အချစ်ဦးဟူသည် (၂၀၁၀ ထိုင်းရုပ်ရှင်)

အချစ်ဟု ခေါ်သော ရူးနှမ်းတဲ့ အရာလေး ဟုလည်း သိသော အချစ်ဦးဟူသည် (ထိုင်း: สิ่งเล็กเล็ก ที่เรียกว่า...รัก, Sing lek lek thi riak wa... rak, lit. "A Crazy Little Thing Called Love") ရုပ်ရှင်ကားသည် ၂၀၁၀ ထိုင်း အချစ်ဟာသရုပ်ရှင်ကားတစ်ကား ဖြစ်ကာ၊ မာရီယို မူရား နှင့် ပင်းချနုတ် လူးဗွီဆတ်ဖိုင်းဘွန်း သရုပ်ဆောင်ထားသည့် ၂၀၁၁ အာရှတွင် တငွေ့ငွေ့နှင့် အောင်မြင်လာသော ရုပ်ရှင်ကားလည်း ဖြစ်သည်။

First Love (A Crazy Little Thing Called Love)
สิ่งเล็กเล็ก ที่เรียกว่า...รัก
အခြေခံအချက်အလက်
ဒါရိုက်တာPuttipong Pormsaka Na-Sakonnakorn
Wasin Pokpong
ထုတ်လုပ်သူSomsak Tejcharattanaprasert
Panya Nirankol
စာရေးသူPuttipong Pormsaka Na-Sakonnakorn
Wasin Pokpong Voraluk Klasukon
သရုပ်ဆောင်
ဓာတ်ပုံReungwit Ramasudh
ကြာမြင့်ချိန်
၁၁၈ မိနစ်
နိုင်ငံထိုင်းနိုင်ငံ
ဘာသာစကားထိုင်း
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဩဂုတ် ၁၂၊ ၂၀၁၀ (၂၀၁၀-၀၈-၁၂)
ထုတ်ဝေသူSahamongkol Film International Co. Ltd.
Workpoint Entertainment
ရောင်းရငွေ฿85,037,300[၁]

ဇာတ်လမ်း

မျက်မှန်တပ်ထားရပြီး မည်းတူးနေသော နမ်သည် သူ၏ကျောင်းမှ နာမည်ကြီး ကျောင်းသားတဦး ဖြစ်သူ အစ်ကိုရှုံး (ရှုံးဟုလည်း ခေါ်) ကို ကြိတ်ကြွေနေသော်လည်း သူနှင့်  လိုက်ဖက်မည်မဟုတ်ဟု ခံစားနေရသည်။ သူငယ်ချင်းသုံးယောက်၏ မြှောက်ပေးမှုဖြင့် နမ်သည် ကိုယ်ချစ်ကြိုက်နေသူ၏ နှလုံးသားကို မှော်နည်းဖြင့် ဆွဲဆောင်နိုင်မည့် ချစ်ကြိုက်နည်း ၉ မျိုး စာအုပ်ထဲကအတိုင်း လိုက်လုပ်ဆောင်သည်။  ထိုအဆင့် ၉ ဆင့်အတိုင်း နမ်သည် မျက်မှန်မှ မျက်ကပ်မှန် ပြောင်းတပ်၍ လှအောင် လုပ်ခြင်း၊ စိန်သွားတပ်ခြင်းနှင့် အသားအရေ ဖြူလာအောင်တို့ကို လုပ်ရုံ သာမက ရှုံး၏ ဆိုင်ကယ်ထဲတွင်ပါ ချောကလက်ဗူး ထားခြင်းတို့ကို လုပ်သော်လည်း အောင်မြင်ပုံ မရချေ။ နမ်တွင် သူ့အဖေ အလုပ်လုပ်ရာ အမေရိကသို့ လိုက်ရန် ရည်မှန်းချက်လည်း ရှိသည်။ သူနှင့် သူ့ညီမ မည်သူဖြစ်ဖြစ် စာတွင် အဆင့်တစ်ရပါက လေယာဉ် လက်မှတ် ဝယ်ပေးမည်ဟု သူတို့အဖေက ကတိပေးထားခဲ့သည်။

အနိုင်ကျင့်တတ်သော ဖေးနှင့် ရန်ဖြစ်ရပြီး လိုချင်သော ထိုင်းအကအသင်းသို့ ဝင်ခွင့်မရတော့ဘဲ၊ အင်္ဂလိပ်ပြဇာတ်အသင်းသို့ ကျောင်းကပွဲအတွက် ဝင်ခဲ့ရသည်။ နမ်သည် ပြဇာတ်အတွက် စနိုးဝှိုက်အဖြစ် ကပြရန် အရွေးခံပြီး၊ ရှုံးမှာ စင်ဆေးသုတ်ရသည်။ ပြဇာတ်ကျေးဇူးဖြင့် ကျောင်းတွင် နမ်သည် တရှိန်ထိုး ရေပန်းစားလာပြီး၊ ကျောင်းဘင်ခရာအဖွဲ့တွင် ကျိုင်းကိုင်ရန် ထပ်မံ အရွေးခံရသည်။

အလယ်တန်း ဒုတိယနှစ်တွင် ရှုံး၏ ငယ်သူငယ်ချင်း တော့ပ် ကျောင်းပြောင်းလာသည်။  နမ်ကို မြင်မြင်ချင်း ချစ်ကြိုက်သွားပြီး အချစ်ကို ဝန်ခံလိုက်သည်။ လန့်သွားသော နမ်သည် သူ့ကို စိတ်ထိခိုက်မည်စိုး၍ မည်သို့မျှ မတုံ့ပြန်သည်ကို တော့က သူ့ကို လက်ခံသည်ဟု မှတ်ယူလိုက်သည်။ သူငယ်ချင်း တဦး၏ မွေးနေ့ပါတီ ဆင်နွဲကြစဉ် တော့က သူတို့နှစ်ယောက်တွင် မိန်းကလေး တယောက်တည်းကို ပြိုင်မကြိုက်ရန် ထားထားသော ကတိ ရှိကြောင်း ပြောပြီးနောက် နမ်ကို ရုတ်တရက် နမ်းလိုက်ရာ နမ်သည် ထိုအခြေအနေကို စိတ်မသက်မသာ ဖြစ်ရသည်။ ဤသို့ နမ်သည် တော့ပ်၊ ရှုံးတို့ သူငယ်ချင်းများနှင့် အဖွဲ့ကျနေစဉ် ငယ်ပေါင်းကြီးပေါင်း သူငယ်ချင်းများနှင့် ဆက်ဆံရေး ကျဲသွားရသည်။ တတိယနှစ် ရောက်သည်အထိ တယောက်နှင့် တယောက် စကားပင် ဟုတ်တိပတ်တိ မပြောဖြစ်ကြတော့။

သူ့၏ ခံစားချက်များ ကွယ်ဝှက်မထားနိုင်တော့ဘဲ စာမေးပွဲကြီး ပြီးကာနီးတွင် တော့ပ်နှင့် လမ်းခွဲလိုက်သည်။ စာမေးပွဲတွင် အဆင့်တစ် ရသောကြောင့် နမ် အမေရိက သွားနိုင်မည် ဖြစ်သည်။  ငိုကြီးချက်မဖြင့် သူငယ်ချင်းများနှင့် ပြန်တည့်သွားပြီးနောက် သူငယ်ချင်းများက နမ်ကို ဒသမမြောက် နည်းလမ်းကို အသုံးပြုရန် အကြံပေးသည်၊ ယင်းမှာ တိုက်ရိုက် ဖွင့်ပြောလိုက်ရန်ပင် ဖြစ်သည်။ သို့သော်လည်း ကံခေလှစွာပင်၊ ရှုံးက သူငယ်ချင်းဖြစ်သူ ပင်နှင့် ဒိတ်နေကြောင်း ပြောပြသည်။ ထိုည၌ ရှုံး အိမ်ပြန်လာရာ ပရော်ဖက်ရှင်နယ် ကလပ်အတွက် လေ့ကျင့်ရေးအစီအစဉ်တွင် ရွေးချယ်ခံရကြောင်း သိပြီး၊ နောက်တနေ့မနက်တွင် ကမ့်သို့ ထွက်ခွာရတော့မည်။ သူသည် အခန်းသို့ သွားပြီး နမ်ဓာတ်ပုံတွေ ပါသော ဒိုင်ယာရီ စာအုပ်ကို ထုတ်သည်။ အမှန်မတော့ နမ် ပုံပန်း မပြောင်းလဲမီကတည်းက ရှုံး ချစ်လာခဲ့သော်လည်း ဝန်ခံရန် သတ္တိ မရှိခဲ့ခြင်း ဖြစ်သည်။ နမ့်အိမ်ရှေ့တွင် သူ့ဒိုင်ယာရီကို ထားပြီး ထွက်လာချိန်နှင့် တချိန်တည်းမှာပင် အငြင်းခံလိုက်ရသော နမ်သည်လည်း အိပ်ခန်းထဲ၌ ဝမ်းနည်းလျက် ရှိနေခဲ့သည်။

ကိုးနှစ်ကြာပြီးနောက်၊ နမ်နှင့် ရှုံးသည် အောင်မြင်သော ဖက်ရှင်ဒီဇိုင်းနာနှင့် ဓာတ်ပုံဆရာ အသီးသီး ဖြစ်လာသည်။ နမ်သည် ထိုင်းသို့ ပြန်လာပြီး ရှိုးပွဲသို့ တက်ရောက်လာသည်။ သူ အံ့အားသင့်သွားသည်မှာ ရှုံးသည်လည်း တက်ရောက်လာပြီး သူ့ကို ထိုနှစ်များစွာအတွင်း မျှော်လင့်စောင့်စားနေခဲ့သည်ဟု ဖွင့်ဟလိုက်လေသည်။

သရုပ်ဆောင်များ

  • ရှုံးအဖြစ် မာရီယိုမူရာ၊ ကျောင်းတွင်းစတား ၁၀ တန်းကျောင်းသား။ နိုင်ငံအတွက် ကန်သော ချန်ပီယံဗိုလ်လုပွဲတွင် ပင်နယ်တီ လွဲချော်သွားသဖြင့် အနားယူလိုက်သော ဘောလုံးသမား တဦး၏ သားဖြစ်သည်။ ထို အဖြစ်အပျက် ပြီးနောက်၊ ရှုံးကို 'ပင်နယ်တီလွဲတဲ့ကောင်'ဟု စခြင်း ခံရသည်။ ရှုံးသည် ကျောင်းတွင် ဘောလုံးကစား တော်သော်လည်း ပင်နယ်တီကန်ရန် အမြဲ ငြင်းဆန်သောကြောင့် ကျောင်းအသင်းတွင် ပါခွင့်မရချေ။ ရှုံးသည် ဓာတ်ပုံပညာကိုလည်း ဝါသနာပါသဖြင့်၊ ပြိုင်ပွဲ တခုတွင် ဆုရသည်။
  • ပင်ချနွတ် လူးဗီဆဒ်ပိုင်ဘူးသည် အသားမည်းမည်း၊ မျက်မှန်ထူထူ၊ ကျောင်းပုံသွင်းထားသော ဆံပင်ပုံနှင့် နမ်အဖြစ်။  အမေနှင့် ညီမလေးနှင့်အတူ နေထိုင်ပြီး၊ မိခင်မှာ စားသောက်ဆိုင်တည်းခိုခန်း လုပ်ကိုင်ပြီး၊ ဖခင်မှာ အမေရိကတွင် ထိုင်းစားဖိုမှူး လုပ်၍ အိမ်ကို ထောက်ပံ့သည်။ နမ်တွင် အခင်ဆုံး သူငယ်ချင်း သုံးယောက် ရှိကာ ကျောင်းတွင်း ပုံမလာဆုံး မိန်းကလေးအဖွဲ့အဖြစ် သတ်မှတ်ခံရသည်။ နမ်တွင် ကျောင်းစာတွင် သိပ်မဟန်လှသော်လည်း အင်္ဂလိပ်စာ တဘာသာသာလျှင် ထူးချွန်သည်။
  • ဆရာမ အင်းအဖြစ် ဆုဒါရတ် ဘတ်ထပေါ၊ ဆရာပွန်ကို ရရန်အတွက် ဆရာမ အွန်နှင့် ပြိုင်ရသူ နမ်၏အတန်းပိုင် အင်္ဂလိပ်ဆရာမ ဖြစ်ကာ၊ လူကြိုက်နည်းလှသော အင်္ဂလိပ်ပြဇာတ်အသင်း၏ ခေါင်းဆောင် ဖြစ်သည်။ ဘင်ခရာအဖွဲ့တွင် ကျိုင်းကိုင်နေရာအတွက် ခေါင်းကိုက်နေစဉ် နမ်ကို တွေ့ပြီး ရွေးချယ်လိုက်သည်။ ဇာတ်သိမ်းတွင် ဆရာပွန် ကျောင်းက ထွက်သွားပြီးနောက် အသစ်ရောက်လာသော ကာယဆရာသစ်နှင့် အချစ်သစ်ကို တွေ့ရှိသွားသည်။
  • ကျောင်းဘောလုံးအသင်း၏ နည်းပြနှင့် ကာယဆရာ ဆရာပွန်အဖြစ် တန်းငိ နမွန်းတို၊ မည်သူကိုမျှ မျက်နှာသာမပေးသော်လည်း ဆရာမအင်းနှင့် ဆရာမအွန်တို့က လိုက်ခြင်း ခံရသည်။
  • ကျောင်းသူများကြားတွင် ရေပန်းစားသော ထိုင်းပြဇာတ်အသင်း၏ ခေါင်းဆောင် ဆရာမအွန်အဖြစ် ပီဂျီတြာ ဆရီဝါရပန်၊ သူ့အသင်းတွင် ကျောင်းသူအချောအလှများသာ စုဝေးနေသည်။ ဆရာမအင်းနှင့် အပြိုင် ဆရာပွန်ကို ပိုရွသောနည်းဖြင့် ပိုးပန်းသည်။
  • ၁၁ တန်း နှစ်လယ်ရောက်မှ ပြောင်းလာသော ကျောင်းသားသစ် တော့ပ်အဖြစ် အချရနပ် အရိယရစ်ဝိကိုး၊ ရှုံး၏ ငယ်သူငယ်ချင်း ဖြစ်ပြီး၊ သူရောက်လာပြီးနောက် ရှုံး၏ ရေပန်းစားမှုမှာ အလိုလို လျှောကျသွားသည်။ နမ်ကို စိတ်ဝင်စားပြီး ဒိတ်လုပ်ရန် ပြောသည်။ နမ်က သူ့ကို လမ်းခွဲလိုက်သည့်အခါ ရှုံးကို သူနှင့် မချစ်ကြိုက်ရန် ကတိတောင်းသည်။
  • ရှုံး၏ အတန်းဖော် ပင်အဖြစ် ကချမတ် ပေါဆက န-ဆကော်နကော၊ အင်္ဂလိပ်ပြဇာတ်အသင်းအတွက် မိတ်ကပ်ပြင်ပေးရန် ခန့်အပ်ခံရပြီး၊ ကျောင်းပြဇာတ်အတွက် စနိုးဝှိုက် ကမည့် နမ်ကို ချောမောအောင် အောင်မြင်စွာ ပြင်ပေးခဲ့သည်။ တခါက ဖေးက နမ်ကို ငပိရည်ထည့်ထားသော ကိုကာကိုလာ တိုက်သည်ကို ကာကွယ်ပေးခဲ့သည်။ ကျောင်းပြီးသွားသော်လည်း ရှုံးနှင့် ရင်းနှီးသော သူငယ်ချင်းအဖြစ် ဆက်နေပြီး၊ ရှုံးကို မကြာခဏ ကလေးထိန်းခိုင်းသည်။
  • နမ်၏ ရန်သူတော်ကြီး ဖေးအဖြစ် ယာနိက သုန်းဖရယွန်း၊ သူ့ကိုယ်သူ ကျောင်းကွမ်းတောင်ကိုင်ဟု စိတ်ကြီးဝင်ကာ ရှုံးကို ဆွဲဆောင်သည်။ ပင်က သူ နမ့်အပေါ် ပြုမူပုံကို ရှုံးအား ပြောပြလေသော်၊ တော့ပ်ဆီ ကပ်ပြန်သည်။
  • ဖရောင့် မောင့်ဂိုမာရီ၊ ရှုံး၏ မိခင်။

ဖြန့်ချိခြင်း

ထိုင်းဘုရင်မကြီးမွေးနေ့ အားလပ်ရက် ဖြစ်သော ဩဂုတ် ၁၂-၁၅ နှင့် တိုက်ဆိုင်ပြီး ပြသသော ပထမပတ်တွင် အချစ်ဦးဟူသည်သည် ဘုန်းကြီးများကို သရော်ထားသော ဟာသရုပ်ရှင် လွမ်ဖီး ၃ နှင့် အရုပ်ပုံပြင် ၃ တို့၏ နောက်တွင် တတိယ ချိတ်ခဲ့သော်လည်း၊ နောက်အပတ်တွင် ဒုတိယနေရာသို့ တက်လာသည်။ နောက်ဆုံး မျှော်လင့်ထားသည်ထက် ဒေါ်လာ ၂.၆ သန်းခန့် မြတ်စွန်းခဲ့သည်။

၂၀၁၁ ဇွန် ၅ တွင် ဖိလစ်ပိုင်ဘာသာစကားဖြစ်သော တာဂလော့ဖြင့် အသံထပ်ကာ ABS-CBN လိုင်းမှ ဦးစွာထုတ်လွှင့်ပြသပြီး၊ ဇွန် ၂၀ နှင့် အောက်တိုဘာ ၂၈ တွင် ပြန်ပြသည်။ ကြည့်ရှုသူများ တောင်းဆိုမှုကြောင့် ကျေးဇူးတော်နေ့ ည ၈ နာရီတွင် ၎င်း၏ ရုပ်ရှင်လိုင်းမှ ထိုရုပ်ရှင်ကို ပြန်လွှင့်ရသည်။ ကပမီလျာ ဘလော့ဘတ်စတာ ရုပ်ရှင်လိုင်းကလည်း ၂၀၁၂ မတ် ၃၀ နှင့် ဇွန် ၉ ရက်တွင် ထပ်ပြသည်။ ဖိလစ်ပိုင်အာရှ ဘလော့ဘတ်စတာရုပ်ရှင်ကွန်ယက် ကေဘယ်ရုပ်ရှင်ဝမ်းမှ ဖြတ်တောက်မထားသော ရုပ်ရှင်အပြည့်ကို ထုတ်လွှင့်ပြသသည်။

ထိုရုပ်ရှင်ကို ၂၀၁၁ ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်အတွက် တရုတ်ပြည်၊ ရှန်ဟိုင်းတွင် ပြသသည်။

ဇာတ်ဝင်တေးများ

  • "Someday"(တနေ့နေ့), sung by Marisa Sukosol Numphakdi
  • "A Little Thing Called Love"(အချစ်လို့ ခေါ်တဲ့ဟာလေး), sung by Wan Thanakrit
  • "Because of My Heart" (နှလုံးသားကြောင့်ဆိုရင်), sung by Chick Whantana
  • "Someday I'll Be Good Enough" (တနေ့နေ့မှာတော့ ကောင်းပေးနိုင်မှာပါ), sung by Bodyslam
  • "The Star" (ကြယ်ပွင့်), sung by Pimchanok Luevisadpaibul
  • "Day, Month, Year (DMY)" (နေ့ရယ်၊ လရယ်၊ နှစ်ရယ်), sung by Kachamat Pormsaka Na-Sakonnakorn

နေရာရခြင်း

၎င်းရုပ်ရှင်သည် အရင်းအနှီး သိပ်မများသော်လည်း ဝေဖန်ရေးဆရာများနှင့် ပရိသတ်တို့၏ အကောင်းမြင် ဝေဖန်ခြင်းကို ခံရသည်။ ထိုင်းနိုင်ငံတဝန်းလုံးရှိ ရုပ်ရှင်ရုံ တရာကျော်တွင် ပိတ်ရက် မြတ်စွန်းမှုအရ တတိယနေရာ ချိတ်သည်။ ထို့နောက် နောက်အပတ်တွင် ကွမ်မွန်ဟိုနောက် ဒုတိယ ချိတ်သည်။ အချစ်ဦးဟူသည်နှင့် အပြိုင် ရုံတင်ပြသသော အရုပ်ပုံပြင် ၃ အပါအဝင် အခြားရုပ်ရှင်ကား နှစ်ကားသည် တတိယနှင့် စတုတ္ထနေရာအသီးသီးသို့ လျှောကျသွားသည်။ နောက်လာသော ရက်သတ္တပတ်များတွင် ၎င်းသည် တတိယနေရာတွင်သာ စွဲမြဲနေပြီး၊ ခြောက်ပတ် ဆက်တိုက် ထိပ်ဆုံး ၅ နေရာတွင် တည်မြဲခဲ့သည်။ ရုပ်ရှင်ရုံများတွင် ဆယ်ပတ်နီးပါးမျှ (၂၀၁၀ အောက်တိုဘာလတိုင်ထိ) ပြသလိုက်ရပြီးလျှင် ထိုင်းရုပ်ရှင်ရုံသမိုင်းတွင် အကြာဆုံး ရုံတင်ပြသရသည့် ရုပ်ရှင်ကားများထဲမှ တကားအပါအဝင် ဖြစ်လာသည်။ ဒေါ်လာ ၂,၆၅၉,၄၄၃ စုစုပေါင်း မြတ်စွန်းကာ၊ ထိုင်းနိုင်ငံတွင်း ထုတ်လုပ်ပြီး အမြတ်အစွန်းအရဆုံးသော ဒုတိယရုပ်ရှင်ကား ဖြစ်လာသည်။

၂၀၁၁ နှစ်ဦးပိုင်း၌ အင်တာနက်ပေါ် ရုပ်ရှင်၏ ကော်ပီများစွာကို အခြားနိုင်ငံများစွာက ပြသခွင့် လျှောက်ထားရင်း တင်လာကြသည်။

ဖိလစ်ပိုင်တွင် ဖိလစ်ပိုင်အသံထပ်ပြီး ABS-CBN နက်ဝပ်က ၂၀၁၁ ဇွန် ၅ တွင် ဖရီးတီဗီမှ နေ၍ ထုတ်လွှင့်ပြသပြီးနောက် ကြည့်ရှုသူ တဟုန်ထိုး တက်လာသည်။ ဖရီးတီဗီ၌ ပထမဆုံး ပြပြီး နှစ်ပတ်သာသာတွင် နေ့ခင်းပိုင်း ကြည့်ရှုနှုန်း များပြားသည့်အတွက် ဇွန်လ ၂၀ တွင် ညနေခင်းအစီအစဉ် (afternoon slot) တွင်ပါ ထပ်ကာ ထုတ်လွှင့်လာရသည်။ ထိုအခါ ရုပ်ရှင်ပြသသော အချိန်ပိုင်းတွင် အခြားတီဗီအစီအစဉ်များနှင့် နှိုင်းစာသော ကြည့်ရှုနှုန်း အမြင့်ဆုံး ရခဲ့သည်။

ထိုင်းပြည်တွင်းအဝတ်အစားထုတ်ကုန်တခုကို အရောင်းမြှင့်တင်ပြီး နောက်တရက်ဖြစ်သော ၂၀၁၃ ဩဂုတ် ၃ တွင် ရုပ်ရှင်၏ အဓိကဇာတ်ဆောင်များ ဖြစ်သော မာရီယိုမူရာနှင့် ပင်ချနွတ် လူးဗီဆဒ်ဘူးတို့သည် ဖန်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိလစ်ပိုင်သို့ အတူတကွ ရောက်ရှိသည်။

ဖိလစ်ပိုင်တွင် ထိုရုပ်ရှင် အောင်မြင်မှုကြောင့်၊ ဖိလစ်ပိုင်မင်းသမီး အဲရစ် ဂွန်ဇာလစ်နှင့် မာရီယိုမူရာ၊ ပင်ချနွတ် လူးဗီဆဒ်ဘူးတို့ကို ဖိလစ်ပိုင် အချစ်ဟာသ ရုပ်ရှင်ဖြစ်သော ရုတ်တရက်ကြီး မှော်ဖြစ်တယ်တွင် သရုပ်ဆောင်စေပြီး၊ စတားရုပ်ရှင်က ထုတ်လုပ်ဖြန့်ချိသည်။

ဆုနှင့်ဇကာတင်

နှစ်ဆုကဏ္ဍဇကာတင်လက်ရာရလဒ်
2010Top AwardsBest Movie of the YearFirst Loveဆုရရှိ
Best Film DirectorPuttipong Pormsaka Na-Sakonnakorn & Wasin Pokpongဆန်ခါတင်
Favorite Film ActorMario Maurerဆုရရှိ
Favorite Film Rising Star FemalePimchanok Luevisadpaibulဆုရရှိ
Best Supporting ActressSudarat Budtpormဆုရရှိ
8th Starpics Thai Film AwardsBest Actressဆုရရှိ
19th Bangkok Critics Assembly AwardsBest Supporting Actressဆုရရှိ
Best-Looking ActorMario Maurerဆန်ခါတင်
Star Entertainment AwardsBest ActressSudarat Budtpormဆုရရှိ
Favorite ActorMario Maurerဆန်ခါတင်
20118th Kom Chad Luek AwardsActress Excellent (Movie)Pimchanok Luevisadpaibulဆန်ခါတင်
3rd Okinawa International Movie FestivalLaugh Category Uminchu Prize Grand PrixFirst Loveဆုရရှိ
Thailand Film Festival AwardsFilm of the Yearဆုရရှိ
Actress in a Leading RolePimchanok Luevisadpaibulဆုရရှိ
Music Field from the Motion Picture of the YearFirst Loveဆန်ခါတင်
20th Supanahongsa AwardsBest ActressPimchanok Luevisadpaibulဆန်ခါတင်
Outstanding Music Composition AwardGround Musicဆန်ခါတင်
Music Excellence AwardFirst Loveဆန်ခါတင်
MThai Top Talk AwardsTop Talk-About Movieဆုရရှိ
Star Couple for 2011Mario Maurer and Pimchanok Luevisadpaibulဆုရရှိ
21st Thailand National Film Association AwardsBest ActressPimchanok Luevisadpaibulဆန်ခါတင်
Best Original SongFirst Loveဆန်ခါတင်
13th Udine Far East Film FestivalTechnicolor Asia Awardဆုရရှိ
Siam Dara Star AwardsBest Filmဆန်ခါတင်
Best DirectorPuttipong Pormsaka Na-Sakonnakorn & Wasin Pokpongဆန်ခါတင်
Outstanding Film ActressPimchanok Luevisadpaibulဆန်ခါတင်
Rising Star Award for Best Female Actressဆန်ခါတင်
Seventeen Choice AwardsHottie MaleMario Maurerဆန်ခါတင်

နောက်ဆက်တွဲဇာတ်လမ်း

၂၀၁၂ တွင်၊ အချစ်ဦးဟူသည်ဇာတ်ကား၏ နောက်ဆက်တွဲကို ထပ်မံ ရိုက်ကူးထုတ်လုပ်မည်ဟု ကြေညာခဲ့သော်လည်း၊ ယင်းနှင့် သက်ဆိုင်သည့် နောက်ထပ် သတင်းကြေညာချက် ထပ်မံ ထွက်ပေါ်မလာခဲ့တော့ချေ။

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား