မင်းလတ်ရဲခေါင်

မင်းလတ်ရဲခေါင် ခေါ် ကိုစိမ်းမောင်သည် လွတ်လပ်ရေးလှုပ်ရှားမှုကာလ ၁၉၄၇-၄၈ ခုနှစ်အတွင်း ရန်ကုန်ကျောင်းသား သမဂ္ဂအသိုင်းအဝိုင်းတွင် လူသိများထင်ရှားခဲ့သည်။ စစ်ပြီးခေတ်ကာလအတွင်းက အောင်မြင်သော ရသ ဝတ္ထုစာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင်တက်ကြွစွာ လှုပ်ရှားခဲ့ပြီး အထူးသဖြင့် ဗကပ ဒုတိယ ဥက္ကဋ္ဌဟောင်း ရဲဘော်ခင်မောင်ကြီးနှင့်အတူ မြေအောက် ကျောင်းသားကလာပ်စည်းအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။

၁၉၄၇ ခု ချက်ကိုစလိုဗက်နိုင်ငံ ပရာဟာမြို့တော်တွင့် ကျင်းပမည့် နိုင်ငံတကာ ကျောင်းသားသမဂ္ဂ (International Student Union - IUS) ညီလာခံကို မြန်မာနိုင်ငံက ကိုယ်စားလှယ်စေလွှတ်ပေးဖို့ ဖိတ်ကြားခဲ့ရာ ရဲဘော်ခင်မောင်ကြီးကို တက်ရောက်ရန် ဗကပ ယူဂျီကလာပ်စည်းက ညွှန်ကြားခဲ့သည်။ သို့သော် နိုင်ငံတကာကျောင်းသားသမဂ္ဂများ ညီလာခံကို တက်ရောက်လိုသောဆန္ဒပြင်းပြနေသော မင်းလတ်ရဲခေါင်က မိမိအစီအစဉ်နှင့်မိမိ ပြည်ပသို့ ထွက်ခွာသွားခဲ့သည်။ ပရာဟာတွင်ကျင်းပသော နိုင်ငံတကာကျောင်းသားသမဂ္ဂများညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့သည်။ ညီလာခံပြီးချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ပြန်လာခွင့်မရခဲ့ပေ။ ထို့ကြောင့် နိုင်ငံတကာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် အလုပ်လုပ်ရင်း ပရာဟာတက္ကသိုလ်တွင် ကျောင်းဆက်တက်ခဲ့သည်။

မင်းလတ်ရဲခေါင်သည် ပရာဟာတက္ကသိုလ်တွင် ဘာသာဗေဒအထူးပြုဖြင့် ပါရဂူဘွဲ့ ရယူခဲ့သည်။ သူ၏ ဘွဲ့ယူကျမ်းအမည်သည် (Modernization of Burmese Litrature) ဖြစ်သည်။ ဤကျမ်း မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် မြန်မာစာပေလောကကို ဂယက်ရိုက်စေခဲ့သည်။ သူ့ကျမ်းပါအယူအဆဖြစ်သော မြန်မာစာကို ပြောတဲ့အတိုင်းရေးဖို့ တိုက်တွန်းချက်ကို အကြောင်းပြု၍ အထက်မြန်မာပြည်စာရေးဆရာများနှင့် အောက်မြန်မာပြည်စာရေးဆရာမား အပြင်းအထန် အငြင်းပွားခဲ့ကြသည်။

မင်းလတ်ရဲခေါင်သည် ပရာဟာတက္ကသိုလ်တွင် မြန်မာစာဌာနမှူးအဖြစ် ပါမောက္ခရာထူးလည်း ရယူဖူးသည်။

အကိုးအကား

https://www.myanmar-now.org/mm/news/5375

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား