ဗီယိုလာ

ကြိုးတပ်တူရိယာ

ဗီယိုလာ (အင်္ဂလိပ်: Viola/viˈlə/ vee-OH-lə[၁][၂] UK: /vˈlə/vy-OH-lə[၃][၄] အီတလီ: [ˈvjɔːla, viˈɔːla]) သည် ကြိုးတပ်တူရိယာတစ်မျိုးဖြစ်သည်။ တယောထက် အနည်းငယ်ကြီး၍ နိမ့်သောအသံရှိသည်။ ဗီယိုလာများသည် တယောမိသားစု၏ အလယ်အလတ်နေရာတွင် တည်ရှိပြီးကြိုးမျာကို C3၊ G3၊ D4 နှင့် A4 နုတ်များနှင့် အသံချိန်ထားသည်။

ဗီယိုလာပြပုံ

ပြုလုပ်ပုံ

ဗီယိုလာအနီးကပ်ပြပုံ

ဗီယိုလာ၏ပြုလုပ်ပုံမှာ တယော၏ပြုလုပ်ပုံနှင့် ဆင်တူသည်။ ဗီယိုလာ၏ကိုယ်ထည်သည် တယောထက် ၁ လက်မ မှ ၄ လက်မ အထိ ကြီးနိုင်သည်။ ကလေးငယ်များအတွက်မူ တယောအသေးများကို ဗီယိုလာကြိုးများဖြင့်တပ်ဆင်ထားသည်။[၅]

ဗီလိုလာ၏ကိုယ်ထည်သည် အကျယ်အတိအကျမရှိသဖြင့် ပြုလုပ်သူအပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ ကိုယ်ထည်ကျယ်လွန်းပါက ချယ်လို (Cello) ကဲ့သို့ဖြစ်သွားနိုင်သည်။ ဟာမန် ရစ်တား (Hermann Ritter) ပြုလုပ်ထာခဲ့သော ဗီယိုလာကိုယ်ထည်သည် ၁၉ လက်မခန့်ရှိသည်။[၆]

တီးခတ်ပုံ

၁၇ လက်မရှိသော ဗီယိုလာအားတီးခတ်စဉ်
(အပေါ်မှ အောက်သို့) ‌တယော၊ ဗီယိုလာ၊ ချယ်လိုတို့၏ဘိုးတံကိုင်းများ

ဗီယိုလာတီးခတ်သူကို အင်္ဂလိပ်ဘာသာတွင် "viloist" ဟုခေါ်ဆိုကြသည်။ ဗီယိုလာတီးခတ်ခြင်းသည် တယောတီးခတ်ခြင်းနှင့် ဆင်တူသည်။ သို့သော် နည်းဟန်အရ အနည်းငယ်ကွာခြားမှု ရှိနိုင်သည်။[၇]

ဗီယိုလာသည်ကြီးသောကြောင့် လက်ချောင်းများကို အနည်းငယ်ပို၍ဆန့်ရသည်။ ထို့အပြင် ကြိုးများသည်လည်း တယောကြိုးထက် အနည်းငယ်ပို၍ထူသောကြောင့် ဖိအားကိုပို၍ပေးရသည်။[၈] ထိုသို့ကြိုးထူသောကြောင့် အသံထွက်ရန် အချိန်အနည်းငယ်ကြာမြင့်ပါသည်။ တယောနှင့်ဗီယိုလာကိုပြိုင်တူတီးကြရာတွင် ဗီယိုလာဆရာသည် တယောဆရာထက် အနည်းငယ်စော၍ တီးခတ်ပေးရသည်။

ကိုးကားချက်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား