ဝိတိုရိယ ကြာပန်းပင်

ဝိတိုရိယ ကြာပန်းပင်
(သို့)
ဧရာမ ရေနေလီလီပန်း
(Victoria Lily or Giant Water Lily)
အမ်စတာဒမ် ရုက္ခဗေဒဥယျာဉ်ထဲ၌ အပွင့် ပွင့်နေသော ဝိတိုရိယ ကြာပန်းပင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
မျိုးစဉ်:Nymphaeales
မျိုးရင်း:Nymphaeaceae
မျိုးစု:Victoria
Lindley
မျိုးစိတ်များ

ဝိတိုရိယ ဘုရင်မ၏ ကြာပန်းပင် (Victoria amazonica) (Poepp.) Sowerby
ဆန်တာခရုဇ် ကြာပန်းပင် (Victoria cruziana) Orb.

ဝိတိုရိယ ကြာပန်းပင် (အင်္ဂလိပ်: Victoria Water Lily) သည် ကြာပန်းပင်တစ်မျိုးဖြစ်ပြီး ကြာပန်းပင်များထဲတွင် အကြီးမားဆုံး အရွက်ရှိသည့် အပင်လည်းဖြစ်သည်။ ဝိတိုရိယ ကြာပင် မျိုးစုသည် နင်ဖီအေစီးအီး မျိုးရင်း၌ ပါဝင်သည်။ ၎င်းတွင် Victoria amazonica ဟု သိပ္ပံအမည်ပေးထားသော "ဝိတိုရိယ ဘုရင်မ၏ ကြာပန်း (Queen Victoria's Water Lily)" မျိုးစိတ်နှင့် သိပ္ပံအမည် Victoria cruziana ဟုပေးထားသော ဆန်တာခရုဇ် ကြာပန်း (Santa Cruz Water Lily) မျိုးစိတ် ဟူ၍ မျိုးစိတ် နှစ်ခု ထပ်မံခွဲခြားထားသည်။ Victoria amazonica ကြာပင်မျိုးစိတ်၏ အရွက်သည် အရွယ်အစား အချင်းအားဖြင့် ၉.၈ ပေ (၃.၀ မီတာ) အထိ ရှိနိုင်ပြီး ရေအောက်ကြမ်းပြင် ကြာပင် အရင်းမှ ရေမျက်နှာပြင်ပေါ် အရွက်ထိ ၂၆ ပေ (၇.၉ မီတာ) အရှည်ထိရှိနိုင်သည်။ ဤကြာပင် မျိုးစု၏ အမည် 'ဝိတိုရိယ'သည် ယူနိုက်တက်ကင်းဒမ်း၏ ဘုရင်မ ဝိတိုရိယ ကို ဂုဏ်ပြုသောအားဖြင့် ပေးထားခဲ့ခြင်းဖြစ်သည်။

ဝိတိုရိယ ကြာပန်းပင်များသည် ပေါက်ရောက်ရှင်သန်ရာ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ကြီးမားသော အရွက်ကို ပြန့်ကားခြင်းဖြင့် အခြားရေနေ မျိုးကွဲအပင်များအား တွန်းထုတ်လေ့ရှိပြီး နောက်ဆုံးတွင် ၎င်းတို့ မျိုးတူ ကြာပန်းပင်များသာ ကျန်ရှိလေတော့၏။ ဤအခြေအနေဖြစ်လာချိန်တွင် ၎င်းတို့၏ အရွက်ကြီးများသည် ရေအောက်တွင် ရှိနေသော အပင်များထံသို့ နေရောင်ခြည် ရောက်ရှိနိုင်စွမ်းမရှိအောင်ပင် ရေမျက်နှာပြင်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားသည်။[၁]

ရှင်သန်ကျန်ရစ်သည့် မျိုးစိတ်များ

ပုံအရပ်သုံး အမည်သိပ္ပံအမည်ပေါက်ရောက်ရာ ဒေသ
ဝိတိုရိယ ဘုရင်မ၏ ကြာပန်းပင်

(Queen Victoria's Water Lily)

Victoria amazonicaအမေဇုန်မြစ်ဝကျွန်းပေါ် ဒေသများ
ဆန်တာ ခရုဇ် ကြာပန်းပင်

(Santa Cruz Water Lily)

Victoria cruzianaပါရာဂွေးမြစ်ဝကျွန်းပေါ် ဒေသများ
မစ်ဆူရီ ရုက္ခဗေဒဥယျာဉ်၏ Linnaean အိမ်ရှေ့ရှိ လီလီရေကန်ထဲတွင် Victoria cruziana ၏ သစ်ရွက်ပေါ်၌ ရပ်နေသည့် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ။ အပင်ပျက်စီးခြင်းမှ ကာကွယ်ရန် သစ်သားပျဉ်နှင့် ပုဝါကို အရွက်ပြားပေါ်တွင် တင်ထားသည်ကို သတိပြုကြည့်ရှုပါ။

ဗစ်တိုးရီးယား ကြာပင်၏ အရွက်သည် အလွန်နူးညံ့သိမ်မွေ့သော်လည်း အပင်၏ ဖွဲ့စည်းမှုပုံစံကြောင့် အလွန်ကြီးမားသည့် အလေးချိန်ကိုပင် ထောက်ပံ့နိုင်စွမ်းရှိသည်။ အကယ်၍ အပင်၏ ရိုးတံအရွယ်အစားသည် ၆ လက်မအထက် ရှိပါက ၎င်းကြာပင်၏ အရွက်ပေါ်သို့ အလေးချိန်ကို တည့်မတ်စွာချခြင်းဖြင့် အလွယ်တကူ ဖြတ်သန်းသွားနိုင်သည်။[၂] အရွက်၏ ပျက်စီးလွယ်သော သဘောသဘာဝကို ဆန့်ကျင်သောအားဖြင့် စက်မှုအင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ နိယာမအတိုင်း အလေးချိန်ကို မျက်နှာပြင်အနှံ့ ဖြန့်ဝေနိုင်ရန်အတွက် အရွက်ပေါ်တွင် အထပ်သားတစ်ချပ် ကဲ့သို့ အရာဝတ္တုတစ်ခုထားရှိရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်ပေးထားခြင်းဖြင့် အရွက်သည် ၇၁ ပေါင် (၃၂ ကီလိုဂရမ်) အထိ ထောက်ပံ့နိုင်စေသည်။[၂]

ကိုးကား

ပြင်ပလင့်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား