ဖခင်များနေ့

အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း ထိုနည်းတူ နေ့တစ်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်သင့်ကြောင်း စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော်သူမ၏ မိခင်သည် သူတို့မောင်နှမ ငါးယောက် ကလေးဘဝတွင်ကွယ်လွန်သွားခဲ့သည်။ သူတို့ဖခင်သည် သား သမီး ငါးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့သည်။

သူမဖခင်၏ နာမည်သည် မစ္စတာ ဝီလျံဂျက်ဆင်စမတ် (Mr. Willian Judson Smart) ဖြစ်ပြီး ၁၈၆၀ ခုနှစ်တွင် အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတပ်များ ကျွန်ကိစ္စနှင့် ပြည်တွင်းစစ်ဖြစ်ပွားစဉ်က မြောက်ပိုင်းတပ်တွင် တပ်သားအဖြစ် အမှုထမ်းခဲ့သည်။

ဤဖခင်သည် ဇနီးသည်ကွယ်လွန်သွားပြီးနောက် နောက်ထပ်အိမ်ထောင်မပြုဘဲ လူမမယ် သားသမီး(၅)ယောက်အား ကြီးပြင်းလာသည် အထိ ဖခင်တယောက်အနေဖြင့် မိသားစု စားဝတ်နေရေးအတွက် တဘက်မှ အလုပ်လုပ်ပြီး မိခင်တယောက်ကဲ့သို့လည်း ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ တစ်နည်းအားဖြင့် ဖခင်လည်းဖြစ်၊ မိခင်လည်းဖြစ်သော ဖခင်တယောက်ဖြစ်လေသည်။

သမီးကြီးဖြစ်သူ Mrs. Dodd သည်ဖခင်ကို သတိရလွမ်းဆွတ်သည်နှင့် မကျေနပ်နိုင်ဘဲ ဖခင်များနေ့ကို သတ်မှတ်ပြီး ဂုဏ်ပြုရန်အတွက် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်များကို လှုံ့ဆော်မှုကြောင့် ပထမဦးစွာ ဝါရှင်တန်ပြည်နယ်တွင် ၁၉၁၀ခုနှစ်တွင် စတင်ပြီး ဖခင်များနေ့ကို ကျင်းပခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းပြည်နယ်များတွင် ဖခင်များနေ့ကို နှစ်စဉ်ကျင်းပကြသည်။ ယခုကာလတွင် ဖခင်များနေ့ဖြစ်သော ဇွန်လတတိယပတ် တနင်္ဂနွေနေ့အား ၁၉၇၂ ခုနှစ်မှစ၍အမေရိကန်နိုင်ငံတစ်ဝန်းတွင် တညီတညွတ်တည်း သတ်မှတ်ပြီး ဖခင်များကို ဂုဏ်ပြုခဲ့ကြသည်။

ထို့နောက် ကမ္ဘာပေါ်ရှိနိုင်ငံတော်တော်များများသည်လည်း ဖခင်များနေ့ကို ထိုနည်းတူစွာ ယခုအခါတွင် ကျင်းပကြသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား