ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်

ပီရူးနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာနှင့် အမျိုးသားဥယျာဉ်

ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ် သည် ပီရူးနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး အန်ကက်ရှ်ဒေသရှိ အင်န်ဒီးစ် တောင်တန်း အလယ်ပိုင်းဖြစ်သော ကော်ဒီလယ်ရာ ဘလန်ကာ တောင်တန်း (ကမ္ဘာပေါ်ရှိ အမြင့်ဆုံး အပူပိုင်းဒေသ တောင်တန်း) ၏ အစိတ်အပိုင်း အတော်များများ ပါဝင်သည်။[၁] ဥယျာဉ်၏ အကျယ်အဝန်းမှာ ၃၄၀,၀၀၀ ဟက်တာ (၃,၄၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းကာ SERNANP ခေါ် ပီရူးနိုင်ငံ ထိန်းသိမ်းထားသော ဒေသများကွန်ယက် မှ စီမံခန့်ခွဲသည်။ [၁] ၁၉၈၅ တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [၂] လူသိများသော တောင်တက်စခန်းလည်း ဖြစ်ပြီး ထူးခြားသော ဇီဝမျိုးကွဲများ တည်ရှိရာ နေရာလည်း ဖြစ်ကာအင်န်ဒီးစ် ဘုရင်မ ဟုအမည်ရသည့် အပင်အပါအဝင်[၃]မျက်ကွင်းနက် ဝက်ဝံ၊ ကွန်ဒါလင်းတ၊ ဗီကူနာသမင် နှင့် တာရူကာ သမင် အစရှိသော တိရစ္ဆာန်များ ရှိသည်။

ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်
IUCN category II (အမျိုးသားဥယျာဉ်)
Mount Huascarán, landmark and namesake of Huascarán National Park
ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်၏ တည်နေရာပြ မြေပုံ
ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်၏ တည်နေရာပြ မြေပုံ
တည်နေရာ ပီရူး
အန်းကက်ရှ်
အနီးဆုံး မြို့ဝှာရပ်ဇ်၊ အန်းကက်ရှ်
ကိုဩဒိနိတ်9°20′0″S 77°24′0″W / 9.33333°S 77.40000°W / -9.33333; -77.40000 77°24′0″W / 9.33333°S 77.40000°W / -9.33333; -77.40000
ဧရိယာ၃၄၀,၀၀၀ ha (၁,၃၀၀ sq mi)
ဖွဲ့စည်းJuly 1, 1975
အုပ်ချုပ်ရေးSERNANP
ဝဘ်ဆိုဒ်Parque Nacional Huascarán
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
ရွေးချယ်သည့် စံနှုန်းသဘာဝ: (vii), (viii)
ရည်ညွှန်း333
ဧရိယာ၃၄၀,၀၀၀ ha (၈၄၀,၀၀၀ ဧက)


ဥယျာဉ်သည် မြောက်မှတောင်သို့ ၁၅၀ ကီလိုမီတာ (၉၃ မိုင်) ရှည်လျား၍ အနံအားဖြင့် ၂၅ ကီလိုမီတာ (၁၆ မိုင်) မျှ ရှိသည်။ ကော်ဒီလယ်ရာ ဘလန်ကာ တောင်တန်း၏ အနောက်ဘက် တောင်စောင်းသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ဆန်တာမြစ်မှ တဆင့် စီးဝင်ကာ အရှေ့ဘက် တောင်စောင်းမှာမူ မာရာနွန်မြစ် အတွင်းမှတဆင့် အမေဇုံမြစ် နှင့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း သို့ စီးဝင်သည်။


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား