လင်းသက်

ရှဉ့် မျိုးစိတ်
လင်းသက်
ထိုင်းနိုင်ငံ၊ ခါအိုယိုင် အမျိုးသားဥယျာဉ်မှ လင်းသက် တစ်ကောင်
CITES နောက်ဆက်တွဲ - ၂ (CITES)[၂]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Mammalia
မျိုးစဉ်:Rodentia
မျိုးရင်း:Sciuridae
မျိုးရင်းသေး:Ratufinae
မျိုးစု:Ratufa
မျိုးစိတ်:
R. bicolor
ဒွိနာမ
Ratufa bicolor
(Sparrman, 1778)
မျိုးစိတ်ခွဲများ
လင်းသက်များ နေထိုင်ကျက်စားရာ ဒေသများ
Synonyms

Tennentii, source: Layard, in Blyth, 1849

လင်းသက်သည် ကြီးမားသော ရှဉ့် တစ်မျိုးဖြစ်ပြီး ပါဏဗေဒအလိုအရ “ရတ္တူဖာ(Ratufa)” ဟုခေါ်သော မျိုးစုမှ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ နီပေါနိုင်ငံ အရှေ့ပိုင်း၊ ဘူတန်နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း၊ မြန်မာနိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံမလေးရှားနိုင်ငံကမ္ဘောဒီးယားနိုင်ငံဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဘက်ဒေသများ(ဂျာဗားကျွန်းဆူမတြာကျွန်း၊ ဘာလီကျွန်းနှင့် ၎င်းတို့အနီးတဝိုက်ရှိ ကျွန်းငယ်များ) စသည့် အရပ်ဒေသများရှိ သစ်တောများ၌ လင်းသက် များကို တွေ့ရှိရသည်။[၁]

သွင်ပြင်ပုံသဏ္ဌာန်

အိန္ဒိယနိုင်ငံ၊ နမ်ဒါ့ဖား ကျား ထိန်းသိမ်းရေးနယ်မြေ၌ တွေ့ရသော လင်းသက် တစ်ကောင်

လင်းသက်သည် ကမ္ဘာ့အကြီးဆုံး ရှဉ့် မျိုးစိတ်များထဲမှ တစ်မျိုးဖြစ်သည်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီး ရှဉ့်ကြီးတစ်ကောင်၏ အလေးချိန်သည် ၂.၃ မှ ၂.၈ ပေါင် (၁.၀ မှ ၁.၃ ကီလိုဂရမ်) ဝန်းကျင်ရှိ၏။ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်၏ အရှည်မှာ ၁၃ မှ ၁၅ လက်မ (၃၃ မှ ၃၈ စင်တီမီတာ) ရှိပြီး၊ အမြီးမှာ ၁၆ မှ ၁၇ လက်မ (၄၁ မှ ၄၃ စင်တီမီတာ) အရှည်ထိ ရှိတတ်ကြသည်။[၃]

လင်းသက်များ၏ ခန္ဓာကိုယ်အရောင်အသွေးမှာ ၂ ရောင်စပ်ဖြစ်ပြီး၊ အပေါ်ပိုင်းသည် အနက်ရောင်ဖြစ်ပြီး အောက်ပိုင်းမှာ အဝါ (သို့) နီညိုရောင် ခပ်ဖျော့ဖျော့ ဖြစ်သည်။ နောက်ကျော၊ ဦးခေါင်းထိပ်၊ နားရွက်နှင့် အဖုတ်လိုက်ဖြစ်နေသော အမြီးများရှိ အမွှေးများ၏ အရောင်သည် အညိုရောင် (သို့) အနက်ရောင်ဖြစ်ပြီး ၎င်းတို့၏ အောက်ပိုင်းတွင် အရောင်ဖျော့သွားကြသည်။[၃]

မြန်မာနိုင်ငံနှင့် မလက္ကာရေလက်ကြားရှိ ကျွန်းငယ်များတွင် တွေ့ရှိရသော လင်းသက်များ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ နီညိုရောင်ရှိကြသည်။[၃]

နေထိုင်ပြုမူပုံများ

အိန္ဒိယနိုင်ငံ၊ နမ္မာရီ အမျိုးသားဥယျာဉ်မှ လင်းသက် တစ်ကောင်

လင်းသက်များသည် နေ့ အချိန်၌ သွားလာကျက်စားသော အပင်ပေါ်နေသည့် တိရစ္ဆာန်မျိုးဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ အပင်ထိပ်မှ မြေပြင်ပေါ်သို့ဆင်း၍လည်း အစာရှာဖွေတတ်ကြ၏။ ရှဉ့်နက်ကြီးများသည် တောရိုင်း သဘာဝပတ်ဝန်းကျင်၌ နေထိုင်ခြင်းကိုသာ နှစ်သက်ကြသဖြင့် လူသားများ အခြေချနေထိုင်ရာ အရပ်ဒေသများနှင့် စိုက်ခင်းများ အနီး၌ နေထိုင်ကြခြင်းမှာ မတွေ့ရသလောက်ပင် ရှားပါးသည်။[၁]

လင်းသက် အများစုသည် တစ်ကောင်ချင်းစီသာ ထီးတည်းနေထိုင်လေ့ရှိကြပြီး၊ သားပေါက်ထားသော ရှဉ့်အမများတွင် အရွယ်မရောက်သေးသည့် ရှဉ့်ငယ် ၁ ကောင် (သို့) ၂ ကောင် အတူရှိနေတတ်သည်။ ၎င်းရှဉ့်အမများသည် သားသမီးများကို သစ်ပင် အခေါင်းပေါက် (သို့) အသိုက်ပြုလုပ်ထားသော နေရာအတွင်း၌သာ ပြုစုပျိုးထောင်လေ့ရှိသည်။[၁]

တွေ့ရှိရာဒေသ

လင်းသက်များအား ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး ပေ ၄၆၀၀ အမြင့်အထိ တွေ့ရှိကြရပြီး အချို့နေရာများသည် ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး ဒေသများထဲပင် ပါဝင်သည်။ လင်းသက်များ၏ နေထိုင်ရာ နေရာများကို လူသားများမှ ကျူးကျော်အခြေချလာမှုတိုးလာခြင်း၊ သစ်ခုတ်ခြင်း၊၊ စိုက်ပျိုးမြေတိုးချဲ့လာခြင်းနှင့် လူသားတို့၏ အလွန်အမင်း အမဲလိုက်ခြင်းတို့ကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကထက် အကောင်ရေ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရသည်။သို့သော်လည်း တချို့သောနေရာများတွင်မူ ယင်းမျိုးစိတ်အား အမဲလိုက်ခြင်းကို ဥပဒေဖြင့် အကာအကွယ်ပေး၍ တားမြစ်ထားသည်ဟု သိရသည်။

လင်းသက်များကို အာရှတိုက်တောင်ပိုင်းဒေသတွင် အပူပိုင်းနှင့် အပူလျော့ပိုင်း ထင်းရှုးတောများနှင့် ဆောင်းရွက်ကြွေတောများတွင် နေထိုင်ကြသည်ကို တွေ့ရသည်။ အရှေ့တောင်အာရှတွင် အပူပိုင်းရွက်ကြွေအမြဲစိမ်းတောများ နှင့် အပူပိုင်းစွတ်စို ရွက်ကြွေတောများတွင် တွေ့ကြရပြီး ထင်းရှုးတောများတွင်မူ တွေ့ရခဲသည်။

မလေးကျွန်းဆွယ်နှင့် အင်ဒိုနီးရှားတို့ရှိ အပူပိုင်း မိုးသစ်တောများတွင် တွေ့ကြရသော်လည်း အခြားနေရာများကဲ့သို့ အမြောက်အမြားတွေ့ရှိကြရခြင်းမရှိပေ။ ဖြစ်နိုင်သည်မှာ အခြားသော သစ်ပင်နေတိရိစ္ဆာန်များ(ဥပမာ။ ပရိုင်းမိတ်များ) နှင့် ရွက်အုပ်များထက်တွင် အစာအတွက် ပြိုင်ဆိုင်ရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ လင်းသက်များအတွက် အိန္ဒိယနိုင်ငံ၊ အာသံနယ်၊ ကာဇီရန်ဂါအမျိုးသားဥယျာဉ်သည် နေထိုင်ရန် အဆင်ပြေသော နေရာတစ်နေရာဖြစ်သည်ဟု သိကြရသည်။

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား