မော်လိုက်မြို့

မော်လိုက်မြို့သည် ချင်းတွင်းမြစ်၏ အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ မြစ်လမ်းအတိုင်း ပခုက္ကူမြို့မှ ၂၅၅ မိုင်ကွာဝေးသည်။ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သည့် အလျှောက် သွားရေး လာရေးအတွက် ရေကြောင်းကို အားကိုးရသည်။ မော်လိုက်မြို့သည် ရုံးများနှင့် သင်္ဘောဆိပ်တို့ကြောင့် အချက်အချာဖြစ်သော်လည်း လူနေအိမ်ခြေနည်းပါးသည်။မော်လိုက်မြို့သည် မြစ်ကမ်းနှင့် ၂ မိုင်ခန့်စီ ဝေးကွာသော တောင်တန်းကလေး၏ အကြားတွင် တည်ရှိသဖြင့် သားငါးပေါများသော်လည်း ဆန်အထွက်မလောက်သဖြင့် အောက်အရပ်ကို အားထားရသည်။ မော်လိုက်မြို့တွင် မြို့မဈေးနှင့် ဈေးငယ်တစ်ခုရှိသည်။မော်လိုက်မြို့မှာ ရှေးအခါက အိမ်ခြေများသော ရွာကြီးမျှ သာဖြစ်သည်။ ခရစ် ၁၉၁၈ ခုနှစ်တွင်မှ ကင်းတပ်မြို့မှ အရေးပိုင်ရုံးကို မော်လိုက်သို့ ပြောင်းရွှေ့သဖြင့် ခရိုင်ရုံးစိုက်မြို့ဖြစ်လာသည်။[၁]

Mawlaik
မော်လိုက်
Mawlaik သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Mawlaik
Mawlaik
မော်လိုက်မြို့ တည်နေရာ
ကိုဩဒိနိတ်: 23°17′N 94°05′E / 23.283°N 94.083°E / 23.283; 94.083 94°05′E / 23.283°N 94.083°E / 23.283; 94.083
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်မော်လိုက်
မြို့နယ်မော်လိုက်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၃၅ ပေ (၁၀၂ မီတာ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မော်လိုက်သည် ရှမ်းဘာသာဖြင့် ခေါ်၍ သံထွက်သော တွင်းဟု အဓိပ္ပာယ်ရသည်။ ရွှေ၊ ကျောက်မီးသွေး စသည့် ဓာတ်သတ္တုများ ထွက်ရှိရာ နယ်မြေ ဖြစ်သည်။ ၎င်းမြို့တည်ရာ ဒေသတွင် ရှေးက မော်လူးရွာ ရှိဖူးသည်။

ကုန်းဘောင်ခေတ်က ခန်းပတ်မြို့ဝန်အုပ်ချုပ်ရာ စီရင်စုနယ်မြေအတွင်း ပါဝင်သည်။ သီပေါမင်း ပါတော်မူသွားပြီး နောက်ပိုင်း ကာလတွင် မော်လိုက်နယ်မှ ဗြိတိသျှတို့ကို တော်လှန်သည်။ ဗိုလ်လယ်နှင့် ရွှေချိုးဖြူမင်းသားတို့မှာ ထင်ရှားသော ခေါင်းဆောင်များ ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ၁၈၈၈ တွင် ချင်းတွင်းနယ်ကို နှစ်ပိုင်းပိုင်း၍ အုပ်ချုပ်ရာ အထက်ချင်းတွင်းခရိုင်ရုံးကို ကင်းတပ်၌ ထားရှိသည်။ ထို့နောက် ၁၉၁၆ တွင် မော်လိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၂၄ တွင် မော်လိုက်မြို့၌ အထက်တန်းကျောင်းကို စတင်ဖွင့်လှစ်သည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား