သံယုတ္တနိကာယ်

သံယုတ္တနိကာယ် (ပါဠိ: သံယုတ္တနိကာယ; Saṃyutta Nikāya) သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်များများမှ သုတ္တန်ပိဋကတ်တွင်ပါဝင်၍ နိကာယ်ငါးရပ်အနက် တတိယမြောက်နိကာယ်ဖြစ်ကာ "အချင်းချင်း ဆက်စပ်မှုရှိသောကြောင့် ဟောသောတရားများ" ဟူ၍ ယေဘုယျအားဖြင့် အနက်ရရှိသည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း "Connected Discourses" သို့ "Kindred Sayings" ဟု ခေါ်ဆိုရေးသားကြသည်။

ဤနိကာယ်၌ ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း၊ တရားအားဖြင့်လည်းကောင်း သဘောအားဖြင့်လည်းကောင်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြခဲ့ကြသည်။

အချုပ်အားဖြင့် သံယုတ် ငါးကျမ်းရှိရာ ၎င်းတို့မှာ

  1. သဂါထာဝဂ္ဂသံယုတ်
  2. နိဒါနဝဂ္ဂသံယုတ်
  3. ခန္ဓဝဂ္ဂသံယုတ်
  4. သဠာယတနဝဂ္ဂသံယုတ်
  5. မဟာဝဂ္ဂသံယုတ် များဖြစ်ကြသည်။

ဤသံယုတ်ငါးကျမ်း၌ သုတ်ပေါင်း ၇၇၆၂-သုတ်မျှ ပါရှိသည်ဟု အဋ္ဌကထာဆရာတို့က ဆိုကြသည်။ သို့သော် ဆဋ္ဌသင်္ဂါယနာမူအရ သုတ်ပေါင်း သုံးထောင်ကျော် (၃၀၄၂) ခန့်ရှိသည်ဟု တင်ပြကြသည်။[၁]

ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ် ကောင်းလေသည်။ သဂါထာဝဂ္ဂသံယုတ်မှာ နီတိဂါထာများသဖွယ် လွယ်ကူသော တရားဂါထာများကို စုပေါင်း မှတ်တမ်းတင်ထားသဖြင့် နက်နဲသော တရားသဘောများကို သိလွယ်အောင် တင်ပြထားသည်ကို တွေ့ရ၏။ ထိုနည်းတူစွာ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ် စသည်ဖြင့် ဆိုင်ရာ ဆိုင်ရာ တရားသဘောများကို ဆိုင်ရာ ခေါင်းစဉ်အောက်တွင် အလွယ်တကူ ကြည့်နိုင်သဖြင့် ကြည့်ရှု၍လည်း လွယ်ကူလှပေသည်။[၂]

ပါဝင်ဖွဲ့စည်းမှု

ဝဂ္ဂဖော်ပြချက်နိုင်ငံတကာ သံယုတ်အမှတ်စဉ်သံယုတ်အမည်
အပိုင်း ၁၊
သဂါထာဝဂ္ဂ
ထေရဂါထာ၊ ထေရီဂါထာ၊ သုတ္တနိပါတ်၊ ဓမ္မပဒဇာတက စသော ပါဠိကျမ်းစာများ၏ အပိုင်းများနှင့်တူညီသော သုတ္တန်အစုအဝေးများ[၃]SN 1-111. ဒေဝတာသံယုတ်

2. ဒေဝပုတ္တသံယုတ်

3. ကောသလသံယုတ်

4. မာရသံယုတ်

5. ဘိက္ခုနီသံယုတ်

6. ဗြဟ္မသံယုတ်

7. ဗြဟ္မဏသံယုတ်

8. ဝင်္ဂီသသံယုတ်

9. ဝနသံယုတ်

10. ယက္ခသံယုတ်

11. သက္ကသံယုတ်

အပိုင်း ၂၊
နိဒါနဝဂ္ဂ
နိဒါန (အကြောင်းခံများ) နှင့်စပ်လျဉ်းသည့် သုတ္တန်အစုအဝေးများ။SN 12-211. နိဒါနသံယုတ်

2.အဘိသမယသံယုတ်

3. ဓာတုသံယုတ်

4. အနမတကဂ္ဂသံယုတ်

5. ကဿပသံယုတ်

6. လာဘသက္ကာရသံယုတ်

7. ရာဟုလသံယုတ်

8. လက္ခဏသံယုတ်

9. ဩပမ္မသံယုတ်

10. ဘိက္ခုသံယုတ်

အပိုင်း ၃၊
ခန္ဓဝဂ္ဂ
ခန္ဓာငါးပါး (သို့) ခန္ဓ နှင့် စပ်လျဉ်းသော သုတ္တန်အစုအဝေးများSN 22-341. ခန္ဓသံယုတ်

2. ရာဓသံယုတ်

3. ဒိဋ္ဌိသံယုတ်

4. ဩက္ကန္တသံယုတ်

5. ဥပ္ပါဒသံယုတ်

6. ကိလေသသံယုတ်

7. သာရိပုတ္တသံယုတ်

8. နာဂသံယုတ်

9. သုပဏ္ဏသံယုတ်

10. ဂန္ဓဗ္ဗကာယသံယုတ်

11. ဝလာဟကသံယုတ်

12. ဝစ္ဆဂေါတ္တသံယုတ်

13. ဈာနသံယုတ်

အပိုင်း ၄၊
သဠာယတနဝဂ္ဂ
အာဒိတ္တပရိယာရ (မီးကဲ့သို့ တောက်လောင်လျက်ရှိသည်ကို ဟောသောတရား) အပါအဝင် အာယတန ၁၂-ပါး နှင့်စပ်လျဉ်းသော သုတ္တန်အစုအဝေးSN 35-441. သဠာယတနသံယုတ်

2. ဝေဒနာသံယုတ်

3. မာတုဂါမသံယုတ်

4. ဇမ္ဗုခါဒကသံယုတ်

5. သာမဏ္ဍကသံယုတ်

6. မောဂ္ဂလာနသံယုတ်

7. စိတ္တသံယုတ်

8. ဂါမနိသံယုတ်

9. အသင်္ခတသံယုတ်

10. အဗျာကတသံယုတ်

အပိုင်း ၅၊
မဟာဝဂ္ဂ
ကြီးကျယ်သော သုတ္တန်အစုအဝေးSN 45. မဂ္ဂင် ၈ ပါး1. မဂ္ဂသံယုတ်
SN 46. ဗောဇ္ဈင်ခုနစ်ပါး2. ဗောဇ္ဈင်္ဂသံယုတ်
SN 47. သတိပဋ္ဌာန် (၄) ပါး3. သတိပဋ္ဌာနသံယုတ်
SN 48. ဣန္ဒြေ (၅) ပါး4. ဣန္ဒြိယသံယုတ်
SN 49. သမ္မပ္ပဓာန် (၄) ပါး5. သမ္မပ္ပဓာနသံယုတ်
SN 50. ဗိုလ် (၅) ပါး6. ဗလသံယုတ်
SN 51. ဣဒ္ဓိပါဒ် (၄) ပါး7. ဣဒ္ဓိပါဒသံယုတ်
SN 52. အနုရုဒ္ဓ သုတ်များ8. အနုရုဒ္ဓသံယုတ်
SN h 53. ဈာန်အင်္ဂါများ9. ဈာနသံယုတ်
SN 54. အာနာပါန10. အာနာပါနသံယုတ်
SN 55. သောတာပန်11. သောတာပတ္တိသံယုတ်
SN 56. သစ္စာ12. သစ္စသံယုတ်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား