လသာမြို့နယ်

ရန်ကုန်မြို့၏ တရုတ်တန်းဟူ၍ နာမည်ကြီးသော မြို့နယ်

လသာမြို့နယ်သည် ရန်ကုန်မြို့လယ်၏အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၁၀)ခုရှိသည်။ လသာမြို့နယ်၏အနောက်ဘက်တွင် လမ်းမတော်မြို့နယ်ကို လမ်းမတော်လမ်းနှင့် လည်းကောင်း၊ အရှေ့ဘက်တွင် ပန်းဘဲတန်းမြို့နယ်ကို ရွှေတိဂုံဘုရားလမ်းနှင့် လည်းကောင်း၊ မြောက်ဘက်တွင် ဒဂုံမြို့နယ်ကို မြို့ပတ်ရထားလမ်း လည်းကောင်း၊ တောင်ဘက်တွင် ရန်ကုန်မြစ်တည်ရှိသော ဆိပ်ကမ်းမြို့နယ် (ဖျက်သိမ်းပြီး) ကို ကမ်းနားလမ်းနှင့် လည်းကောင်း ပိုင်းခြားထားသည်။

လသာမြို့နယ်
ကျောက်တံတားခရိုင်အတွင်း တည်နေရာ
ကျောက်တံတားခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
လသာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လသာမြို့နယ်
လသာမြို့နယ်
လသာမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′51″N 96°8′59″E / 16.78083°N 96.14972°E / 16.78083; 96.14972 96°8′59″E / 16.78083°N 96.14972°E / 16.78083; 96.14972
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်ကျောက်တံတား
စာပို့သင်္ကေတ၁၁၁၃၁

ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကျုံးကြီးလမ်း (အနော်ရထာလမ်း)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရထားလမ်းတို့အပြိုင်တည်ရှိပြီး ကမ်းနားလမ်း မှ ရထားလမ်း ထိ လေးဘလောက်မှာ အောက်လမ်းဘလောက်၊ အပေါ်လမ်းဘလောက်၊ ဆေးရုံကြီးဘလောက် နှင့် ကျောင်းဘလောက် ဟု ခေါ်ဆိုကြသည်။ လမ်းမတော်လမ်း၊ ၁၇လမ်း၊ ၁၈လမ်း၊ စဉ့်အိုးတန်းလမ်း၊ ၁၉လမ်း၊ ၂၀လမ်း၊ လသာလမ်း၊ ၂၁လမ်း၊ ၂၂လမ်း၊ ဗိုလ်ရွဲလမ်း၊ ၂၃လမ်း၊ ၂၄လမ်း နှင့် ရွှေတိဂုံဘုရားလမ်းတို့ အပြိုင်တည်ရှိသည်။ လမ်းမတော်လမ်း မှ စဉ့်အိုးတန်းလမ်းထိ ရပ်ကွက် (၁ နှင့် ၂)၊ စဥ့်အိုးတန်း မှ လသာလမ်း ထိ ရပ်ကွက် (၃ နှင့် ၄)၊ လသာလမ်း မှ ဗိုလ်ရွဲလမ်း ထိ ရပ်ကွက် (၅ နှင့် ၆) ဗိုလ်ရွဲလမ်း မှ ရွှေတိဂုံဘုရားလမ်း ထိ ရပ်ကွက် (၇ နှင့် ၈)တို့တွင် အောက်လမ်းဘလောက် မ ဂဏန်း (၁၊ ၃၊ ၅၊ ၇) ရပ်ကွက် နှင့် အပေါ်လမ်းဘလောက် စုံ ဂဏန်း (၂၊ ၄၊ ၆၊ ၈) ရပ်ကွက် တို့ဖြစ်ကြသည်။ လမ်းမတော်လမ်း မှ ရွှေတိဂုံဘုရားလမ်းထိရှိကြသော ဆေးရုံဘလောက် နှင့် ကျောင်းဘလောက် တို့သည်ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၀) အသီးသီးဖြစ်ကြသည်။ လမ်းမတော်လမ်းကို ရထားလမ်းမြောက်ဘက် ဒဂုံမြို့နယ်တွင် မြို့မကျောင်းလမ်းဟု ခေါ်သည်။ လမ်းမတော်လမ်းတွင် ညောင်ပင်လေးဈေး၊ သရက်တောဘုန်းကြီးကျောင်း နှင့် ဆေးတက္ကသိုလ်တို့သည် လမ်းမတော်မြို့နယ် တွင်လည်းကောင်း၊ သံဈေး၊ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန နှင့် လမ်းမတော်ဘူတာတို့သည် လသာမြို့နယ် တွင်လည်းကောင်း အမျိုးသားပြဇာတ်ရုံ၊ မိုင်ဒါကွင်း၊ မြို့မကျောင်း၊ စစ်ဆေးရုံ နှင့် ပြည်သူရင်ပြင်တို့သည် ဒဂုံမြို့နယ်တွင်လည်းကောင်းတည်ရှိကြသည်။

ရွှေတိဂုံဘုရားလမ်းတွင် သိမ်ကြီးဈေး_စီရုံ၊ ဗိုလ်ချုပ်ဈေးသစ်၊ အ.ထ.က (၁) ပန်းဘဲတန်း နှင့် ဘုရားလမ်းဘူတာရုံတို့သည် ပန်းဘဲတန်းမြို့နယ် တွင်လည်းကောင်း၊ သိမ်ကြီးဈေး_အီ၊ သိမ်ကြီးဈေး_ဒီ၊ ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် နှင့် အ.ထ.က (၁) လသာ၊ တို့သည် လသာမြို့နယ် တွင်လည်းကောင်း၊ စစ်ဌာနချုပ်၊ ရွှေတိဂုံဘုရားနှင့် မဟာဝီဇယဘုရားတို့သည်လည်းကောင်း ဒဂုံမြို့နယ် တွင်လည်းကောင်းတည်ရှိကြသည်။လသာမြို့နယ်တွင် မူလတန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းတို့နှင့် အထက်တန်းကျောင်း နှစ်ကျောင်း (ကျောင်းဘလောက်)တို့ တည်ရှိသည်။ လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်တို့သည် ရန်ကုန်မြို့၏ တရုတ်တန်းဖြစ်သည်။

ထင်ရှားသော အဆောက်အဦးများ

လသာမြို့နယ်တွင် ကိုလိုနီခေတ်အဆောက်အအုံများစွာရှိသည်။ ထိုအဆောက်အဦးများအနက် အများစုကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
အ.ထ.က(၁)လသာကျောင်း၂၇၀၊ ရွှေတိဂုံဘုရားလမ်း(ယခင်) စင်ထရယ်ကျောင်း
အ.ထ.က(၂)လသာကျောင်း၁၁၂၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(ယခင်) စိန့်ဂျွန်းကွန်ဗင့်ကျောင်း
ချိုလီရာ ဒါဂါ ဗလီဗလီ၂၃၉၊ ၂၉လမ်း
ချိုလီရာ ဂျာမာ ဗလီဗလီ၁၁၄၊ ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း၄၂၆-၄၃၂၊ ကမ်းနားလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့်
ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း၆၆၈၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထောင့်
သန့်ရှင်းသော တြိနတိ ကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၄၄၆၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း
ဂျိန်းဘုရားကျောင်းဂျိန်းဘုရားကျောင်း၇၆-၇၈၊ ၂၉လမ်း
ဂျူးဘာသာ ရဟူဒီဘုရားရှိခိုးကျောင်းရဟူဒီဘုရားရှိခိုးကျောင်း၈၅၊ ၂၆လမ်း
လုံစန်းထန်ဘုရားကျောင်းတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်း၅၃-၅၅၊ အနော်ရထာလမ်း
မဟာပိန္နဲ ဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၁၄၉၊ ၂၄လမ်း
မတ်ဟယ်ရှီရာ ဗလီဗလီ၉၁၊ ၃၀လမ်း
မြန်မာကုန်တိုက်စတိုးရုံး၁၉-၄၃၊ ဗိုလ်ဆွန်ပက်လမ်း
မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ၄ရုံး၆၂၅၊ ကုန်သည်လမ်းနှင့် ၃၀လမ်းထောင့်
မြန်မာရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ရုံးချုပ်ရုံး၆၀၄-၆၀၈၊ ကုန်သည်လမ်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ငွေစာရင်းရုံးရုံး၄၆၅-၄၆၉၊ မဟာဗန္ဓုလလမ်း
စိန့်ဂျွန် ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၃၆၈၊ ဗိုလ်ဆွန်ပက်လမ်း
သီရိကလီမာ ဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၂၉၅၊ ကုန်ဈေးတန်းလမ်း
သီရိကန်မိချီ ဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၃၇၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်
သီရိစတိနာရာရန် ဟိန္ဒူဘုရားကျောင်းဟိန္ဒူဘုရားကျောင်း၂၃၊ ၂၉လမ်း
ရန်ကုန်ဆေးရုံကြီးဆေးရုံဗိုလ်ချုပ်အောင်ဆန်းလမ်း

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား