မိုရာတာ

စပိန် ဘောလုံးသမား

အလ်ဘာရို ဘို(ရ်)ခ မိုရာတာ မာတင် (စပိန်: Álvaro Borja Morata Martín; ၂၃ အောက်တိုဘာ ၁၉၉၂ခုနှစ်တွင် ဖွားမြင်) သည် စပိန် ကြေးစားဘောလုံးသမားဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့တွင် တိုက်စစ်မှူးအဖြစ် ကစားလျက်ရှိသည်။
သူ၏ဘောလုံးသမားဘဝကို ရီးယဲလ် မဒရစ်အသင်းတွင် စတင်ခဲ့ပြီး ၂၀၁၀နှစ်ကုန်ပိုင်းတွင် ရီးရယ်အသင်းကြီးတွင် ပါဝင်ကစားခွင့်ရခဲ့ပြီး ၂၀၁၄ ဥရောပ ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့သည်။ ဂျူဗင်တပ်အသင်းသို့ ယူရို သန်း၂၀ဖြင့် ၂၀၁၄ခုနှစ်တွင် ပြောင်းရွေ့ခဲ့ပြီး အီတလီစီးရီအေနှင့် အီတလီဖလား နှစ်ခုလုံးကို နှစ်နှစ်ဆက်တိုက် ရယူပေးခဲ့ပြီး ရီးရယ်အသင်းသို့ ယူရို သန်း၃၀ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ ၂၀၁၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် အင်္ဂလန် အဆင့်မြင့်တန်းအသင်း ချဲလ်ဆီးအသင်းမှ မိုရာတာ၏အပြောင်းအရွေ့ကို ရီးရယ်အသင်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၁ရက်နေ့တွင် ဆေးစစ်မှု အောင်မြင်ပြီးနောက် ချဲလ်ဆီးအသင်းသားအဖြစ် တရားဝင်ဖြစ်လာသည်။
မိုရာတာသည် စပိန်လက်ရွေးစင် လူငယ်အသင်းတွင် ၃၄ ပွဲကစားခဲ့ပြီး ၂၀၁၃ အသက်၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ်ဖလားရအောင် ကူညီပေးခဲ့သည်။ စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုကာ ယူရို၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။

အလ်ဗာရို မိုရာတာ
၂၀၁၄ခုနှစ် ဂျူဗင်တပ်အသင်းရှိ မိုရာတာ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံအလ်ဗာရို ဘော်ဂျာ မိုရာတာ မာတင်
မွေးသက္ကရာဇ် (1992-10-23) ၂၃ အောက်တိုဘာ၊ ၁၉၉၂ (အသက် ၃၁)
မွေးရပ်ဇာတိမဒရစ်, စပိန်
အရပ်အမြင့်၁.၈၉ m (၆ ft ၂ in)[၁]
ကစားသည့်နေရာတိုက်စစ်မှူး
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ်9
လူငယ်ဘဝကလပ်များ
2005–2007Atlético Madrid
2007–2008Getafe
2008–2010Real Madrid
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
2010–2013Real Madrid B83(45)
2010–2014Real Madrid37(10)
2014–2016Juventus63(15)
2016–2017Real Madrid26(15)
2017–Chelsea0(0)
နိုင်ငံကိုယ်စားပြုအသင်း
2009Spain U176(2)
2010Spain U182(3)
2010–2012Spain U1913(11)
2013–2014Spain U2113(13)
2014–Spain20(9)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 21 May 2017အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 7 June 2017 အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား