မိရှဲ ပလတ်တီးနီ

မိရှဲ ဖော်န်ဆွဲ(ဆွာ) ပလတ်တီးနီ (ပြင်သစ်: Michel François Platini; ၁၉၅၅ ဇွန် ၂၁ မွေးဖွား) သည် ပြင်သစ် ဘောလုံးကစားသမား၊ မန်နေဂျာ၊ အုပ်ချုပ်ရေးမှူး ဟောင်းတစ်ဦးဖြစ်သည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှုများကြောင့် ၂၀၁၅ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌအဖြစ် ၎င်းကို ဘောလုံးအားကစားမှ တားမြစ်ခဲ့သည်။[၅] သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားများအနက် တစ်ဦးအဖြစ်ယူဆသတ်မှတ်ခြင်းခံရကာ ပလတ်တီးနီသည် ဘောလောန် ဒေါရ် (ရွှေဘောလုံးဆု) ကို ၁၉၈၃၊ ၁၉၈၄ နှင့် ၁၉၈၅ တို့တွင် သုံးကြိမ်ရရှိခဲ့သည်။[၆] မဲပေးရွေးချယ်သော ရာစုနှစ်၏ အကောင်းဆုံး ဖီဖာကစားသမားများ၌ သတ္တမနေရာတွင် ရှိသည်။[၇] ၎င်း၏အောင်မြင်မှုများကို အသိအမှတ်ပြုသောအနေဖြင့် နိုင်ငံတော်အဆင့်ဆိုင်ရာ စွမ်းဆောင်ရည် သင်္ဂဟဆု 'Légion d'honneur' အဖွဲ့သို့ ၁၉၈၅၌ သွတ်သွင်း သူကောင်း (Knight)[မှတ်စု ၁] ပြုခြင်းခံရသည်။ ၁၉၉၈တွင် (Officier) ဖြစ်လာသည်။ အေအက်စ် နန်စီ၊ စန်တေ့ယန်နာ (Saint-Étienne) နှင့် ယူဗန်းတပ်စ်(ဂျူဗန်တပ်) ကလပ်များတွင်ကစားခဲ့သည်။ ပြင်သစ်စကား 'Le Roi' (ဘုရင်) ဟူ၍ အမည်ပြောင်ကို ၎င်း၏ စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှုတို့ကြောင့် ရရှိခဲ့လေသည်။ အလယ်တိုက်စစ် ဖန်တီးရှင်အဖြစ် မူလက ကစားခဲ့သော်လည်း ပလတ်တီးနီသည် ဂိုးများစွာသွင်းယူသူလည်း ဖြစ်သည်။ စီးရီးအေ၏ 'ကပ်ပိုကနွန်း ညီယဲရယ်' (Capocannoniere - ဂိုးသွင်းအများဆုံးဆု) ကို သုံးကြိမ် (၁၉၈၃ ၊ ၁၉၈၄ ၊ ၁၉၈၅) ရရှိခဲ့သည်။ ယူဗန်းတပ်စ်၏ ၁၉၈၄-၈၅ အောင်မြင်ခဲ့သော ဥရောပဖလား(လက်ရှိ ချန်ပီယံလိဂ် အမည်ဖြင့် ကျင်းပ) တိုက်ပွဲစဉ်၌ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည်။[၈] ပလတ်တီးနီသည် ပြင်သစ် အမျိုးသား ဘောလုံးအသင်းအတွက် အဓိကကစားသမားဖြစ်ပြီး ၁၉၈၄ ဥရောပဖလားတွင် အနိုင်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ၌ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးကစားသမားဆုများရရှိခဲ့သည်။ ၁၉၈၂ နှင့် ၁၉၈၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဆီမီးအထိ တက်လှမ်းနိုင်ခဲ့လေသည်။ Alain Giresse ၊ Luis Fernández ၊ Jean Tigana တို့နှင့်အတူ ၁၉၈၀နှစ်များ၌ ပြင်သစ်အသင်းအတွက် 'carré magique' ပဉ္စလက်အကွက် တည်ဆောက်ကစားခဲ့သည်။ ၂၀၀၇အထိ နိုင်ငံ၏ ထိပ်တန်း ဂိုးသွင်းရှင် စံချိန်ကို ထိန်းထားနိုင်ခဲ့ပြီး ၁၉၈၄ ဥရောပဖလားရသော ပြိုင်ပွဲ၌သာ ပါဝင်ခဲ့သော်လည်း ဥရောပဖလားပြိုင်ပွဲတွင် (၉) ဂိုးဆိုသည့် ဂိုးအများဆုံးစံချိန်ကို ထိန်းထားနိုင်ဆဲဖြစ်၏။[၈]

မိရှဲ ပလတ်တီးနီ
၂၀၁၀ စက်တင်ဘာတွင် ပိုလန်၌ တွေ့ရစဉ်
၆ ကြိမ် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၀၇ ဇန်နဝါရီ ၂၆ – ၂၀၁၅ ဒီဇင်ဘာ ၂၁
ယခင်လူLennart Johansson
ဆက်ခံသူÁngel María Villar (Acting)
Aleksander Čeferin
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမိရှဲ ဖော်န်ဆွဲ(ဆွာ) ပလတ်တီးနီ[၁]
(1955-06-21) ၂၁ ဇွန်၊ ၁၉၅၅ (အသက် ၆၉)[၂]
ရဲ့ရှ်မြို့၊ ပြင်သစ်နိုင်ငံ
လူမျိုးပြင်သစါ
အရပ်အမြင့်၁.၇၉ မီတာ[၂]
အလုပ်အကိုင်ဘောလုံး အားကစား
မန်နေဂျာ
အုပ်ချုပ်မှု

Association football career
ကစားသည့်နေရာအလယ်တန်းတိုင်စစ်
လူငယ်ဘဝကလပ်များ
၁၉၆၆–၁၉၇၂AS Jœuf
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
၁၉၇၂–၁၉၇၉AS Nancy၁၈၁(၉၈)
၁၉၇၉–၁၉၈၂AS Saint-Étienne၁၀၄(၅၈)
၁၉၈၂–၁၉၈၇Juventus F.C.၁၄၇(၆၈)
စုစုပေါင်း၄၃၂(၂၂၄)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၇၅–၁၉၇၆France Olympic(၄)
၁၉၇၆–၁၉၈၇ပြင်သစ် အမျိုးသား ဘောလုံးအသင်း[၃]၇၂(၄၁)
၁၉၈၈ကူဝိတ်[၄](၀)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၈–၁၉၉၂ပြင်သစ် အမျိုးသား ဘောလုံးအသင်း

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကစားသူအဖြစ် အနားယူပြီးနောက် ပလတ်တီးနီသည် ပြင်သစ်နည်းပြအဖြစ် လေးနှစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားတွင် ပူးတွဲ စီစဉ်သူလည်းဖြစ်၏။ ၂၀၀၇တွင် ဥရောပဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော ပထမဆုံး ကစားသမားဖြစ်လာသည်။ ဖီဖာအဖွဲ့၏ နည်းစနစ်နှင့် ဖွံ့ဖြိုးရေး ကော်မတီ၊ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ စသည့်ရာထူးများကို ထမ်းဆောင်ခဲ့ရှိသည်။ သို့သော်လည်း ၂၀၁၅တွင် ဖီဖာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကော်မတီက 'အကျိုးစီးပွား ပဋိပက္ခ အခြေနေတစ်ရပ်'ကြောင့် ဘောလုံးအုပ်ချုပ်မှုဆိုင်ရာ နယ်ပယ်မှ တားမြစ်ခဲ့သည်။

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား