မာခရွန်

မာခရွန် သို့ မက္ခရွန် (ပြင်သစ်: macaron) သည် မုံ့ချိုတမျိုးဖြစ်ပြီး ကြက်ဥအကာ၊ သကြားမှုန့်၊ သကြား၊ ဝက်သစ်ချဆံထောင်း (မညက်တညက်ထောင်းထားသော ဝက်သစ်ချဆံ) နှင့် အရောင်တင်မှုန့်တို့ သုံးကာ ပြုလုပ်သည်။

ပြည်သစ်နိုင်ငံ၊ ဒီနန်စီမြို့တွင် ရောင်းချနေသော ရိုးရာ မာခရွန်

ဤမုံ့ကို ယဉ်ကျေးမှုအနုပညာတို့ အားကောင်းသော ရီနေဆန်းခေတ်တွင် ပြင်သစ်တွင်မိဘုရားဖြစ်သည့် အီတလီသူ ကတ်သရင်းဒီမက်ဒီဆီ အတွက် ချက်ပြုတ်ပေးသည့် အီတလီစားဖိုမှူးထံမှ ပြင်သစ်တို့က နည်းရသည်။ ၁၉ ရာစုတွင် ချော့ကလက်ရည်၊ ထောပတ်ကရင် သို့တည်းမဟုတ် ယိုတို့ကို မာခရွန် ၂ ခုအကြားတွင် အစာသွတ်သော ယနေ့ မြင်နေကျ ပါရစ်ရှန်စတိုင် ခေါ် ပါရီမြို့တွင် ရောင်းချသည့်ပုံစံ မာခရွန်မျိုးမှာ တွင်ကျယ်လာသည်။ မာခရွန်တချပ်၏ပုံစံမှာ အပေါ်မျက်နှာပြင်ကို မသိမသာခုံးကာ အခြေတွင် ပြားသည်။ ယင်းပြားသည့်အခြေ ၂ ဘက်ကို မျက်နှာချင်းဆိုင်ကပ်ကာ အစာသွတ်ခြင်းတည်း။ မုံ့မှာ ခပ်ပျော့ပျော့ဖြစ်ပြီး ခံတွင်းသို့ရောက်လျှင် အလွယ်တကူပျော်သည်။ ပုံမှန်စားနေကျဖြစ်သော ချော့ကလက်အစာသွတ်၊ သစ်သီးအစာသွတ်တို့အပြင် အသားအစာသွတ်၊ လက်ဘက်ခြောက်မှုန့်အစာသွတ်များပင် ရှိသေးသည်။

ကိုးကား

🔥 Top keywords: အာဇာနည်နေ့ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းအာဇာနည် ခေါင်းဆောင်ကြီးများယုဒသန်ဝေဠုဝန်နိကာယဂိုဏ်းဝိတိုရိယရေတံခွန်အာဇာနည်နေ့/ဆောင်းပါးများသခင်မြရန်လိုက ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည်ဝါဆိုလပြည့်နေ့ဒီးဒုတ်ဦးဘချိုအာဇာနည်ဗိမာန်ဇော်ဂျီ (စာရေးဆရာ)မြန်မာနိုင်ငံစံပယ်ပန်းပုဂံဘလုံ၊ ဦး (ပန်းချီဆရာ)ထိုင်းနိုင်ငံမြန်မာပြည်ဂျူး (စာရေးဆရာမ)ကိုထွေးမန်းဘခိုင်ဒုတိယ ကမ္ဘာစစ်အမေရိကန်ပြည်ထောင်စုမင်းအောင်လှိုင်တပ်မတော် (ကြည်း)အလောင်းမင်းတရားမေတ္တသုတ်ဂဠုန်ဦးစောဘဝင်းမြန်မာနိုင်ငံရှိ မြို့များသုခ (ပန်းချီဆရာ)မက္ခရာမင်းသားကြီးလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ကဏ္ဍ:မြန်မာစကားပုံများရာဇတ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများ