ပြည့်တန်ဆာ

အခကြေးငွေယူ၍လိင်ပိုင်းဆိုင်ရာ နှီးနှောခြင်း

ပြည့်တန်ဆာဟူသည် လိင်ဆက်ဆံမှုကိစ္စများအတွက် အဖိုးအခ ရယူ၍ လုပ်ကိုင်ဆောင်ရွက်သူ လိင်လုပ်သား ဖြစ်သည်။ commercial sex worker ဟူ၍လည်းခေါ်သည်။

ပြည်ကြီးတန်ဆာ ဟူသော ပြည့်တန်ဆာဟူသည်မှာ ယဉ်ကျေးသော မြန်မာအသုံးအနှုန်းဖြင့် ခေါ်တွင်စေခဲ့သော (မိန်းမရွှင်) (ညဉ့်ငှက်)ဟူ၍ ဖြစ်သည်။ ပါဠိအဘိဓာန်တွင် ပြည့်တန်ဆာ ပရိယာယ်ကို (၆)မျိုးပြဆိုရာ နာဂရသောဘိနိပုဒ်ကို အကြောင်းပြု၍ မြန်မာလိုပြည့်တန်ဆာဟူသည့် ယဉ်ကျေးဖွယ်ရာ ဝေါဟာရဖြစ်ထွန်းလာသည်ဟု ဆိုရပေမည်။

နာဂရံပြည်ကို၊ သောဘိနီ....တင့်တယ်စေတတ်၏။ (သို့) တန်ဆာဆင်တတ်၏။ ဣတိ...ထို့ကြောင့် နာဂရံဘိနီ ...ပြည့်တန်ဆာမည်၏ဟု ဝိဂြိုဟ်ပြုကြသည်။ ယနေ့ခေတ်တွင် ဇိမ်မယ်၊ အပြာမယ် ဟူသော ဝေါဟာရသစ်ဖြင့် ရန်ကုန်မြို့လူထုက အသိအမှတ်ပြုရ သကဲ့သို့ ယဉ်ကျေးခြင်း မပြည့်တင်းဘဲ အဓိပ္ပာယ်လည်း မငုံမိချေ။ မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၌ ဤသို့ အရေးတယူ ဖော်ပြထားကြောင်း တွေ့ရပေသည်။ (ရတနာပုံခေတ် ရှေ့ရုံးတော် အရာရှိတို့ ဆောင်ရွက်ရသော ဝတ္တရားများတွင် ပြည့်ကံကျွေး သွေးမစွန်း၊ စဏ္ဍာဠ၊ အစုများမှာ နေရာတကျရှိအောင် ဆောင်ရွက်ဆင့်ဆိုရသော အမှုထမ်းလည်း ပါရှိလေကြောင်း သိရှိရသည်။

ပြည့်ကံကျွေး ဆိုသည်မှာ ဤနေရာ၌ ပြည့်တန်ဆာမကို ဆိုလိုသည်။ ပြည့်တန်ဆာဆိုသည်မှာလည်း နှစ်မျိုးနှစ်စား ရှိသေးသည်။ ပထမမျိုးမှာ သတ်မှတ်ထားသောနေရာတွင် ပြည့်တန်ဆာဟူ၍ အတိအလင်း ထင်ရှားစွာ ပြည့်တန်ဆာ လုပ်သူဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ သတ်မှတ်ထားသောနေရာတွင် မနေဘဲ မြို့တွင်း၊ ရွာတွင်းမှာနေပြီး မထင်မရှား ပြည့်တန်ဆာလုပ်သူ အားလုံးကို ဆိုလိုသည်။ သတ်မှတ်နေရာတွင် အထင်အရှား ပြည့်တန်ဆာလုပ်သူကို ဇိမ်မယ် ဟူ ၍၎င်း၊ မိန်းမသွမ်း ဟူ၍လည်းကောင်း ခေါ်ဝေါ်၍ သတ်မှတ်ထားသောနေရာတွင် မနေဘဲ တိတ်တိတ်ပုန်း ပြည့်တန်ဆာလုပ်၍ ၍ငွေရှာသော မိန်းမများကို ကွိတ် ဟူ၍လည်းကောင်း၊ မိန်းမပေါ့ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။

ပြည့်တန်ဆာ အလုပ်သည်လည်း စီးပွားရေးကြပ်တည်းသဖြင့် ယခုမှ ပေါ်ပေါက်လာသော အလုပ်မဟုတ်ဘဲ၊ အလွန်ရှေးကျသော ခေတ်အခါကပင် ကမ္ဘာ့အနှံ့အပြား၌ တည်ရှိခဲ့သော အလုပ်မျိုးဖြစ်ပေသည်။ သို့သော် ကျေးလက်တောရွာတို့၌ကား ပြည့်တန်ဆာလုပ်ငန်းကို မတွေ့ရပေ။ ဆိုးရွားလှသော ဂျပန်ခေတ်ကာလပင် တောရွာဒေသများ၌ ပြည့်တန်ဆာများ မရှိသလောက် ရှားပါးခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာတို့ ကိုးကွယ်သော ဘာသာတရား၏ အဆုံးအမကြောင့်၎င်း၊ မိသားစုစိတ်ဓာတ်၊ ဆွေမျိုးဉာတိစိတ်ဓာတ် စသည်တို့ မွေးမြူနိုင်ခဲ့ပြီး ပေါင်းသင်းဆက်ဆံမှု ကောင်းကြသဖြင့်၎င်း၊ အဝတ်အစား လော်လည်မှုကင်းပြီး ရိုးသားစွာ နေတတ်ကြသော ဓလေ့ကြောင့်၎င်း ဖြစ်တန်ရာ၏။[၁]

အမ်စတာဒမ်၌ ဈေးစကားပြောနေသည့် ပြည့်တန်ဆာတစ်ဦးအား တွေ့ရစဉ်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား