သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း

သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ လူ ၃၂,၀၀၀ ဝင်ဆံပြီး အောင်ဆန်း အားကစားကွင်းထက် ဝင်ဆံ့မှုနည်းသည်။ သို့သော် သုဝဏ္ဏ အားကစားကွင်းသည် ပို၍ ခေတ်မီသည်။ နိုင်ငံလက်ရွေးစင် ဘောလုံးပွဲများနှင့် နိုင်ငံတကာ ဘောလုံးပွဲ အများစုကို ထိုကွင်းတွင်ပင် ကျင်းပလေ့ရှိသည်။ ဘောလုံးတင်သာမက အခြား အားကစားများလည်း ကျင်းပသည်။

သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း
သုဝဏ္ဏ အားကစားကွင်း, Thuwunna YTC Stadium
သုဝဏ္ဏအားကစားကွင်း
တည်နေရာသင်္ဃန်းကျွန်းရန်ကုန်မြို့,  မြန်မာ
ကိုဩဒိနိတ်16°49′16.73″N 96°11′12.58″E / 16.8213139°N 96.1868278°E / 16.8213139; 96.1868278 96°11′12.58″E / 16.8213139°N 96.1868278°E / 16.8213139; 96.1868278
ပိုင်ဆိုင်သူကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ဝင်ဆံ့ပမာဏ၃၂,၀၀၀[၁]
မျက်နှာပြင်မြက်
ဖွင့်လှစ်၁၉၈၅
သုဝဏ္ဏ အားကစားကွင်းကို အပြင်ဘက်မှ မြင်ရစဉ်

သုဝဏ္ဏကွင်းတွင် ပြေးလမ်း ၈ ခုပါရှိပြီး မြန်မာပြည်တွင် နိုင်ငံတကာစံ(IAAF)နှင့် အညီ တည်ဆောက်ထားသော ပထမဆုံးကွင်းလည်း ဖြစ်သည်။[၂]

သမိုင်းကြောင်း

ဤကွင်းအား ၁၉၈၀ပြည့်နှစ်များတွင် "လူငယ်များလေ့ကျင့်ရေး ဗဟိုဌာန" (Youth Training Center)အဖြစ် ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လူငယ်များ လေ့ကျင့်ရန်အတွက်သာဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာပွဲများ လက်ခံကျင်းပသည်အထိ ရှိလာခဲ့သည်။ ကွင်း၏ အနောက်ဘက်ရှိ အရေးကြီးပုဂ္ဂိုလ်ပွဲကြည့်စင်မှာ အမိုးပါရှိပြီး ကျန်ပွဲကြည့်စင်များမှာ အမိုးမပါသည့်အပြင် တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။[၃]

၂၀၁၃ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း အ​ရှေ့ဘက်ပွဲကြည့်စင်အား မွမ်းမံ​နေစဉ်

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပွဲစဉ်အချို့ကို လက်ခံကျင်းပရန်အတွက် အားကစားကွင်းကို အကြီးစား မွမ်းမံခဲ့သည်။ အနောက်ဘက်ပွဲကြည့်စင်နည်းတူ တစ်ဆင့်ထပ်မံတိုးချဲ့ခဲ့သည်။ မူလဒီဇိုင်းတွင် အမိုးအပြည့်တပ်ဆင်ရန် စီစဉ်ခဲ့သော်လည်း အရှေ့ဘက်ပွဲကြည့်စင်ကိုသာ အမိုးတပ်ဆင်ခဲ့သည်။[၄][၅]

မြန်မာအမျိုးသားဘောလုံးအသင်းများ၏ ပွဲစဉ်အများစုကို လက်ခံကျင်းပနေဆဲဖြစ်ကာ ရန်ကုန်မြို့၏ အရေးပါသော အားကစားကွင်းဖြစ်နေဆဲဖြစ်သည်။ အားကစားကွင်းအနီးတွင် လေ့ကျင့်ရေးကွင်းများ၊ ဖူဆယ်အားကစားကွင်းအမျိုးသားအားကစားရုံ၊ ဘောလုံးအကယ်ဒမီ၊ အားကစားအဖွဲ့ချုပ်များ စသည်တို့တည်ရှိသည်။

အကြီးစားပြင်ဆင်ပြီး​နောက် ၂၀၁၃ခုနှစ်ကတွေ့ရစဉ်

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား