အမျိုးသားအားကစားပွဲတော် (မြန်မာနိုင်ငံ)

အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။[၁]

အမျိုးသားအားကစားပွဲတော်
National Sports Festival

ပထမအကြိမ်၁၉၉၂ အမျိုးသားအားကစားပွဲတော်
Occur everyအတိအကျမရှိ
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၅ အမျိုးသားအားကစားပွဲတော်
ဦးဆောင်ကျင်းပသူမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ

သမိုင်းကြောင်း

ပထမဆုံးသော အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မူလက ၂နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲများကြောင့် မကျင်းပနိုင်ခဲ့ပေ။၁၉၉၇ခုနှစ် နဝတအစိုးရလက်ထက်တွင် တတိယအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပေ။

၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၇ ပွဲ​တော်များတွင် ချီးမြှင့်ခဲ့​သော ဆုတံဆိပ်များ

ရည်ရွယ်ချက်များ

  • မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ရည်ရွယ်ချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်နိုင်ရန်၊
  • အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊
  • အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊
  • ထက်မြက်ထူးချွန်သော အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊
  • မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
  • ခေတ်မီတိုးတက်သော အားကစားနည်းစနစ်သစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန်၊
  • အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သောအားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် ပြင်းထန်လာစေရန်၊

ပွဲတော်များ

ကျင်းပရာမြို့များ
အမျိုးသားအားကစားပွဲတော်များ
ပွဲတော်ခုနှစ်ကျင်းပသည့်မြို့ဖွင့်လှစ်ပေးသူရက်စွဲအားကစားနည်းပေါင်းယှဉ်ပြိုင်သည့်အသင်းပေါင်းအားကစားသမားပေါင်းပထမရသည့်အသင်းဒုတိယရသည့်အသင်းကိုးကား
I၁၉၉၂ရန်ကုန်မြို့ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော်
ယဉ်ကျေးမှုဝန်ကြီး
၃ - ၁၄ မေ၂၂
  • ၂၀ (ဝန်ကြီးဌာန)
  • ၃၈ (ပြည်နယ်/တိုင်း+တပ်မတော်(ရေ၊လေ၊တိုင်းစစ်ဌာနချုပ်၊ခြေမြန်တပ်မ၊ရဲ)+တက္ကသိုလ်/ကောလိပ်)
  • ၁၄ (အခြေခံပညာကျောင်းအဆင့်)
၁၀၀၅၄စက်မှု (၁)[၂]
II၁၉၉၄ရန်ကုန်မြို့ဗိုလ်ချုပ် ခင်ညွန့်
အတွင်းရေးမှူး (၁)
၂၅ ဇန်နဝါရီ - ၆ ဖေဖော်ဝါရီ၂၄
  • ၂၆ (ဝန်ကြီးဌာန)
  • ၁၄ (ပြည်နယ်/တိုင်း)
၈၇၀၄[၃]
III၁၉၉၇ရန်ကုန်မြို့
IV၂၀၁၅နေပြည်တော်မြို့ဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
၁၃ -၂၈ ဖေဖော်ဝါရီ၂၇၁၅ (ပြည်နယ်/တိုင်းဒေသကြီး/ပြည်ထောင်စုနယ်မြေ)၄၃၆၁ ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး[၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား