ပုံတူမျိုးပွားခြင်း

ဇီဝဗေဒ တွင် ပုံတူ မျိုးပွားခြင်း (cloning) ဆိုသည်မှာ ဗက်တီးရီးယားအင်းဆက် သို့ အပင်များကဲ့သို့ သဘာဝ လိင်မဲ့ မျိုးပွားခြင်းကဲ့သို့ genetically-identical ဗီဇချင်း ထပ်တူသည့် သက်ရှိများအား ပွားယူခြင်းကို ဆိုသည်။ ဇီဝ နည်းပညာ (biotechnology) တွင် ပုံတူ မျိုးပွားခြင်း ဆိုသည်မှာ ပုံတူ ဒီအန်အေ မျှင်တန်း ကူးယူခြင်း (molecular cloning), ဆဲလ် ပုံတူကူးခြင်း (cell cloning) သို့ အင်္ဂါများ ပုံတူကူးခြင်း ကိုခေါ်သည်။ ပို၍ ယေဘုယျအားဖြင် digital media သို့ software များ ပုံတူကူးခြင်း တို့ကိုလည်းခေါ်သည်။

မိုလီကျူလာ ကလုံးနီး

မိုလီကျူလာ ကလုံးနီး (molecular cloning) သည် သက်မှတ်ထားသော ဒီအန်အေ စီးကွမ့် (DNA sequence) ၏ ပုံတူ အများအပြား ကူးယူခြင်း လုပ်စဉ်ကို ခေါ်သည်။ ပုံတူ မျိုးပွားခြင်း (cloning) ဟု ဆိုလိုက်လျှင် များသောအားဖြင့် ဂျီးခေါ် မျိုးဗီဇ ပါရှိသော ဒီအန်အေ အပိုင်းအစကို မိုလီကျူလာ ကလုံးနီး နည်းဖြင့် ပွားယူခြင်းကို ဆိုလိုသည်။ ၎င်းနည်းသည် ဂျီး မဟုတ်သော promoter (ဂျီးတခု အနီးတွင် တည်ရှိပြီး ထိုဂျီးသင်္ကေတများ စတင်တော့မည်ဟု ညွန်ပြသည့် ဒီအန်အေ သင်္ကေတ) စသည့် မည်သည့်နေရာမှ ဒီအန်အေ အပိုင်းအစ ကိုမဆို ကူးယူနိုင်ပြီး မိုလီကျူလာ ဇီဝဗေဒ တွင် အလွန်အရေးပါသည်။ ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုများ၊ လက်တွေ့အသုံးချနည်းများဖြစ်သော genetic fingerprinting (လက်ဗွေရာ နှိပ်ယူသကဲ့သို့ ဗီဇအချက်အလက်များအား မှတ်တမ်းတင်ြခင်း၊ တူညီမှု ရှိမရှိ တိုက်ယူခြင်း) မှသည် ပရိုတိန်း ထုတ်လုပ်ခြင်းများ အထိ ဤနည်းလမ်းကို အသုံးချကြသည်။ တစ်ခါတစ်ရံတွင် ကလုံးနီးဆိုသည့် ဝေါဟာရအား ခရိုမိုဇုန်း တွင် ဂျီး တည်ရှိရာနေရာကို ရှာဖွေသည့် positional cloning နည်းဟု မှားယွင်းစွာ ညွှန်းဆိုတတ်သည်။ သို့သော်လည်း လက်တွေ့တွင်မူ ခရိုမိုဇုန်း တွင် ဂျီး တစ်ခု၏ တည်ရှိရာနေရာကို သိရှိသည့်တိုင် ၎င်းဂျီးကို မထုတ်ယူနိုင်ခြေ။

သိုးမလေး ဒေါ်လီ

သိုးမလေး ဒေါ်လီ

သိုးမလေး ဒေါ်လီ (၁၉၉၆-၂၀၀၃) သည် သက်ရှိပုံတူမျိုးပွားခြင်းဖြင့် ရရှိသော သန္ဓေဆဲလ် မဟုတ်သော သာမန်ဆဲလ် မှ ပေါက်ပွားသည့် ပထမဆုံး နို့တိုက် သတ္တဝါ ဖြစ်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား