ဖာဝတ် စိတ္တသဝင်ဒီ
Ohm (ထိုင်း: โอม) ဟု လူသိများသည့် ဖာဝတ် စိတ္တသဝင်ဒီ (အင်္ဂလိပ်: Pawat Chittsawangdee; ထိုင်း: ภวัต จิตต์สว่างดี; ၂၀၀၀ ပြည့်နှစ် မတ်လ ၂၂ ဖွား) သည် ထိုင်းသရုပ်ဆောင်တစ်ဦး ဖြစ်သည်။ MCOT HD ၏ Make It Right (၂၀၁၆–၂၀၁၇) တွင် Frame အဖြစ်လည်းကောင်း၊ GMMTV ၏ He's Coming to Me (၂၀၁၉) တွင် Thun အဖြစ်လည်းကောင်း၊ Dew (၂၀၁၉) ရုပ်ရှင်တွင် Dew အဖြစ်လည်းကောင်း၊ The Shipper (၂၀၂၀) တွင် Khet အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။ Bad Buddy Series (၂၀၂၁) တွင် နာနွန် ကိုရာဖတ်နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားရာ အလွန်ရေပန်းစားသည်။
ဖာဝတ် စိတ္တသဝင်ဒီ | |
---|---|
ဇာတိ အမည် | ภวัต จิตต์สว่างดี |
မွေးဖွား | ဘန်ကောက်မြို့, ထိုင်းနိုင်ငံ | ၂၂ မတ်၊ ၂၀၀၀
အခြား အမည်များ | Ohm |
ပညာရေး | Srinakharinwirot University College of Social Communication Innovation |
အလုပ်အကိုင် | Actor |
တက်ကြွလှုပ်ရှားနှစ်များ | 2016–present |
ကိုယ်စားလှယ် | GMMTV |
ကျော်ကြားမှုအရင်းခံ |
|
ငယ်ဘဝနှင့် ပညာရေး
ဖာဝတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မွေးဖွားသည်။ Assumption ကောလိပ်မှ အထက်တန်းအောင်မြင်သည်။[၁] သီရိနခဝိရောတတက္ကသိုလ်တွင် ရုပ်ရှင်နှင့် ဒစ်ဂျစ်တယ်မီဒီယာပညာကို ဆည်းပူးလျက်ရှိသည်။[၂][၃]
ဆောင်ရွက်ချက်များ
၂၀၁၆ ခုနှစ်တွင် MCOT HD က ထုတ်လွှင့်သည့် ရုပ်သံဇာတ်လမ်းတွဲ Make It Right တွင် Frame အဖြစ် သရုပ်ဆောင်ကာ အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်။ Siam 13 Hours၊ Bangkok Ghost Stories: Rescuer၊ Beauty Boy: The Series စသည်တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ GMMTV သို့ မဝင်ရောက်မီ မန်နေးဂျင်းဒါရိုက်တာ Sataporn Panichraksapong က ဇာတ်လမ်းတွဲအသစ်တစ်ခုအတွက် လူရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဤသို့ဖြင့် အဆိုပါ ကုမ္ပဏီ၏ He's Coming to Me ဇာတ်လမ်းတွဲတွင် Singto Prachaya နှင့် တွဲဖက်၍ ပါဝင်ခဲ့သည်။[၄]
ထိုင်း အချစ်ရုပ်ရှင် Dew တွင်လည်း အဓိကဇာတ်ကောင် Dew နေရာက ဝင်ရောက်သရုပ်ဆောင်ထားသည်။[၅][၆]
၂၀၂၁ ခုနှစ် Bad Buddy Series ၌ အဓိကဇာတ်ကောင် ဖတ်အဖြစ် Nanon Korapat နှင့် တွဲဖက်သရုပ်ဆောင်ထားသည်။
ရိုက်ကူးမှုစာရင်း
ရုပ်ရှင်
Year | Title | Role | Notes | Ref. |
---|---|---|---|---|
2018 | Cross-Dimension Love | Guest role | [၇] | |
2019 | Dew | Dew | Main role | [၈] |
2021 | My Precious | TBA | Main role | [၉] |
ရုပ်သံ
Year | Title | Role | Notes | Ref. |
---|---|---|---|---|
2016 | Make It Right | Frame | Main role | [၁၀] |
War of High School | Pound | Main role | [၁၁] | |
Haunted | Ter | Main role | [၁၂] | |
2017 | Make It Right 2 | Frame | Main role | [၁၃] |
Siam 13 Hours | Ick | Main role | [၂] | |
Enough | Main role | [၁၄] | ||
2018 | Bangkok Ghost Stories: Rescuer | Frame | Main role | [၂] |
Beauty Boy: The Series | Pound | Support role | [၁၅] | |
2019 | He's Coming to Me | Thun | Main role | [၁၆] |
Make It Live: On The Beach | Frame | Guest role | [၁၇] | |
Blacklist | Highlight | Main role | [၁၈] | |
2020 | The Shipper | Khet | Main role | [၁၉] |
2021 | An Eye for an Eye | Nawa | Main role | [၂၀] |
Bad Buddy | Pat | Main role | [၂၁] | |
2022 | 10 years ticket | Main role | ||
Vice Versa | Guest role |
တေးသရုပ်ဖော်
Year | Title | Artist | Role | Ref. |
---|---|---|---|---|
2021 | จักรวาลที่ฉันต้องการมีแค่เธอ (My Universe is You) Jak Gra Wan Tee Chan Tong Gan Mee Kae Tur | Nanon Korapat | Himself | |
แค่เพื่อนมั้ง (Just Friend?) Khae Phuean Mang | Nanon Korapat | Pat | [၂၂] |
ဆုများနှင့် ဆန်ခါတင်စာရင်း
![]() | Indicates non-competitive categories |
Year | Award | Category | Nominated work | Result | Ref. |
---|---|---|---|---|---|
2019 | Thailand Master Youth | Artists, Performers, Singers & Entertainers ![]() | N/A | ဆုရရှိ | [၂၃] |
2020 | LINE TV Awards | Best Dramatic Scene | He's Coming to Me (shared with Prachaya Ruangroj) | ဆုရရှိ | [၂၄] |
28th Bangkok Critics Assembly Awards | Best Supporting Actor | Dew | ဆုရရှိ | [၂၅] | |
2021 | Kazz Awards | Num Wai Sai | Bad Buddy Series |