အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ်

အကဲဖြတ်ဆန်းစစ်ခြင်းမပြုရသေးသော မျိုးစိတ် ( Not Evaluated - NE ) ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် အန္တရာယ်ကျရောက်နေသော မျိုးစိတ်များဆိုင်ရာ IUCN အနီရောင်စာရင်းတွင် အမျိုးအစားခွဲခြားဖော်ပြရန် အကဲဖြတ်ခြင်း မပြုရသေးကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ၎င်းမျိုးစိတ်အပေါ် ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း အမျိုးအစားသတ်မှတ်ပေးခြင်း ဖြစ်သည်။[၁][၂]

ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
Bufo periglenes ဤဓာတ်ပုံသည် ၁၅ မေ ၁၉၈၉ တွင်ရိုက်ကူးနိုင်ခဲ့သော ရွှေရောင်ဖားငယ် မျိုးစိတ် (ဘပ်ဖို ပယ်ရစ်ဂလင်း) ၏ နောက်ဆုံးမှတ်တမ်းဓာတ်ပုံဖြစ်သည်။
မျိုးသုဉ်းသည့် အဆင့်
အန္တရာယ်မြင့်မားသည့် အဆင့်
အန္တရာယ်နည်းပါးသည့် အဆင့်

အခြားသတ်မှတ်မှု အဆင့်

ဆက်စပ်​သော အကြောင်းအရာများ

IUCN Red List category abbreviations (version 3.1, 2001)
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့်
အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု

NatureServe category abbreviations

ဤထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးအစားသည် မျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမည့် အန္တရာယ်ကိုညွှန်ပြရန် IUCN မှ အကဲဖြတ်သတ်မှတ်သည့် အန္တရာယ်ကျရောက်မှု အမျိုးအစား ကိုးမျိုးထဲမှတစ်ခုဖြစ်သည်။ ၎င်းအမျိုးအစားများတွင် အရောင်ဖြင့်ဖော်ပြသော 'မျိုးသုဉ်းခြင်း' () အမျိုးအစားမှ 'အန္တရာယ်ကျရောက်နိုင်ချေမရှိ' () အမျိုးအစားအထိသည် အရေးယူလုပ်ဆောင်ရန် သတ်မှတ်ပေးခြင်းဖြစ်သည်။ အခြားသောသတ်မှတ်ချက်များဖြစ်သည့် 'အချက်အလက်ပြည့်စုံမှုမရှိ' () နှင့် 'အကဲဖြတ်ဆန်းစစ်ထားခြင်းမရှိ' () အမျိုးအစားများသည် အန္တရာယ်ကျမှုအဆင့်ဖော်ပြနိုင်သော အမျိုးအစားများ၌ ထည့်သွင်းသတ်မှတ်ရန် လုံလောက်အောင် မသုံးသပ်ရသေးသော မျိုးစိတ်များကို ညွှန်ပြခြင်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် အရောင်ဖြင့်သတ်မှတ်မှုများကဲ့သို့ အကျုံးဝင်မှုမရှိပါ။[၃]

IUCN မှ အမျိုးအစားသတ်မှတ်ချက်အလိုက် အရောင်ခွဲခြားထားမှု (V 3.1)

မှတ်စုနှင့် ကိုးကားချက်များ

 

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား