ရတ်နို မာဆုဒီ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီး

ရတ်နို မာဆုဒီသည် အင်ဒိုနီးရှားနိုင်ငံ၏ ၁၇ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ကာ ပထမဦးဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။[၁]ယခင်က နယ်သာလန်၊အိုင်ယာလန်၊နော်ဝေ စသည့်နိုင်ငံများအတွက် အင်ဒိုနီးရှားနိုင်ငံ၏ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။[၂]

ရတ်နို မာဆုဒီ
Retno Marsudi
၁၇ဦးမြောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၇ အောက်တိုဘာ ၂၀၁၄
သမ္မတဂျိုကို ဝီဒိုဒို
ကိုယ်ရေး အချက်အလက်များ
မွေးဖွားRetno Lestari Priansari
(1962-11-27) ၂၇ နိုဝင်ဘာ၊ ၁၉၆၂ (အသက် ၆၁)
အင်ဒိုနီးရှားနိုင်ငံ

၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးနောက် ရတ်နို မာဆုဒီသည် မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းခဲ့သည့်ကိစ္စနှင့်ပက်သက်၍ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင် ဘရူနိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ထိရောက်စွာမဖော်ဆောင်နိုင်ခဲ့သည့် မြန်မာ့အရေးအတွက် ၎င်းအနေဖြင့် တက်ကြွစွာ လှုပ်ရှားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းကာ ၎င်းကိုယ်တိုင် ဦးဆောင်မည်ဟု ၂၀၂၃ခုနှစ် နှစ်ဦးပိုင်းတွင် ပြောကြားခဲ့သည်။[၃]

ဘဝအစနှင့် ပညာရေး

ဆီမာရန်းမြို့တွင် မွေးဖွားခဲ့သည်။၁၉၈၅ခုနှစ်တွင် ဂါဒတ်ချ်မဒါ တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ထို့နောက် ဟိတ်မြို့ရှိ တက္ကသိုလ်မှ ဘွဲ့လွန်ဘွဲ့ ရရှိခဲ့သည်။

သံတမန်ဘဝ

၁၉၉၇မှ ၂၀၀၁ခုနှစ်အတွင်း နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ အင်ဒိုနီးရှား သံရုံးတွင် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် နော်ဝေနှင့် အိုင်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။၂၀၁၂တွင် နယ်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

၂၀၁၄ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့တွင် သမ္မတ ဂျိုကို ဝီဒိုဒိုက သူ၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၄]

ဒေါ်အောင်ဆန်းစုကြည်နှင့် မာဆုဒီ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်တွေ့ဆုံကြစဉ်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား