ဗိုလ်သံမဏိ

မြန်မာ တော်လှန်ရေးခေါင်းဆောင်နှင့် ရွှေဘို ကာကွယ်ရေးတပ်ကို တည်ထောင်ခဲ့သူ ဖြစ်သည်

ဗိုလ်သံမဏိ (၉ ဇွန် ၂၀၂၂–၄ မတ် ၁၉၇၃) သည် မြန်မာ တော်လှန်ရေးခေါင်းဆောင်နှင့် ရွှေဘို ကာကွယ်ရေးတပ်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။[၁] ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ် ချောင်းမီးတိုရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

ဗိုလ်သံမဏိ
မွေးဖွားမောင်မောင်
(၁၉၇၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-0၄)မတ် ၄၊ ၁၉၇၃
ရခိုင်ပြည်နယ်
ကွယ်လွန်ဇွန် ၉၊ ၂၀၂၂(၂၀၂၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-0၉) (အသက် ၄၉)
အခြား အမည်များကျော်မြသန်း
ကျော်ကြားမှုအရင်းခံရွှေဘို ကာကွယ်ရေးတပ် ခေါင်းဆောင်
မိဘ(များ)ဦးကျော်မြ နှင့် ဒေါ်ဦးစိန်

အစောပိုင်းဘဝ

အမည်ရင်းမှာ ဦးကျော်မြသန်းဖြစ်ပြီး ငယ်အမည် ကိုမောင်မောင်ဖြစ်သော ဗိုလ်သံမဏိကို ၁၉၇၃ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဖခင် ရဲဘော်ကျော်မြနှင့် မိခင် ဒေါ်ဦးစိန်တို့က ရခိုင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ရခိုင်လူမျိုးတစ်ဦး ဖြစ်သည်။[၁] ဖခင်ဖြစ်သူမှာ ရခိုင်ပြည်ကွန်မြူနစ်ပါတီနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဗိုလ်သံမဏိသည် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ဆက်သွယ်ရေး သင်တန်း တက်ရောက်ခဲ့သူဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသည့် ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် နောက်ပိုင်းတွင် တရုတ်မြန်မာနယ်စပ် ရွှေလီမြို့တွင် နေထိုင်ခဲ့သည်။[၁]

နိုင်ငံရေးလှုပ်ရှားမှုများ

၁၉၉၄ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တာဝန်ပေးချက်အရ တနင်္သာရီတိုင်းရှိ မြိတ်နှင့် ထားဝယ်ခရိုင်များတွင် သင်တန်းများလာရောက်ပို့ချခဲ့သည်။[၁]

၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်ရပ်နှောင်းပိုင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက် ဦးကျော်မြသန်းသည် မြန်မာပြည် အလယ်ပိုင်းဒေသတွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်း ရွှေဘိုနယ်ထဲသို့ ရောက်ရှိလာခဲ့ကာ မြို့ပြတွင် ပြောက်ကျားစစ်ဆင်ရေး လုပ်မည့် တပ်ဖွဲ့ဝင်များအား သင်တန်းပေးမည့် သင်တန်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ သင်တန်းကာလပြီးသည့်နောက်တွင် ၎င်းက နေရပ်မပြန်တော့ဘဲ ရွှေဘိုကာကွယ်ရေးတပ်ဖွဲ့ (Shwe Bo Defense Force) ကို တပ်ရင်း တပ်ဖွဲ့အဖြစ် စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရနှင့်လည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း

၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ချောင်းမီးတိုရွာအနီးတွင် ပျူစောထီး ၆ ဦးခန့် ရောက်ရှိပစ်ခတ်နေသော သတင်းကြောင့် ဗိုလ်သံမဏိနှင့် ၎င်း၏ လက်အောက်ခံ ရဲဘော် ၁၅ ဦးတို့ တိုက်ခိုက်ရန် သွားရောက်ရာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရဲဘော်များ ဆုတ်ခွာ လွတ်မြောက်နိုင်ရန်အတွက် ခုခံပစ်ခတ်ပေးခဲ့ရာမှ ဗိုလ်သံမဏိနှင့် ရဲဘော်နှစ်ဦး ဖမ်းဆီးခံခဲ့ရကာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။[၁]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား