အီဂျီအာ
အီဂျီအာ ၁၉၇၆ ဩဂုတ် ၆တွင် မွေးဖွားခဲ့သော တောင်ကိုရီးယားသရုပ်ဆောင်တဦးဖြစ်သည်။
ငယ်ဘဝ
ဂင်မ်ဆန်းအွန်းကို ၁၉၇၈ ဩဂုတ် ၆ တွင် တောင်ကိုရီးယားနိုင်ငံ၌ မွေးဖွားခဲ့သည်။
အီဂျီအာ့ မိသားစုနှင့် နှစ် ၄၀ ခန့် မိတ်ဆွေဖြစ်ဖူးသူ လွှတ်တော်အမတ်ဟောင်းJung Dae Chul(Chung Dae Chul)က ၂၀၁၁ ဒီဇင်ဘာ ၁၉ တွင် အီဂျီအာ့အဘိုး ဂင်းမ်ဆွန်းဟွန်းတို့ ခေတ်က ဆိုးလ် SaDaeMoon ၌ ပေ၆၀၀၀(၁၈၀ဖြောင်း)ကျယ်သည့် အိမ်၂ လုံးရှိပြီး တလုံးမှာ သမ္မတYoon Bo Sunအိမ်နှင့် ကျန်တလုံးမှာ ဂျီအာ့အဘိုးအိမ်ဖြစ်ကြောင်း၊ ဂျီအာ့အဘိုးက ဆိုးလ်အနုပညာအထက်တန်းကျောင်းကို ကိုယ်ပိုင်ငွေနှင့် ထူထောင်ခဲ့ကြောင်း အင်တာဗျူးတခုတွင် ပြောခဲ့သည်။ သူတို့မိသားစုက semi-conglomerate အနေအထားရှိသည်ဟု ဆိုသည်။ ဂျီအာ့အဖေသည် ကုမ္ပဏီကို စီမံခန့်ခွဲရန် ကိုရီးယားနှင့် အမေရိကန်ကို ကူးချည်သန်းချည် ပြုလုပ်နေခဲ့ပြီး ဂျီအာလည်း အမေရိကန်တွင်နေထိုင်ခဲ့ကြောင်း၊ ဂျီအာ ပွဲထွက်အပြီး တရက်တွင် သူ့အဖေက အစ်ကို အခု အီဂျီအာဆိုပြီး အလုပ်လုပ်နေတာ ကျွန်တော့်သမီးလေ ဟုပြောသည့်အခါမှသာ မင်းသမီးဖြစ်နေမှန်းသိခဲ့သည်ဟု ဆိုသည်။
အီဂျီအာ့အကြောင်းသည် စတင်ပွဲထွက်ကတည်းက ပဟေဠိဖြစ်နေခဲ့ပြီး ကိုယ့်ဘဝ၊ ကိုယ်ရေးရာဇဝင်နှင့် မိသားစုဆက်ဆံရေးစသည့် အချက်အလက်အားလုံးကို မသိဘဲ ဖြစ်ခဲ့ရသည်။ မိသားစုနောက်ကြောင်းကို လူသိမခံသည့်အတွက် ဂြိုဟ်သားဟုအမည်ပေးခံခဲ့ရသည်။ ဂျီအာနှင့် အေဂျင်စီ(ထိုစဉ်က Key East)ကိုယ်၌က ပွဲထွက်ပြီးနောက် နောက်ကြောင်းခန့်မှန်းမှုများကို မည်သည့်တုံ့ပြန်မှု၊ ဖြေရှင်းမှုမျှ မပြုလုပ်ခဲ့။ [၁]
စောထဲဂျီနှင့်တရားဆိုင်သည့် သတင်းထွက်ပြီးမှသာ ဂျီအာက တရားဝင်ဝက်ဘ်ဆိုဒ်တွင် ငယ်ဘဝဓာတ်ပုံများကို တင်ခဲ့ပြီး ကိုယ်ပိုင်SNSတွင် ပရိသတ်များနှင့်ပိုမိုဆက်သွယ်လာသည်။[၂]
အီဂျီအာ့အဘိုးသည် ဂင်မ်ဆွန်းဟွန်း ဖြစ်ပြီး ဆိုးလ်အနုပညာအထက်တန်းကျောင်းသို့ မြေလှူခဲ့ကြောင်း၊ သို့သော် ဂျီအာ့မိဘများ အမေရိကန်သို့ ဘယ်အချိန်ပြောင်းခဲ့သည်နှင့် ဂျီအာ့ ပိုင်ဆိုင်မှုမည်မျှရှိသည်ကိုမူ ပုဂ္ဂိုလ်ရေးဖြစ်၍ မပြောပြနိုင်ကြောင်း Key East Entertainmentက ဆိုသည်။[၃]
ကိုယ်ရေးကိုယ်တာ
၁၉၉၇ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် အဆိုတော် စောထဲဂျီ ဟု လူသိများသည့် ဂျောင်ဟျွန်းချောနှင့် လက်ထပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကွာရှင်းမှု အပြီးသတ်သည်။ ၂၀၁၁ တွင် စစ်နတ်ဘုရားမ အားသိနာ ဇာတ်လမ်းတွဲမှ တွဲဖက်သရုပ်ဆောင် ဂျောင်အူးဆောင်းနှင့် တွဲခဲ့သည်။
တွဲဖက်
ဂျောင်အူးဆောင်း
ဂျောင်အူးဆောင်းနှင့်အီဂျီအာကို ၂၀၁၁ မတ် ၆ရက်နေ့ ညနေ၄နာရီတွင် ပြင်သစ် Champs-Elysees ရှောင့်-အေးလီးဇီး နားရှိ Saint-Honore စန့်တို့နားရ်လမ်းများပေါ်တွင် တွေ့ခဲ့သည်။ လေကြောင်းလိုင်းအရာရှိတဦး၏အဆိုအရ United Arab Emirates လေကြောင်းလိုင်းတွင်[၄] အူးဆောင်းက bussiness class၊ ဂျီအာက economy class စီးခဲ့သည်ဟု ဆိုသည်။
ဂျောင်အူးဆောင်း၏ စီမံရေးရာက အားသိနာပြီးတော့ အားပြန်ဖြည့်ဖို့ လူတွေနဲ့ တွေ့၊ လေ့ကျင့်ဖို့ သွားခဲ့တာပါ၊ အရင်အပတ်က ပါရီကို သွားခဲ့ပေမယ့် ဘာကိုယ်ရေးကိုယ်တာ အကြောင်းတွေကြောင့်ပါဟု ပြောခဲ့သည်။[၅]ဂျီအာ့ စီမံရေးရာကမူ သူဘာကြော်ငြာရိုက်၊ ဓာတ်ပုံ လှုပ်ရှားမှုမှ မရှိပါဘူး၊ နောက်ပရောဂျက်အတွက် ခဏနားနေတာပါဟုဆိုသည်။[၆]မျက်မြင်တဦးက အီဂျီအာက ဂျောင်အူးဆောင်းနဲ့အတူ၊ ဂျောင်ရဲ့ အပေါ်ရုံအိပ်ကပ်ထဲ လက်ထည့်ထားတယ်၊ လမ်းမှာသွားနေရင်း တယောက်ယောက်များ သူတို့ကို ကြည့်နေလားလို့ လိုက်ရှာနေတယ်၊ သူတို့ကို ကြည့်ရတာ တွဲနေတဲ့ပုံပဲဟု ဆိုသည်။Key East က အီက သူ့အသိတချို့နဲ့ ပါရီကိုသွားတာပါ၊ ၂ရက် ၃ရက်နေရင် ပါရီက ပြန်လာပါလိမ့်မယ်၊ အဲ့အချိန် ဘာဖြစ်နေလဲဆိုတာ ကြားရမှာပါဟု Yon hab သတင်းဌာနသို့ ပြောခဲ့သည်၊ သတင်းထွက်သည့် မနက်တွင်ဖုန်းဆက်ခဲ့ရာ သတင်းကို ကြည့်လိုက်မည့်အကြောင်း မင်းသမီးက တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။[၇]
၂၀၁၁ မတ် ၂၀(စနေနေ့တွင်)ဂျောင်အူးဆောင်းက ဇာတ်လမ်းရိုက်နေတုန်းဒီသူငယ်ချင်းအသစ်နဲ့ အချိန်ကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်ဟု ဝက်ဘ်ဆိုဒ်တွင်ရေးသားခဲ့သည်။ ထိုနေ့ ပရိသတ်တွေ့ဆုံပွဲတွင် ကျွန်တော်နဲ့အီက တူတာတွေအများကြီးရှိတယ်၊ ကျွန်တော်ကတော့ လူတွေ ကျွန်တော်တို့ဆက်ဆံရေးကို စောင့်ကြည့်ပေးစေချင်ပါတယ်ဟု ပြောခဲ့သည်။[၈]
၂၀၁၂ ဒီဇင်ဘာ၆ Knee Drop Guru အစီအစဉ်တွင် အူးဆောင်းက အဲ့ဒါကျွန်တော် ပါရီကို ပထမဆုံးအကြိမ် သွားတာပါ၊ အမျိုးသမီးတယောက်နဲ့ နိုင်ငံခြားကို သွားတာလည်း ပထမဆုံးပါပဲ၊[၉] ရိုးရိုးသားသားပြောရရင် ဒီလုပ်ငန်းမှာ ကျင်လည်နေတော့ ကိုယ်ရေးကိုယ်တာခရီးတွေအတွက် အချိန်မရှိခဲ့ဘူး၊ ပါရီကိုတောက်လျှောက်သွားခဲ့တာမှာ ဘယ်သူမှ မမြင်နိုင်တဲ့နေရာတွေကိုပဲ သွားဖို့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ ၂ယောက်လုံး ကျွန်တော်တို့ တွဲနေမှန်း လူတွေကို ပြောဖို့ အဆင်ပြေပါတယ်၊ ထင်ခဲ့တာထက် ပိုကြီးတဲ့ကိစ္စ ဖြစ်သွားခဲ့ရုံပါပဲဟု ဆိုသည်။[၁၀]၂၀၁၂ နိုဝင်ဘာ ၂၈ တွင် အီနှင့်နီးစပ်သူတဦးက အီဂျီအာက စတွဲတာနဲ့ ဂျောင်အူးဆောင်းကို ပြောပြခဲ့တယ်၊ သူအားလုံးသိပါတယ် Yon Hub သတင်းဌာနသို့ ပြောကြားခဲ့သည်။[၁၁]
သူငယ်ချင်း
ဂင်မ်ဂိုးအွန်းက ၂၀၁၉ မေ ၃၀ ချူးဂျားဟျွန်း မင်္ဂလာဆောင်တွင် ရိုက်သောပုံများကို တင်ခဲ့ရာ တပုံမှာ အီဂျီအာ၊ ဂိုးအွန်း၊ ဟန်ဂျီးမင်တို့ ၃ယောက်အတူ ဖြစ်သည်။[၁၂]
ဟန်းဂျီးမင်သည် ၂၀၂၀ အောက်တိုဘာ ၁၇ တွင် ဂျီအာက ရှင်းဆူရွန်ပုံတင်ကတည်းက အားပေးခဲ့သည်။[၁၃]ချူးဂျားဟျွန်းက ဟန်းဂျီးမင်၊ ဟန်းဟျိုးဂျူတို့နှင့်အတူ မိုးမျှော်ထပ်ဇာတ်လမ်းကြည့်နေကြောင်း ၂၀၂၀ အောက်တိုဘာ၂၆၌ လူမှုကွန်ရက်တွင် တင်သည်။[၁၄]အီဂျီအာက ၂၀၂၀ နိုဝင်ဘာ ၂၉တွင် ဟန်းဂျီးမင်၊ ဟန်းဟျိူးဂျူနှင့် ချူးဂျားဟျွန်းတို့ မိုးမျှော်ထက် ရိုက်ကွင်းသို့ ပို့ပေးခဲ့သော ကော်ဖီကားနှင့် ဗွီနိုင်း ဓာတ်ပုံများကို လူမှုကွန်ရက်တွင် တင်ကာ ကျေးဇူးတင်စကားဆိုသည်။[၁၅][၁၆]
ဂျီအာက ပင်လယ်သွားဓာတ်ပုံကို ဂင်မ်ဂိုးအွန်းအား tag တွဲကာ လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်။[၁၇]မိုးမျှော်ထပ် အတွဲ ၁ ရှင်းမ်ဆူရွန်အသုဘတွင် ပင်လယ်ကို နောက်ခံထားပြီး ရိုက်သောပုံပါသည်။ ဇာတ်လမ်းတွင် သုံးသောပုံမှာ ဂိုးအွန်းရိုက်ပေးခြင်း ဖြစ်နိုင်သည်ဟု ပရိသတ်များက ယူဆကြသည်။ [၁၈] အီဂျီအာက ဂျေထီဘီစီ၏ မျှော်လင့်သောပင်လယ် အစီအစဉ်အတွက် ကမ်းလှမ်းခံရသောအခါ ဤအစီအစဉ်တွင် ဂိုးအွန်းပါဝင်လျှင် သူလည်းပါမည်ဟုပြောကာ အမြန်ဆုံးဖြတ်ခဲ့ကြောင်း ဝန်ထမ်းတဦးက ဆိုသည်။[၁၉]
မိုးမျှော်ထပ် အတွဲ၁ ၏ နောက်ဆုံး ၂ ပိုင်းမှာ ၂၀၂၁ ဇန်နဝါရီ ၄(တနင်္လာ)နှင့် ၅(အင်္ဂါနေ့) တို့တွင် ထွက်ရှိခဲ့သည်။ဂင်မ်ဟီးချောက ၂၀၂၁ ဇန်နဝါရီ ၆ တွင် မိုးမျှော်ထပ်ဇာတ်လမ်းတွဲကြည့်နေသော ဗွီဒီယိုကို[၂၀] လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။[၂၁][၂၂] မကြည့်ရသေးသည့်အပိုင်းကို ကြည့်မည်ဟု အားခဲထားသော်လည်း[၂၃] အီဂျီအာက စကားပြောနေရင်း ဇာတ်လမ်းအကြောင်းအရာများ ပြောပြခဲ့ကြောင်း ဆိုသည်။[၂၄][၂၅]အီဂျီအာက ထိုအပိုင်းသည် တနင်္လာနေ့ကတည်းက trending ဝင်ခဲ့သောကြောင့် သိမည်ထင်ပြီး ပြောပြမိကြောင်း ပြန်လည်ပြောကြားခဲ့သည်။[၂၆][၂၇]
အလုပ်
အေဂျင်စီ
၂၀၁၁ ဧပြီ ၂၁ တွင် အီဂျီအာက KeyEast မှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖုန်းကြေညာပြီးချိန်တွင် ဥက္ကဋ္ဌ ယန်ဂွန်းနန် နှင့် တွေ့ခဲ့ရာမှ သရုပ်ဆောင်လုပ်ရန် စိတ်ဝင်စားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၁ မေ ၄ ရက်တွင် ဥက္ကဋ္ဌ ယန်ဂွန်းနန်ရာထူးမှ ဖယ်ရှားခံရပြီး ရှင်ဖီဆွန်းနှင့် ဘယ်ဆန်ဝန်းတို့ ၂ဦးက ပူးတွဲဥက္ကဋ္ဌများ ဖြစ်လာသည်။ KeyEast ၏ ဂျပန်ကုမ္ပဏီ Digital Adventure (DA) TVနှင့် ပူးပေါင်းမှု အရှိန်မြှင့်ရန် ဖယ်ရှားရခြင်းဖြစ်ကြောင်း ကုမ္ပဏီက တရားဝင် ထုတ်ပြန်ခဲ့သည်။[၂၈] အီဂျီအာသည် ၂၀၁၁ ဒီဇင်ဘာ ၃၁ တွင် Key East နှင့် စာချုပ်သက်တမ်းကုန်သည်။ Key East ကိုယ်စားလှယ်တဦးက ၂ဖက် ပြဿနာနှင့် အငြင်းပွားမှုမရှိကြောင်း၊ ၂ဖက်လုံးကို အကျိုးရှိစေမည့် အပြောင်းအလဲတခုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ကြေညာသည်။[၂၉] ၂၀၁၂ အစောပိုင်းတွင် မင်းသမီးသည် အေဂျင်စီအသစ်နှင့် စာချုပ်ချုပ်နိုင်သည့် ဈေးကွက်အနေအထားရှိခဲ့သည်။ ၂၀၁၂ မေလတွင် Soribada၏ Will Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၃၀] ၂၀၁၄ ဧပြီ ၄ တွင် HB Entertainmentက အီဂျီအာနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာသည်။[၃၁][၃၂]
၂၀၁၆ မတ်လမှ စတင်ကာ အီဂျီအာသည် စာချုပ်ချုပ်ရန် အေဂျင်စီအသစ်ရှာသည်။ ထို့နောက် BH Entertainment နှင့် စာချုပ်ချုပ်ခဲ့သည်။ အီဂျီအာကို ပိုကောင်းသည့်သရုပ်ဆောင်ဖြစ်လာစေရန် နှင့်[၃၃] မင်းသမီးက ဘာသာစကားအများအပြားကို ပြောနိုင်သည့်အတွက် ကိုရီးယားနိုင်ငံတွင်းနှင့်ပြင်ပကိုပါ ဖြန့်ကျက်နိုင်ရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း အေဂျင်စီ ကိုယ်စားလှယ်က မေ၁၃တွင် ကြေညာသည်။[၃၄]
နယ်ပယ်
ရုပ်ရှင်
ဒဏ္ဍာရီဇာတ်ကားနှင့်ပွဲမထွက်မီက Graphic art design ဘာသာရပ်ကို အထူးပြုသူ၊ Shim Eun-ha and Go Hyun-jungတို့ ၂ဦးပေါင်းစပ်ထားသည့် အလှပိုင်ရှင်အဖြစ် ဖော်ကျူးခံရသည်။[၃၆] အီဂျီအာက Pasadena Art Center College of Design တွင်ကျောင်းတက်နေစဉ် အသိတယောက်မိတ်ဆက်ပေးရာမှ ဒဏ္ဍာရီ လူရွေးပွဲသို့ သွားကြောင်း၊ ထုတ်လုပ်သူKim Jong Hakနှင့်မိတ်ဆက်ပြီး နောက်ထပ် အစည်းအဝေး အခါ ၃၀နှင့်အထက်၊ ဇာတ်ညွှန်းဖတ်အပြီး အခြားအသေးစိတ်စစ်ဆေးမှုများပြီးသောအခါမှသာ သူ့ကို သရုပ်ဆောင်အဖြစ် အတည်ပြုခဲ့ကြောင်း အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။ အရွေးခံရပြီးမှ အသံနေအသံထား၊ သရုပ်ဆောင်၊ ဇာတ်ကောင်ဆန်းစစ်မှု၊ horseback riding၊ တိုက်ခိုက်ရေးနှင့် အခြားလိုအပ်သည်များကို သင်ကြားခဲ့ရသည်။ ဇာတ်ကားရိုက်စဉ် နုနေသော အသားအရောင်ကို ဖုန်းကွယ်ရန် မိတ်ကပ်အရောင့်ရင့်လိမ်းရသဖြင့် စားပြီးချိန်တွင် ပါးစပ်နားတဝိုက်ဖြူနေသည်၊ အခြားအမျိုးသားသရုပ်ဆောင်တဦးနှင့်စကားပြောနေချိန် မြင်းလာရာ မရှောင်နိုင်သဖြင့် ဘယ်ခြေသလုံး မြင်းကန်ခံခဲ့ရသည်ဟု ဆိုသည်။ [၃၇]
သီချင်း
၂၀၀၉ ဩဂုတ် ၁၄ ရက်နေ့တွင် cupcake and alien သီချင်းထွက်ရှိလာသည်။[၃၈]
ဇာတ်ညွှန်း
၂၀၁၃ ဇန်နဝါရီ ၂၁ မနက်ပိုင်းတွင် မင်းသမီး၏ အေဂျင်စီ(ထိုစဉ်က HB Entertainment)က OSEN နှင့်ဖုန်းပြောရာ၌ အီဂျီအာသည် ဟောလိဝုဒ်တွင် ပွဲထွက်ရန် စုံစမ်းနေကြောင်း ပြောခဲ့သည်။ [၃၉] မင်းသမီးက Maybach ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဇာတ်ညွှန်း ၃ခုအတွက် စာချုပ်ချုပ်ထားကြောင်း၊ Conscious Perception ဟု ယာယီအမည်ပေးထားသည့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားနေကြောင်း၊ [၄၀]ထိုရုပ်ရှင်မှာ အမေရိကန် ဒေါ်လာ ၉.၈သန်း /ကိုရီးယား ဝမ်ဆယ်ဘီလျံ အသုံးစရိတ်ဖြင့် နောက်နှစ်လယ် (ထိုစဉ်အချိန်နှင့်တွက်လျှင်၂၀၁၅) တွင် စရိုက်မည်ဖြစ်ပြီး Maybach၏တွဲဖက် Perspective Pictures ကုမ္ပဏီက ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊[၄၁] စာချုပ်ကို ယမန်နှစ်က ချုပ်ဆိုခဲ့ကြောင်း အေဂျင်စီ HB Entertainment က ၂၀၁၄ ဂျူလိုင် ၁၁ တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ [၄၂][၄၃]၂၀၁၄ အောက်တိုဘာ ၂၂ ဗုဒ္ဓဟူးနေ့တွင် Maybach ရုပ်ရှင်ထုတ်လုပ်ရေးမှ ဂင်မ်ဆဲရွန်းက ဈေးဝယ်ထွက်နေသော အီဂျီအာ့ပုံကို SNS လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ [၄၄]
သရုပ်ဆောင်
ဇာတ်လမ်းတွဲ
နှစ် | ဇာတ်လမ်းတွဲကိုရီးယားအမည် | အင်္ဂလိပ်အမည် | မြန်မာအမည် | အခန်းကဏ္ဍ | ဒါရိုက်တာ | ရုပ်သံလိုင်း | Ref. |
---|---|---|---|---|---|---|---|
၂၀၀၇ | 태왕사신기 | The Story of the First King's Four Gods/The Legend | ပထမမင်းရဲ့ နတ်ဘုရား ၄ပါး ဒဏ္ဍာရီထယ်ဝမ်စာရှင်ဂီ | ဆဲအို့ ဆူဂျီနီ | ဂင်မ်ဂျုံဟ ယွန်ဆန်းဟို | အမ်ဘီစီ | [၄၅] |
၂၀၀၈ | 베토벤 바이러스 | Beethoven Virus | ဘီးဿိုဖှင်န် ဗိုင်းရက်စ် | ဒူရူမီ | အီဂျယ်ဂယူ | အမ်ဘီစီ | [၅၀][၅၁][၅၂][၅၃][၅၄][၅၅][၅၆] |
၂၀၀၉ | 스타일 | Style | ဟန်ပုံစံ | အီစောဂျောင်း | အိုဂျုန်းလော့ | အက်စ်ဘီအက်စ် | [၅၇][၅၈][၅၉][၆၀][၆၁][၆၂][၆၃] |
၂၀၁၂ | 아테나: 전쟁의 여신 | Athena: Goddess of War | စစ်နတ်ဘုရားမ အားသိနာ | ဟန်းဂျဲဟီး | ဂင်မ်ယောင်းဂျွန်း ဂင်မ်ထဲဟွန်းဟွှမ်းဂျွန်းဟွန်း | အက်စ်ဘီအက်စ် | [၆၄][၆၅][၆၆][၆၇][၆၈] |
၂၀၁၁ | 나도 꽃 | Me Too, Flower! | ကျွန်မလည်းပဲ ပန်းတပွင့် | ချားဘုန်းစောန်း | ဂိုဒုန်းစောန်း | အမ်ဘီစီ | [၆၉][၇၀][၇၁][၇၂][၇၃] |
၂၀၁၃ | 세번 결혼하는 여자 | Thrice Married Woman | အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး | အိုအွန်းဆူး | ဆွန်းဂျောင်းဟျွန်း | အက်စ်ဘီအက်စ် | [၇၄][၇၅][၇၆][၇၇][၇၈][၇၉][၈၀] |
၂၀၁၈ | 나의 아저씨 | My Mister | ကျွန်မရဲ့ ဦးလေးကြီး | ဂန်ယွန်းဟီး | ဂင်မ်ဝန်းဆော့ ဂင်မ်စန်းအူ | tvN | [၈၁] |
오늘의 탐정 | The Ghost Detective | ဒီနေ့ရဲ့ အမှုလိုက် | စောန်းနူးဟဲ | အီဂျဲဟွန်း | ခေဘီအက်စ် ၂ | [၈၈] | |
၂၀၂၀-၂၀၂၁ | 펜트하우스 | The Penthouse: War in Life | မိုးမျှော်ထပ် | ရှင်းမ်ဆူရွန် / နာအယ်ဂယို | ဂျူဒုန်းမင်း | အက်စ်ဘီအက်စ် | [၉၂][၉၃] |
ရုပ်သံလိုင်း ရုပ်ရှင်
နှစ် | ဇာတ်လမ်းတွဲကိုရီးယားအမည် | အင်္ဂလိပ်အမည် | မြန်မာအမည် | အခန်းကဏ္ဍ | ဒါရိုက်တာ | ရုပ်သံလိုင်း | Ref. |
---|---|---|---|---|---|---|---|
၂၀၁၅ | 설련화 | Lucid dream | နှင်းပန်း | ဟန်းယွန်းဟီး | ဆုန်းဟျွန်းနု | အက်စ်ဘီအက်စ် | [၉၆] |
ရုပ်ရှင်
နှစ် | ဇာတ်လမ်းတွဲကိုရီးယားမည် | အင်္ဂလိပ်အမည် | မြန်မာအမည် | အခန်းကဏ္ဍ | ဒါရိုက်တာ | ထုတ်လုပ်ရေး | Ref. |
---|---|---|---|---|---|---|---|
၂၀၀၉ | 내눈에 콩깍지 | The Relation of Face, Mind and Love | ကိုယ့်မျက်လုံးမှာ လှလျက်ပါ | ဝမ်ဆိုးကျွန်း | အီဂျန်းဆူး | CJ Entertainment | [၁၀၃] |
၂၀၁၆ | 아테나: 더 무비 | Athena: The Movie | အားသိနာရုပ်ရှင် | ဟန်းဂျဲဟီး | ဂင်မ်ယောင်းဂျွန်း ဂင်မ်ထဲဟွန်း ဟွှမ်းဂျောင်းဟျွန်း | Taewon Entertainment | [၁၀၈] |
၂၀၁၆ | 무수단 | Musudan | မူဆူဒန် | ရှင်းယူးဟွှာ | ခူးမို | Opus Pictures | [၁၁၀] |
၂၀၂၀ | 헤엄치는 새 | Swimming Bird | ကူးခတ်နေသော ငှက် | အွန်ချယ် | ဂွမ်ဆွန်းဂျွန်း | [၁၁၃] |
သီချင်း
Singles
သီချင်းခေါင်းစဉ် | နှစ် | အခွေ |
---|---|---|
အဓိကအဆိုတော်အဖြစ် | ||
"Love Virus" | ၂၀၀၈ | Non-album single |
"Cupcake and Alien" | ၂၀၀၉ | |
"Vampire Romance" | ၂၀၁၀ | |
တွဲဖက်အဆိုတော်အဖြစ် | ||
"So Much" (Super Sta featuring Baby Boy's Soul and Lee Ji-ah) | ၂၀၀၈ | Non-album single |
ဆုနှင့် စကာတင်စာရင်း
ဆုပေးပွဲ | နှစ် | ဆုအမျိုးအစား | အဆိုပြုခံရသော ဖန်တီးမှု | ရလဒ် | Ref. |
---|---|---|---|---|---|
APAN ကြယ်ပွင့်ဆုများ | တတိယမြောက်APAN ကြယ်ပွင့်ဆု ၂၀၁၄ | ဇာတ်လမ်းတွဲမှ အမျိုးသမီးသရုပ်ဆောင်၊ ထိပ်တန်းထူးချွန်ဆု | အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး | တမ်းပလိတ်:စကာတင် | |
ဘဲ့ဆန်းအနုပညာဆုများ | တေစတ္တာလီသမြောက် ဘဲ့ဆန်းအနုပညာဆုများ ၂၀၀၈ | ဘဲ့ဆန်းအနုပညာဆုများ အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးသရုပ်ဆောင်ဆု(ရုပ်သံ) | ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ) | တမ်းပလိတ်:ဆုရ | |
ကိုရီးယားဇာတ်လမ်းဆုများ | သတ္တမမြောက် ကိုရီးယားဇာတ်လမ်းဆုများ | ထိပ်တန်းထူးချွန်ဆု အမျိုးသမီးသရုပ်ဆောင် | အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး | တမ်းပလိတ်:စကာတင် | |
ကိုရီးယား ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဆုများ | ၂၀၂၁ | ဆုကြီး(ဇာတ်လမ်း အမျိုးအစား) | မိုးမျှော်ထပ် | တမ်းပလိတ်:ဆုရ | [၁၁၄] |
အမ်ဘီစီဇာတ်လမ်းဆုများ | ၂၀၀၇ အမ်ဘီစီဇာတ်လမ်းဆုများ | အကောင်းဆုံးသရုပ်ဆောင်သစ်ဆု | ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ) | တမ်းပလိတ်:ဆုရ | |
လူကြိုက်များ အမျိုးသမီးသရုပ်ဆောင်ဆု | တမ်းပလိတ်:ဆုရ | ||||
အကောင်းဆုံးအတွဲဆု | ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ)တွင် အီဂျီအာနှင့်(ဘယ်ယောင်ဂျွန်း) | တမ်းပလိတ်:ဆုရ | |||
၂၀၀၈ အမ်ဘီစီဇာတ်လမ်းဆုများ | အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု | ဘီးဿိုဖှင်န် ဗိုင်းရက်စ် | တမ်းပလိတ်:စကာတင် | ||
အက်စ်ဘီအက်စ် ဇာတ်လမ်းဆုများ | ၂၀၀၉ အက်စ်ဘီစက်စ် ဇာတ်လမ်းဆုများ | အထူးဇာတ်လမ်းတခုအတွက် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု | ဟန်ပုံစံ | တမ်းပလိတ်:စကာတင် | |
၂၀၁၁ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ | အထူးစီစဉ်သောဇာတ်လမ်းတခုအတွက် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု | စစ်နတ်ဘုရားမ အားသိနာ | တမ်းပလိတ်:စကာတင် | ||
၂၀၁၄ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ | ဇာတ်လမ်းတွဲတခုအတွက် ထိပ်တန်းအမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆု | အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး | တမ်းပလိတ်:စကာတင် | ||
၂၀၂၀ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ | အလယ်အလတ်ဇာတ်လမ်းမှ အမျိုးသမီးသရုပ်ဆောင်၊ ထိပ်တန်းထူးချွန်ဆု | မိုးမျှော်ထပ် | တမ်းပလိတ်:ဆုရ | [၁၁၅] | |
ဆိုးလ်နိုင်ငံတကာဇာတ်လမ်းဆုများ | ၂၀၂၁ | ကိုရီးယား အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု | တမ်းပလိတ်:စကာတင် | [၁၂၃][၁၂၄] |
ပြင်ပအင်တာနက်စာမျက်နှာများ
အေဂျင်စီဝက်ဘ်ဆိုဒ်ရှိ အီဂျီအာအကြောင်း[လင့်ခ်သေ]
Naver Cafe[လင့်ခ်သေ]