အနာဂါရိက ဓမ္မပါလ

သီရိလင်္ကာနိုင်ငံသား ဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သူ

အနာဂါရိက ဓမ္မပါလ (၁၇ စက်တင်ဘာ၊ ၁၈၆၄ - ၂၉ ဧပြီ၊ ၁၉၃၃) သည် သီရိလင်္ကာနိုင်ငံသားတစ်ဦး ဖြစ်ပြီး ဗုဒ္ဓဘာသာတိုးတက်အောင် စွမ်းဆောင်ခဲ့သူနှင့် စာရေးဆရာ ဖြစ်သည်။ သူသည် ပထမဆုံးသော ကမ္ဘာ့ဗုဒ္ဓသာသနာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူသည် အာရှ၊ ဥရောပ၊ မြောက်အမေရိကတို့တွင် ဓမ္မတရားတို့ကို ပထမဆုံးဟောပြောခဲ့သည့် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။ သူသည် Theosophical Society ကို ဖန်တီးသူများဖြစ်ကြသည့် Henry Steel Olcott နှင့် Helena Blavatsky တို့နှင့်အတူ သီရိလင်္ကာ၏ ဗုဒ္ဓဘာသာကို အဓိက ပြုပြင်ပြောင်းလဲဆန်းသစ်ခဲ့သူ ဖြစ်သည်။ သူသည် အနောက်နိုင်ငံများတွင် ဗုဒ္ဓသာသနာပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည့် အရေးပါသည့် ပြယုဂ်လည်း ဖြစ်သည်။ B. R. Ambedkar မတိုင်မီ ရာစုဝက်က သူသည် Tamils အပါအဝင် အိန္ဒိယနိုင်ငံတောင်ပိုင်းကို ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်လာစေရန် လှုံ့ဆော်ခဲ့သည်။[၁] သူ၏ နောက်ပိုင်းဘဝတွင် ဗုဒ္ဓဘာသာရဟန်း Devamitta Dharmapala အဖြစ် သာသနာတွင်းသို့ ဝင်ရောက်ခဲ့သည်။[၂]

အနာဂါရိက ဓမ္မပါလ
අනගාරික ධර්මපාල
အနာဂါရိက ဓမ္မပါလ
မွေးဖွား၁၇ စက်တင်ဘာ၊ ၁၈၆၄
Matara, Ceylon
ကွယ်လွန်29 April 1933 (aged 68)
Sarnath, India
နိုင်ငံလူမျိုးSinhalese
အခြား အမည်များDon David Hewavitarane
လူမျိုးသီဟိုဠ်
ပညာရေးChristian College, Kotte,
St Benedict's College, Kotahena,
S. Thomas' College, Mutwal,
Royal College, Colombo
ကျော်ကြားမှုအရင်းခံSri Lankan independence movement,
revival of Buddhism,
Representing Buddhism in the Parliament of World Religions(1893) / Buddhist missionary work in three continents
မိဘ(များ)Don Carolis Hewavitharana
Mallika Dharmagunawardhana
လက်မှတ်

ဘဝအစောပိုင်း နှင့် ပညာရေး

အသက် ၂၉ နှစ်ရွယ် အနာဂါရိက ဓမ္မပါလ (၁၈၉၃)

အနာဂါရိကဓမ္မပါလကို စက်တင်ဘာလ ၁၇ ရက်၊ ၁၈၆၄ တွင် မွေးဖွားခဲ့သည်။ မွေးဖွားသည့် နေရာမှာ Matara, Ceylon ဖြစ်ပြီး မိဘအသိုင်းအဝိုင်းမှာ ချမ်းသာကြွယ်ဝသည်။ သူမွေးဖွားလာသော ခေတ်မှာ အင်္ဂလိပ်ကိုလိုနီခေတ်ဖြစ်ပြီး Christian College, Kotte; St Benedict's College, Kotahena; S. Thomas' College, Mutwal[၃][၄] နှင့် Colombo Academy (Royal College) တို့တွင် ပညာသင်ကြားခဲ့သည်။

ဗုဒ္ဓဘာသာ ပြန်လည်သက်ဝင်လာခြင်း

၁၈၇၅ ခုနှစ် နယူးယောက်မြို့တွင် ဗုဒ္ဓဘာသာကို လေ့လာလိုက်စားနေကြသည့် မဒမ်ဘလဗတ်စကီ Madame Blavatsky နှင့် ဗိုလ်မှူးကြီးအိုကော့ Colonel Olcott တို့က ဘာသာရေးအဖွဲ့ Theosophical Society တခုကို တည်ထောင်လိုက်ကြသည်။ သူတို့သည် ၁၈၈၀ ခုနှစ်တွင် သီဟိုဠ်နိုင်ငံသို့ ရောက်ရှိလာကာ သီဟိုဠ်သံဃာ့အဖွဲ့အစည်းထံတွင် သရဏဂုံနှင့်တကွ သီလများဆောက်တည်ကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်။ ဗိုလ်မှူးကြီးသည် သီဟိုဠ်၌ပင် ဘဝကို မြုပ်နှံလိုက်ပြီး ဗုဒ္ဓဘာသာကျောင်းပေါင်း ၃၀၀ ကျော်ကို ထူထောင်ခဲ့လေသည်။ ထိုကျောင်းများကို ယနေ့ထိတိုင် တွေ့မြင်နိုင်သေးသည်။ ထိုကာလမှာပင် ဟေဝဗီတာနာ Hewavitarne သည် သူ၏အမည်အား အနာဂါရိကဓမ္မပါလ ဟု ပြောင်းလဲလိုက်သည်။
ဓမ္မပါလ၏ အဓိပ္ပာယ်မှာ တရားကို စောင့်ရှောက်သူဖြစ်ပြီး ပါဠိစကားလုံးဖြစ်သည့် အနာဂါရိက သည် အိမ်ရာထူထောင်ခြင်းကင်းသူ ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် သာသနာ့ဝန်ထမ်းရဟန်းလည်း မဟုတ်၊ အိမ်ထောင်သားမွေးပြုသူလည်း မဟုတ်သော အလယ်အလတ်ကျင့်စဉ်တမျိုးဖြစ်သည်။ အနာဂါရိက ဓမ္မပါလသည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ထာဝရစောင့်ထိန်းသူဖြစ်ပြီး မြတ်ဗုဒ္ဓ၏ သာသနာပြုလုပ်ငန်းများအတွက် ဘဝကို မြုပ်နှံထားသူတစ်ဦး ဖြစ်သည်။ သူသည် အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဦးပြည်းကတုံးမဟုတ်ပေ။ အမြဲတမ်းခရီးသွားနေရသူ သူ့အတွက် ရဟန်းတို့၏ ဝိနည်းကို စောင့်ထိန်းရန် မလွယ်ကူပါ။ သူ့အား ဘုရားအလောင်းကျင့်စဉ်ကို ကျင့်သူဟု သီရိလင်္ကာနိုင်ငံသားတို့က ယုံကြည်ကြသည်။

[၅]

မြတ်ဗုဒ္ဓအား ကျေးဇူးဆပ်ခြင်း

၁၈၉၁ ခုနှစ်တွင် အနာဂါရိကဓမ္မပါလသည် ဗုဒ္ဓမြတ်စွာဉာဏ်အလင်းရတော်မူခဲ့သည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးရောက်ရှိခဲ့သည်။ ထိုအချိန်က ဗုဒ္ဓဂါယာမှာ ဟိန္ဒူများလက်တွင်းသို့ ကျရောက်လျှက် ဗုဒ္ဓရုပ်ပွားတော်မှာလည်း ဟိန္ဒူနတ်ဘုရားတပါး ဖြစ်နေ၍ ဗုဒ္ဓဘာသာဘုရားဖူးများအားလည်း ဝင်ရောက်ခွင့်မပြုသည်ကို တုန်လှုပ်စွာတွေ့ရှိသည်မှ စ၍ အနာဂါရိက ဓမ္မပါလသည် အသိပေးလှုံဆော်သည့် လှုပ်ရှားမှုတခုကို စတင်လိုက်သည်။ ၁၈၉၁ ခုနှစ်၌ပင် မဟာဗောဓိအဖွဲ့အစည်းကို ကိုလံဘိုမြို့တွင် ထူထောင်ခဲ့ပြီး နောက်တနှစ်မှာပင် ကာလကတ္တားမြို့သို့ ရွှေ့ပြောင်းလိုက်သည်။ မဟာဗောဓိအသင်း၏ အဓိကရည်ရွယ်ချက်မှာ သံဝေဇနိယလေးဌာနတွင် အရေးကြီးသည့် ဗုဒ္ဓဂါယာအား ဗုဒ္ဓဘာသာဝင်တို့ ထိန်းချုပ်ရေးအောက်သို့ ရောက်ရှိရေးပင် ဖြစ်သည်။ မဟာဗောဓိအသင်းခွဲများ အိန္ဒိယနိုင်ငံအနှံအပြားတွင် ပေါ်ပေါက်လာပြီးနောက် အိန္ဒိယနိုင်ငံသားတို့၏ ဗုဒ္ဓဘာသာအပေါ်တွင် စိတ်ဝင်စားမှုများပြားလာကာ ဘာသာကူးပြောင်းမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ဗုဒ္ဓဂါယာအား ရာစုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သော ဆာဒူးကြီးကိုလည်း ပိုင်ဆိုင်မှုအတွက် တရားရုံးသို့ဆင့်ခေါ်ကာ တရားစွဲခဲ့သည်။
[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား