောင်မှုများအတွက် သူကောင်းပြုခြင်းခံခဲ့ရသည်။ "'Companion of Honour"' ကို ၂၀၀၈ခု နှစ်သစ်ဂုဏ်ပြုပွဲတွင် ၎င်း၏ အနုပညာဇာတ်လမ်းများနှင့် တန်းတူညီမျှရေးဆောင်ရွက်ချက်များအတွက် ဂုဏ်ပြုခဲ့ကြသည်။[၄][၅][၆][၇] ၁၉၈၈ ခုမှစ၍ လိင်တူစိတ်ဝင်စားသူ (gay) အဖြစ် လူသိထင်ရှား ဖွင့်ဟဝန်ခံချိန်မှစ၍ LGBT လုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၁၄ တွင် လန်ဒန်မြို့တော်၏ လွပ်လပ်မှုဆု ("'Freedom of the City of London"') ကိုလည်းချီးမြင့်ပေးအပ်ခဲ့သည်။[၈]

ငယ်စဉ်ဘဝ

မက်ကယ်လန် ကို ၁၉၃၉ ခု မေလ ၂၅ ရက်နေ့တွင် ဒန်းနစ်စ်မာရေး မက်ကယ်လန် နှင့် မားဂျရီ လူးဝစ်စ်တို့က လန်ကရှီးယား၊ ဘားန်လေတွင်မွေးဖွားခဲ့သည်။ [၉][၁၀] အမဖြစ်သူ ဂျီးန်မှာ သူ့ထက်အသက်ငါးနှစ်ခန့် ကြီးလေသည်။ [၁၁][၁၂] ဒုတိယကမ္ဘာစစ်ဖြစ်လုဖြစ်ခါနီးတွင် ၎င်းမိသားစုမှာ ဝီဂန်သို့ရွှေ့ပြောင်းခဲ့ကြသည်။ ၁၉၅၁ ခု အသက်ဆယ်နှစ်နှစ်ခန့်တွင် ဘော်လ်တန်မြို့သို့ ထပ်မံပြောင်းရွှေ့ခဲ့ကြသည်။ [၁၁][၁၂] ငယ်စဉ်ကလေးဘဝကား ဗုံးသံအမြောက်သံကြားတွင်ကြီးပြင်းခဲ့ရလေသည်။ စစ်ကာလအတွင်း ဗုံးဒဏ်ခံနိုင်သော စားပွဲ၊ သံမဏိပြားများအောက်တွင် အိပ်စက်ခဲ့ရသည်။ [၁၃] ခရစ်ယာန်ဘာသာရေးနှင့် နွယ်သော မိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသော်လည်း ယခုတွင်ကား သူသည် ဘာသာမဲ့တစ်ဦးဖြစ်သည်။ အသက်ဆယ့်နှစ်နှစ်တွင်မိခင်မှာ ရင်သားကင်ဆာဖြင့်ဆုံးပါး၍ ဖခင်သည်ကား ၎င်းအသက် နှစ်ဆယ့်လေးတွင် သေဆုံးခဲ့သည်။ငယ်စဉ်ကတည်းက ဇာတ်ရုံဇာတ်ပွဲများနှင့်ပတ်သတ်၍ စိတ်ဝင်စားမှုကို မိဘများ၏ အားပေးမှုမှ စတင်ရရှိခဲ့သည်။ [၁၁]

အသက်မွေးခြင်း

ပြဇာတ်

မက်ကယ်လန်ကို အာမဲဒေးယပ်စ်ပြဇာတ်တွင် မင်းသမီး ဂျိန်း ဆေးမာနှင့် အတူတွေ့ရစဉ်၊ ၁၉၈၁ ဝန်းကျင်ခန့်
မက်ကယ်လန်၊ ဘီလီ ခရူးဒပ်၊ ပတ်ထရစ် စတျူးဝပ် တို့ကို သတင်းစာရှင်းလင်းပွဲအတွက် စားသောက်ဆိုင်တစ်ခု၌ ၂၀၁၃ စက်တင်ဘာ ၂၄ ၌ အတူတွေ့ရစဉ်

သူ၏အသက်မွေးလမ်းကျောင်းလုပ်ငန်းကို ၁၉၆၁ခု "'ဘဲလ်ဂရိတ်ဇာတ်ရုံ"'တွင် A Man for All Seasons မှ Roper အဖြစ်လည်းကောင်း၊[၁၄] [၁၅] လေးနှစ်ကြာပြီး "'ဝက်စ်အန့်ဒ်"' ( West End) ဇာတ်ရုံတွင် ၎င်း၏ပွဲဦးထွက်အဖြစ် "A Scent of Flowers" ပြဇာတ်တွင် သရုပ်ဆောင်ရာ၌ အထူးအောင်မြင်ခဲ့လေသည်။ [၁၄] ထိုမှစ၍ ပြဇာတ်များစွာကို ကုမ္ပဏီများစွာနှင့် ကပြသရုပ်ဆောင်ခဲ့လေသည်။၁၉၇၀-၈၀ တွင် ဗြိတိသျှဇာတ်ရုံလောက၌ နာမည်ကြီးသူတစ်ဦးဖြစ်လာပြီး ရှိတ်စပီးယားပြဇာတ်များတွင် အဓိကဇာတ်ဆောင် ( ရှေ့ထွက်) ပြဇာတ်ကပြသူဖြစ်လာခဲ့သည်။ ၂၀၀၇တွင် "'လီယာဘုရင်ကြီး"'နှင့် "'ဇင်ယော်"'ပြဇာတ်၊ မူရင်းပြင်သစ်ပြဇာတ်ဖြစ်သော "'ဂေါ့ဒေါ့ကို စောင့်စားခြင်း'"အား အင်္ဂလိပ်ပုံစံဖြင့် ၂၀၀၉တွင် ပါဝင်ခဲ့ပြီး [၁၆][၁၇] ၂၀၁၂ ဩဂုတ်လ "လန်ဒန်မသန်စွမ်းအားကစားပြိုင်ပွဲ" ဖွင့်ပွဲ၌ ပါဝင်ခဲ့ပြီး "'မုန်တိုင်း"'ပြဇာတ် (Tempest) မှ "ပရိုစပဲရိုး"အဖြစ် သရုပ်ဆောင်ခဲ့၏။ [၁၈]

၂၀၁၇ တွင် "'လီယာဘုရင်"'အဖြစ် ပြဇာတ်ကပြခဲ့ကာ သူ၏နောက်ဆုံး ရှိတ်စပီးယားပြဇာတ်သရုပ်ဆောင်မှု ဖြစ်နိုင်သည်ဟု ကြေညာခဲ့သည်။ [၁၉] သို့သော် ၂၀၁၈ တွင်လည်းထိုပြဇာတ်ကို သရုပ်ဆောင်ကပြခဲ့သေးသည်။ [၂၀][၂၁]

ရုပ်ရှင်

၁၉၆၉ မှစ၍ ရုပ်ရှင်နယ်ပယ်တွင်လည်းပါဝင်သရုပ်ဆောင်ခဲ့သည်။ "'A touch of love"' (1969), "'Priest of love"' (1980) ရုပ်ရှင်များတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ မှစ၍နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင်များသရုပ်ဆောင်ရာမှ ပိုမို၍လူသိထင်ရှားလာခဲ့သည်။ ၁၉၉၃ တွင် "'ကွဲပြားခြင်း ဒီဂရီ ၆"' (Six Degrees of Separation)၌ တောင်အာဖရိက၏ ဩဇာရှိသူဌေးတစ်ဦးအဖြစ် ဇာတ်ပို့သရုပ်ဆောင်ခဲ့၏။ ၁၉၉၃ နှောင်းပိုင်းတွင် ရုပ်မြင်သံကြားဇာတ်လမ်း And the Band Played On ၌ ဆုတချို့ရရှိခဲ့ပြီး ၁၉၉၅ "'ရစ်ချက်ဘုရင် (၃)"' (Richard III)၌ အဓိကဇာတ်ဆောင်နေရာ၌ သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်မှာ အလွန်အောင်မြင်ကာ သူကိုယ်တိုင်ပါဝင်ခဲ့သော ပြဇာတ်ကို ရုပ်ရှင်အတွက်သင့်သလိုပြုပြင်ပြောင်းလဲ၍ ပူးတွဲဇာတ်ညွှန်းရေးသားရင်း ပူးတွဲထုတ်လုပ်ခဲ့သည်။ Stephen King၏ ဇာတ်လမ်းကိုအခြေခံ၍ ဒါရိုက်တာ Bryan Singer ရိုက်ကူးသော Apt Pupil တွင် အမေရိကတွင် နာမည်တုဖြင့်နေထိုင်လျက် ရှိသော နာဇီဝရမ်းပြေးတစ်ဦးအဖြစ် သရုပ်ဆောင်ရိုက်ကူးခဲ့သည်။ "'နတ်ကောင်းနတ်ဆိုး"'ဇာတ်ကားမှ (Gods and Monsters (1998)) "ဒါရိုက်တာဂျိမ်းစ်ဝေးလ်"အဖြစ် (James Whale)သရုပ်ဆောင်ရာတွင် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု အတွက် အကယ်ဒမီ လျာထားခြင်းခံခဲ့ရသည်။ ဒါရိုက်တာ Bryan Singer ၏လက်ရာများဖြစ်သော "'အက်ခ်စ်မန်း"' ဇာတ်လမ်းတွဲများဖြစ်သော X-Men (၂၀၀၀) , X2: X-Men United (၂၀၀၃), Men: The Last Stand (၂၀၀၆) များတွင် စူပါဗီလိန်ဇာတ်ကောင် "သံလိုက်စက်ကွင်းစွမ်းအားရှင်" Magneto အဖြစ်သရုပ်ဆောင်ခဲ့ကာ ၂၀၁၄ထွက် X-Men: Days of Future Pastတွင် အသက်ကြီးပိုင်း "magneto" အဖြစ်လည်း အခန်းအနည်းငယ်ပါဝင်ခဲ့သေးသည်။၁၉၉၉ခု "'အက်ခ်စ်မန်း"' ရိုက်ကူးနေစဉ်တွင်ပင် ဒါရိုက်တာ ပီတာ ဂျက်ဆန် ရိုက်ကူးသော လက်စွပ်များ၏ အရှင်သခင် သုံးကားစလုံးတွင် မှော်ဆရာ ဂန်ဒက်ဖ် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ရာ "'ရေဒီယိုနှင့် ရုပ်မြင်သံကြားအမျိုးသားသရုပ်ဆောင်များအဖွဲ့"'၏ ဇာတ်ပို့ဆုတစ်ခု"'(Screen Actors Guild Award)"' ကိုရယူနိုင်ခဲ့သည်။ ပထမပိုင်းဖြစ်သော လက်စွပ်များ၏ အရှင်သခင်:လက်စွပ်အဖွဲ့ဝင်များ တွင် ဇာတ်ပို့အကယ်ဒမီဆုအဖြစ် ဆန်ကာတင်ရွေးချယ်ခံခဲ့ရ၏။ "'လက်စွပ်များ၏အရှင်သခင်"'ဇာတ်လမ်းကို အခြေခံထုတ်လုပ်ထားသော ဗီဒီယိုဂိမ်းတချို့တွင် အသံသရုပ်ဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၂ မှ ၂၀၁၄ ထိထွက်ရှိသော ပီတာဂျက်ဆန်ပင်ရိုက်ကူးသော ဟော့ဘစ်သုံးတွဲတွင်လည်း ဂန်ဒက်ဖ်အဖြစ်ပါဝင်သရုပ်ဆောင်နိုင်ခဲ့သည်။ မက်ကယ်လန်သည် တချို့သော ဇာတ်ကားများ၌လည်းအခါအားလျော်စွာပါဝင်သရုပ်ဆောင်၍ ဒါဗင်ချီကုတ် The Da Vinci Code တွင် "'ဆာ လီတီဘင်း"' အဖြစ်ပါဝင်ခဲ့၏။ ၂၀၁၉ တွင် မင်းသမီးကြီး "'ဟယ်လန်မစ်ရန်း"'( Helen Mirren) နှင့်အတူ The Good Liar ဇာတ်ကားရိုက်ကူးခဲ့ပြီး Cats ဇာတ်ကား၌ Gus the Theatre Cat ဇာတ်ကောင်အဖြစ်လည်း သရုပ်ဆောင်ထားသည်။

အခြားအကြောင်းအရာများ

မက်ကယ်လန်သည် ဘာသာမဲ့တစ်ဦးဖြစ်ကာ ရေသတ္တဝါ၊ နို့၊ ဥမှလွဲ၍ တခြားအသားများ စားသောက်ခြင်းမပြုဘဲနေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်လေးဆယ်မျှပင်ရှိနေပြီဖြစ်သည်။ ပြင်သစ်မှပေးအပ်သော "'ကမ္ဘာ့အနုပညာရှင်နိုင်ငံသားဆု"'ကို ၂၀၀၁ တွင်ရရှိခဲ့၏။ နောက်ထူးခြားချက်မှာ ဂျေ အာ အာ တော်ကီးန်၏ တန်းဝေါဘာသာစကား Tengwar အက္ခရာပုံစံဖြင့် မက်ကယ်လန်အပါအဝင် လက်စွပ်အဖွဲ့ဝင်ကိုးယောက်ကိုသရုပ်ဆောင်ခဲ့သော (Elijah Wood, Sean Astin, Orlando Bloom, Billy Boyd, Sean Bean, Dominic Monaghan and Viggo Mortensen) တို့ထံတွင် "အက်လ်ဖ်ပုံစံ နံပါတ် (၉)" ဟုတက်တူးရေးထိုးထားကြသည်။ ၂၀၀၆တွင် ဆီးကျိတ်ကင်ဆာ ကုသမှုခံယူခဲ့ရသည်။ ကိန်းဘရစ်တက္ကသိုလ်မှ ၂၀၁၄ ဂျွန် ၁၈ တွင် လည်းစာပေပါရဂူဘွဲ့ပေးအပ်ခဲ့၏ ၂၀၁၄ အောက်တိုဘာ ၃၀တွင် လန်ဒန်မြို့တော်၏ လွတ်လပ်သောမြို့သားဆုကို အပ်နှင်းခဲ့သည်။

ရည်ညွှန်းကိုးကား

ကိုးကားစာအုပ်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား