မြန်မာဝီကီပီးဒီးယား

မြန်မာဘာသာစကား အခမဲ့စွယ်စုံကျမ်း ဝီကီပီးဒီးယား

မြန်မာဝီကီပီးဒီးယား သည် ဝီကီပီးဒီးယား၏ မြန်မာဘာသာ အင်တာနက် စွယ်စုံကျမ်းတစ်ခု ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း အသစ် တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မီ ဝါသနာရှင်များက မြန်မာဝီကီပီးဒီးယား ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ယူနီကုဒ် (၄.၀) ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ယူနီကုတ်ဖောင့် ၅.၂ ဖြင့် ဆောင်းပါးပေါင်း ၁၀၇၉၆၈ စောင်ကို (ဇူလိုင် ၂၀၂၄ အထိ) ထည့်သွင်းထားပြီးဖြစ်သည်။

Favicon of Wikipedia မြန်မာဝီကီပီးဒီးယား
ဝဘ်ဆိုဒ် အမျိုးအစား
အင်တာနက် စွယ်စုံကျမ်း
ဖတ်ရှုရရှိနိုင်မှုမြန်မာဘာသာစကား
တည်ထောင်၃၀ ဇူလိုင် ၂၀၀၄
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူမြန်မာဝီကီပီးဒီးယားအဖွဲ့အစည်း
ဝဘ်ဆိုဒ်my.wikipedia.org
စီးပွားရေးမရှိ
မှတ်ပုံတင်ခြင်းOptional

သမိုင်းကြောင်း

အချိန်မှတ်တမ်း

  • ၃၀ ဇူလိုင် ၂၀၀၄ - မြန်မာဝီကီပီးဒီးယား စတင်လွှင့်တင်။
  • ၂၀၀၅ - မြန်မာဝီကီပီးဒီးယန်းအချို့ စတင်ဝင်ရောက်ကာ ရေးသားတည်းဖြတ်မှုများ စတင်။
  • ၂၀၀၈ - အကြောင်းအရာများ သိသိသာသာ တိုးတက်လာ။
  • ၂၀၁၀ - ပထမအကြိမ် မြန်မာဝီကီပီးဒီးယား အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှာ ယူနီကုဒ်ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာဝီကီပီးဒီးယန်းများ တက်ရောက်ခဲ့သည်။
  • ၂၀၁၂ - ဘားကမ့်ရန်ကုန်တွင် မြန်မာဝီကီပီးဒီးယားကို မိတ်ဆက်ခဲ့သည်။
  • ၁၁ ဧပြီ ၂၀၁၆ – မြန်မာဝီကီပီးဒီးယားတွင် စာမျက်နှာ တည်းဖြတ်မှုပေါင်း ၃၀၀,၀၀၀ ပြည့်ခဲ့သည်။
  • ၂၇ အောက်တိုဘာ ၂၀၂၀ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၅၀,၀၀၀ ပြည့်ခဲ့သည်။
  • ဇန်နဝါရီ ၂၀၂၁ – မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၁၀၀,၀၀၀ ပြည့်ခဲ့သည်။

အချက်အလက်များ

မြန်မာဝီကီပီးဒီးယား (update)
ဆောင်းပါးများ၁၀၇၉၆၈
စာမျက်နှာများ၂၄၃၄၉၉
ဖိုင်များ၂၉၀၈
တည်းဖြတ်မှုများ၈၃၇၈၈၂
အသုံးပြုသူများ၁၂၁၅၄၈
တက်ကြွသည့် အသုံးပြုသူများ၁၂၀
အက်ဒမင်များ

ကိုးကား


ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား