မယ်ဇလီဖူးသုပ်
- စာမျက်နှာ
- ဆွေးနွေးချက်
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
အခြားအမည်များ | Cassia flower bud salad |
---|---|
အမျိုးအစား | အသုပ် |
မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
ဒေသ | အရှေ့တောင်အာရှ |
ဆက်နွယ်သောအမျိုးသားအစားအစာ | မြန်မာ |
အဓိက ပါဝင်ပစ္စည်း | မဲဇလီအဖူးများ |
Cookbook: Media: မဲဇလီဖူးသုပ် |
မဲဇလီဖူးသုပ် သည် ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာတို့ ဆေးဝါးအဖြစ် မိသားစုဝင်များအားလုံးစားသုံးရန် သို့မဟုတ် ပတ်ဝန်းကျင် အိမ်နီးချင်းများအား အလှူပေးရန်အတွက် စားသုံးကြသည့် ရိုးရာအသုပ်တစ်ခုဖြစ်သည်။[၁]
ယင်းအသုပ်တွင် ပါဝင်သော အဓိကပစ္စည်းများမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသည့် မဲဇလီဖူး၊ အားလူးပြုတ်၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကြက်သွန်ဖြူ တို့ ပါဝင်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ဆား၊ ဆီ၊ နှမ်းဆီ နှင့် သံပရာရည်တို့အား အသုံးပြုသည်။[၂] တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြန်မာလူမျိုးများအနေဖြင့် မဲဇလီဖူးကို ပြုတ်၍ သုပ်စားခြင်း၊ ဟင်းချက်၍စားခြင်း စသည်ဖြင့် ပြုလုပ်စားသောက်လေ့ရှိကြသည်။ နက္ခတ်၊ ကြယ်တာရာစုံညီစွာ ပေါ်ထွန်းသောကြောင့် ထိုမဲဇလီဖူးတွင် အနာရောဂါများပျောက်ကင်းနိုင်သည့် အစွမ်းသတ္တိရှိသည်ဟု ယုံကြည်ကြလေသည်။[၃]