အမျိုးသားရေးအစိုးရ

၁၉၂၅ နှင့် ၁၉၄၈ ခုနှစ်များအတွင်း တရုတ်သမ္မတနိုင်ငံ၏အစိုးရ

အမျိုးသားရေးအစိုးရ (အင်္ဂလိပ်: Nationalist Government)၊ တရာဝင်အားဖြင့် တရုတ်သမ္မတနိုင်ငံ၏ အမျိုးသားရေးအစိုးရ (တရုတ်: 中華民國國民政府) သည် ၁ ဇူလိုင် ၁၉၂၅ မှ ၂၀ မေ ၁၉၄၈ အထိ တရုတ်သမ္မတနိုင်ငံကို အုပ်ချုပ်ခဲ့သော ကိုမင်တန်ပါတီမှ ဦးဆောင်ခဲ့သည့် အစိုးရအဖွဲ့ဖြစ်သည်။ ၁၉၂၈ တွင် ဗိုလ်ချုပ်ကြီးချန်ကေရှိတ် ဦးဆောင်သော နန်ကင်းမြို့အခြေစိုက်အစိုးရအဖွဲ့သည် အစိတ်စိတ်အမွှာမွှာဖြစ်နေသော တရုတ်နိုင်ငံကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး တစ်ပါတီစနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။ အမျိုးသားရေးအစိုးရသည် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲတရုတ်ပြည်တွင်းစစ်နှင့် ဒုတိယကမ္ဘာစစ်စသော စိန်ခေါ်မှုများစွာကို‌ကြုံတွေ့ခဲ့ရသည်။ ၁၉၄၈ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲခဲ့ပြီး အစိုးရအသစ်ဖြင့် အစားထိုးခဲ့သည်။

တရုတ်သမ္မတနိုင်ငံတော်
Republic of China

中華民國
Chunghwa Minkuo
Zhōnghuá Mínguó
တံဆိပ်‌တော်
နိုင်ငံတော် သီချင်း: 
《中華民國國歌》
"တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း"
(၁၉၃၇–၁၉၄၈)
အလံတင်သီချင်း:
"တရုတ်သမ္မတနိုင်ငံ၏ အလံတင်သီချင်း"
《中華民國國旗歌》
(၁၉၄၇–၁၉၄၈)
နိုင်ငံတော်စည်းတံဆိပ်:
中華民國之璽
တရုတ်သမ္မတနိုင်ငံ၏ စည်းတံဆိပ်တော်

(၁၉၂၉–၁၉၄၉)
တရုတ်၏ တည်နေရာ
မြို့တော်
အကြီးဆုံးမြို့ရှန်ဟိုင်း
ရုံးသုံး ဘာသာစကားများ
Demonymတရုတ်
အစိုးရ
• မဟာဗိုလ်ချုပ်ကြီး
ချန်ကေရှိတ် (၁၉၃၁–၁၉၄၆)
• ဝန်ကြီးချုပ်
  • တန်ယန်ခိုင် (၁၉၂၈–၁၉၃၀) (ပထမ)
  • ချန်ချွန်း (၁၉၄၇–၁၉၄၈) (နောက်ဆုံး)
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
ထိန်းသိမ်းရေးယွမ်[၁]
ဥပဒေပြုရေးယွမ်
သမိုင်းဝင်ဖြစ်ရပ်များ
• ကွမ်ကျိုးတွင်ဖွဲ့စည်း
၁ ဇူလိုင် ၁၉၂၅
• မြောက်ဘက်စစ်ဆင်ရေး
၁၉၂၆–၁၉၂၈
• နန်ကင်းမြို့၌ပြန်လည်အခြေချ
၁၈ ဧပြီ ၁၉၂၇
၁၉၂၇–၁၉၄၆၊၁၉၄၆–၁၉၅၀
၇ ဇူလိုင် ၁၉၃၇–၂ စက်တင်ဘာ ၁၉၄၅
• ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ
၂၄ အောက်တိုဘာ ၁၉၄၅
• ထိုင်ဝမ်နှင့်အခြားကျွန်းများရရှိ
၂၅ အောက်တိုဘာ ၁၉၄၅
• ဖေဖော်ဝါရီ ၂၈ ဖြစ်ရပ်
၂၈ ဖေဖော်ဝါရီ ၁၉၄၇
• ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြု
၂၅ ဒီဇင်ဘာ ၁၉၄၇
၂၀ မေ ၁၉၄၈
ငွေကြေးတရုတ်ရွှေယူနစ် (၁၉၁၂–၁၉၄၉၊ တရုတ်ပြည်မ၌)
ထိုင်ဝမ်ဒေါ်လာဟောင်း (၁၉၄၆–၁၉၄၉)

ရုံးနေရာများ

အမျိုးသားရေးအစိုးရ၏ ယခင်နေရာများ အားလုံးနီးပါးသည် မြို့တော်နန်ကင်းမြို့၌ တည်ရှိကြသည်။

အမည်ဓာတ်ပုံတည်နေရာဆောက်လုပ်ပြီးစီးချိန်ဖော်ပြချက်
အမျိုးသားရေးအစိုးရဌာနချုပ် အမှတ် ၂၉၂ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၈၇၀–၁၉၃၀အဆိုပါအဆောက်အအုံကို ချင်းမင်းဆက်လက်ထက် လျန်ကျန်းဒေသ၏ ဘုရင်ခံရုံးအဖြစ်လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် သမ္မတအိမ်တော်အဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။
အမှုဆောင်ယွမ် (၁၉၂၈) အမှတ် ၁၉ ဒုန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၂၀ ကျော်၁၉၂၈ မှ ၁၉၃၇ ခုနှစ်အထိ အမှုဆောင်ယွမ်အဖြစ် အသုံးပြုခဲ့သည့် ဤအဆောက်အအုံသည် ယခုအခါ သမ္မတအိမ်တော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အမှုဆောင်ယွမ် (၁၉၄၆) အမှတ် ၂၅၂-၂၅၄ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၃၀အဆောက်အဦသည် အစပိုင်းတွင် မီးရထားဝန်ကြီးဌာန၏ ဌာနချုပ်ဖြစ်ပြီး ၁၉၄၆ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အမှုဆောင်ယွမ်၏ ရုံးနေရာဖြစ်သည်။ ကွန်မြူနစ်များ နန်ကျင်းကို သိမ်းပိုက်ပြီးနောက် ၎င်းသည် ပီအယ်လ်အေ နန်ကျင်း နိုင်ငံရေးကောလိပ်၏ အဆောက်အဦ ဖြစ်လာခဲ့သည်။
အမှုဆောင်ယွမ် (၁၉၄၉) အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၂၉၁၉၃၀ ခုနှစ်များတွင် လိကျီရှဲ၏နေရာဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမျိုးသားရေးအစိုးရမှ အမှုဆောင်ယွမ်အား ဤအဆောက်အအုံသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ယခု အဆောက်အအုံသည် ကျုံရှန်းဟိုတယ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။
ဥပဒေပြုရေးယွမ် (၁၉၂၈) အမှတ် ၂၇၃ ဘိုင်းရှာလမ်း၊ ချင်းဟွိုင်ခရိုင်၊ နန်ကျင်းအမျိုးသားရေးအစိုးရသည် ၁၉၂၈ ခုနှစ်တွင်၏ဥပဒေပြုရေးယွမ်အဖြစ် ဤအိမ်အားရွေးချယ်ခဲ့သည်။
ဥပဒေပြုရေးယွမ် (၁၉၄၆) နှင့် ထိန်းသိမ်းရေးယွမ် အမှတ် ၁၀၅ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၃၅အဆိုပါအဆောက်အအုံသည် ဂျပန်ခေတ်က နန်ကျင်းမြို့တော်ခန်းမ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဥပဒေပြုရေးယွမ်နှင့် ထိန်းသိမ်းရေးယွမ်တို့၏ ရုံးများဖြစ်လာခဲ့သည်။ ယခုအခါ နန်ကျင်းစစ်သားများအဖွဲ့၏ ရုံးနေရာဖြစ်သည်။
တရားရေးယွမ်ဝင်ပေါက် အမှတ် ၂၅၁ ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၃၅အဆောက်အဦသည် ၁၉၄၉ ခုနှစ် ဧပြီလတွင် မီးလောင်ပျက်စီးခဲ့သည်။ ဂိတ်တံခါးတစ်ခုတည်းသာ ကျန်ရှိတော့သည်။
စစ်ဆေးရေးယွမ် အမှတ် ၄၁-၄၃ အရှေ့ဘေကျင်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၃၀ ကျော်ယခုအခါ အဆိုပါ အဆောက်အအုံကို နန်ကျင်းမြို့ခံ အစိုးရရုံးများနှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ နန်ကျင်းကော်မတီအဖြစ် အသုံးပြုလျက်ရှိသည်။
တရားလွှတ်တော်ချုပ် အမှတ် ၁၀၁ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၃၃အဆိုပါအဆောက်အဦကို တရားစွဲဆိုသူရုံးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
စစ်ဖက်ရေးရာကော်မရှင် အမှတ် ၂၉၂ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၈၇၀ဤအိမ်ကို တိုင်ပင်အရေးတော်ပုံအပြီး ၁၈၇၀ ခုနှစ်များတွင် တည်ဆောက်ခဲ့သည်။ ၁၀၃၀ ခုနှစ်များတွင် ချန်ကေရှိတ်သည် ၎င်းကို စစ်ဘက်ရေးရာကော်မရှင်၏ ဌာနချုပ်တစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။ သမ္မတအိမ်တော် အဆောက်အအုံနေရာတွင်တည်ရှိပြီး ယခုအခါ ခရီးသွားများအား ဆွဲဆောင်ရာဖြစ်လာသည်။
အမျိုးသားအရင်းအမြစ်ကော်မရှင် အမှတ် ၂၀၀ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၄၇ယခုအခါ ဤအဆောက်အအုံသည် နန်ကျင်းနည်းပညာတက္ကသိုလ်၏ ရုံးခန်းအဆောက်အအုံတစ်ခုဖြစ်သည်။
စီးပွားရေးဝန်ကြီးဌာန အမှတ် ၁၄၅ အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်းယခုအခါ ဤအဆောက်အဦကို နန်ကျင်းအားကစားဗျူရို၏ရုံးအဖြစ် အသုံးပြုလျက်ရှိသည်။
ဗဟိုဘဏ် အမှတ် ၁၅ အရှေ့ကျုံရှန်းလမ်း အမှတ် ၁၊ ဟွမ်ပူခရိုင်၊ ရှန်ဟိုင်း၁၈၉၉–၁၉၀၂ဤသည်မှာ နန်ကျင်းမြို့၌မရှိသော တစ်ခုတည်းသောရုံးဖြစ်သည်။ တစ်ချိန်က ရုရှား-တရုတ်ဘဏ်၏ ရှန်ဟိုင်းဘဏ်ခွဲဖြစ်ခဲ့ပြီး ယခုအခါ ရှန်ဟိုင်းနိုင်ငံခြားငွေရောင်းဝယ်ရေးစင်တာ ဖြစ်လာသည်။
ကျန်းမာရေးဝန်ကြီးဌာန အမှတ် ၃၀၅ အရှေ့ကျုံရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၃၁အဆိုပါ အဆောက်အအုံသည် အမျိုးသားဗဟိုဆေးရုံ အဆောက်အအုံ၏ နေရာဖြစ်သည်။ ယခု နန်ကျင်းစစ်ဌာနချုပ်၏ နန်ကျင်းအထွေထွေဆေးရုံဖြစ်သည်။
ပညာရေးဝန်ကြီးဌာန ချင်ရှန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်းယခုအခါ ဤအဆောက်အအုံကို အစိုးရအရာရှိအချို့က ရယူထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမှတ် ၃၀၃-၃၀၅ မြောက်ကျုံရှန်းလမ်း၊ ကူလုံးခရိုင်၊ နန်ကျင်း၁၉၃၂–၁၉၃၄မျက်နှာချင်းဆိုင်ဘက်တွင် အမှုဆောင်ယွမ်၏နေရာဖြစ်သည်။ ကွန်မြူနစ်များ နန်ကျင်းကို သိမ်းပိုက်ပြီးနောက် ပီအယ်လ်အေ နန်ကျင်း နိုင်ငံရေးကောလိပ်၏ အဆောက်အဦ ဖြစ်လာခဲ့သည်။
အမျိုးသားလွှတ်တော်ခန်းမ (၁၉၃၆) အမှတ် ၂ စီပိုင်လုံလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၃၀ ကျော်ပြဇာတ်နှင့်ဂီတ၏ အမျိုးသားကဇာတ်ရုံ တည်ဆောက်ခြင်းမပြီးဆုံးမီ အမျိုးသားလွှတ်တော် အစည်းအဝေးကို အမျိုးသားဗဟိုတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့ကြသည်။
အမျိုးသားလွှတ်တော်ခန်းမ (၁၉၄၆) အမှတ် ၂၆၄ ချန်ကျန်းလမ်း၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၃၅ပြဇာတ်နှင့်ဂီတ၏ အမျိုးသားကဇာတ်ရုံလည်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပရာ နေရာဖြစ်လာသည်။ ၎င်းသည် ၁၉၄၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ကျင်းပသည့်နေရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မွေးရပ်မြေလည်းဖြစ်သည်။
ဥက္ကဋ္ဌနေအိမ် (၁၉၄၆) ခရမ်းတောင်၊ ရွှမ်းဝူခရိုင်၊ နန်ကျင်း၁၉၃၁–၁၉၃၄"တောင်နီအိမ်ကြီး" နှင့် "မေလင်ဗီလာ" ဟုလည်း လူသိများသော အဆိုပါအဆောက်အအုံသည် ဒုတိယကမ္ဘာစစ်အပြီး ချန်ကေရှိတ်နှင့် စုန့်မေလင်တို့၏ နန်ကင်းမြို့ရှိ အဓိကနေအိမ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ၁၉၄၈ မှ ၁၉၄၉ အထိ သမ္မတ၏တရားဝင်နေအိမ်ဖြစ်ခဲ့သည်။

နန်ကင်းမြို့ကို အမျိုးသားရေးဝါဒီအစိုးရမှ မသိမ်းပိုက်ခင်အခါတွင် အောက်ဖော်ပြပါ အဆောက်အအုံများကို ၎င်းတို့၏ဌာနချုပ်အဖြစ် ရွေးချယ်ခဲ့ကြသည်။

အမည်ဓာတ်ပုံတည်နေရာဆောက်လုပ်ပြီးစီးချိန်ဖော်ပြချက်
အမျိုးသားရေးအစိုးရရုံးချုပ် (ကွမ်ကျိုး) (၁၉၂၅)အမှတ် ၇၀၈၊ ယွေးဟွာလမ်း၊ ယွေးရှူခရိုင်၊ ကွမ်ကျိုး၁၉၅ ခုနှစ်တွင် ဤနေရာ၌ အမျိုးသားရေးအစိုးရကို ဖွဲ့စည်းထူထောင်ခဲ့သည်။ ယနေ့တွင် ဂိတ်တံခါးမှလွဲ၍ အတွင်းဘက်ရှိ အဆောက်အအုံများအားလုံး ပြိုပျက်သွားခဲ့သည်။
အမျိုးသားရေးအစိုးရရုံးချုပ် (ဝူဟန်) အမှတ် ၇၀၈၊ ကျုံရှန်းရိပ်သာလမ်း၊ ဝူဟန်၁၉၁၇–၁၉၂၁နန်ယန်းဆေးရွက်ကြီး အဆောက်အအုံဟုလည်း ခေါ်ကြသည်။ ၁၉၂၆ ခုနှစ်တွင် အမျိုးသားတော်လှန်ရေးတပ်မတော်မှ ဝူဟန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကိုမင်တန်က နန်ယန်းဆေးရွက်ကြီး အဆောက်အအုံကို အမျိုးသားရေးဝါဒီအစိုးရ၏ ရုံးချုပ်နေရာအဖြစ် ရွေးချယ်ခဲ့သည်။
အမျိုးသားရေးအစိုးရရုံးချုပ် (ချုံချင့်) (၁၉၃၉) ယူကျုံးခရိုင်၊ ချုံချင့်ဒုတိယ တရုတ်-ဂျပန်စစ်ပွဲကာလတွင်း ဤအဆောက်အအုံကို နန်ကင်းမြို့သို့ ပြန်လည်မပြောင်းရွှေ့ခင်အထိ အမျိုးသားရေးအစိုးရ၏ ဌာနချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ အဆောက်အဦကို ၁၉၈၀ ခုနှစ်များတွင် ဖြိုချခဲ့သည်။

အခြားဖတ်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

ယခင်က
ပေယန်းအစိုးရ
(၁၉၁၂–၁၉၂၈)
အမျိုးသားရေးအစိုးရ
၁၉၂၇–၁၉၄၈
ဆက်ခံသူ
တရုတ်သမ္မတနိုင်ငံ၏ အစိုးရ
(၁၉၄၈–ယနေ့)
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား