ပီတာ လင်ဂျာရိုအန်ရတ်

ထိုင်းနိုင်ငံ​ရေးသမား

ပီတာ လင်ဂျာရိုအန်ရတ် (အင်္ဂလိပ်: Pita Limjaroenratထိုင်း: พิธา ลิ้มเจริญรัตน์RTGSPhitha Limcharoenrat) သည် ထိုင်းနိုင်ငံမှ အမျိုးသားနိုင်ငံ​ရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ရှေ့သို့ချီပါတီ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၂၃ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၎င်း၏ပါတီက အမတ်နေရာ အများစုကို ဦးဆောင်ထားသည်။

ပီတာ လင်ဂျာရိုအန်ရတ်
Pita Limjaroenrat
พิธา ลิ้มเจริญรัตน์
၂၀၂၀ပြည့်နှစ်က​တွေ့ရစဉ်
​အောက်လွှတ်​တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၄ မတ် ၂၀၁၉
​ရှေ့သို့ချီပါတီ​ခေါင်း​ဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ မတ် ၂၀၂၀
ယခင်လူရာထူးစတင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1980-09-05) ၅ စက်တင်ဘာ၊ ၁၉၈၀ (အသက် ၄၃)
ဘန်ကောက်မြို့ထိုင်းနိုင်ငံ
လူမျိုးထိုင်း
နိုင်ငံရေးပါတီရှေ့သို့ချီပါတီ (၂၀၂၀ - လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
​ရှေ့အနာဂတ်ပါတီ (၂၀၁၈ - ၂၀၂၀)
ကြင်ဖော်(များ)Chutima Teepanart (လက်ထပ် 2012; ကွာရှင်း 2019)
သားသမီး
မိခင်Linda Limjaroenrat
ဖခင်Pongsak Limjaroenrat
ပညာရေး
နာမည်ပြောင်Tim (ทิม)[၁]

အစောပိုင်းဘဝနှင့် ပညာရေး

ပီတာကို ၁၉၈၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်သည်။ သူ၏ဖခင်သည် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အကြံပေးတစ်ဦးဖြစ်သည်။ ဦးလေးဖြစ်သူမှာ ပြည်ထဲရေးဝန်ကြီး၏ အတွင်းဝန်ဖြစ်ကာ ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်နှင့် ရင်းနီးသူလည်းဖြစ်သည်။[၂][၃]

သူသည် အသက် (၁၁)နှစ်အရွယ်တွင် နယူးဇီလန်နိုင်ငံသို့ ပို့ဆောင်မခံရမီတွင် ဘန်ကောက်ခရစ်ယာန်ကောလိပ်(အထက်တန်းကျောင်း)သို့ တက်ရောက်ခဲ့သည်။ နယူးဇီလန်တွင် အလယ်အလတ်တန်းစားမိသားစုတစ်ခုနှင့်အတူ နေထိုင်ခဲ့ပြီး သတင်းစာပို့ခြင်း၊ နွားနို့ပို့ခြင်းကဲ့သို့သော အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခဲ့သည်။ရုပ်သံများမှ လွှတ်တော်ဆွေးနွေးမှုများကို ကြည့်ခြင်းဖြင့် ၎င်း၏နိုင်ငံရေးစိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။

အထက်တန်းအောင်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်ခဲ့ပြီး ၂၀၀၂ခုနှစ်၌ ဓမ္မသတ်တက္ကသိုလ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ရှိ တက္ကဆပ်တက္ကသိုလ်သို့ တက်ရောက်ရန် ပညာသင်ဆုပါရရှိခဲ့သည်။နောက်ပိုင်းတွင် ဟားဗက်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသား ပညာသင်ဆုပါ ရရှိခဲ့သည်။ ဤသည်မှာ ထိုင်းနိုင်ငံမှ ပထမဆုံး ရရှိခြင်းဖြစ်သည်။ ဟားဗက်တက္ကသိုလ်၏ ဂျွန်အက်ဖ်ကနေဒီအစိုးရကျောင်းမှလည်း ပြည်သူ့မူဝါဒဆိုင်ရာ မာစတာဘွဲ့ ရရှိခဲ့သေးသည်။ အမ်အိုင်တီတက္ကသိုလ်၏ ဆလိုအမ်အုပ်ချုပ်မှုကျောင်းမှလည်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မာစတာဘွဲ့ ရရှိခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်ဘဝ

ဖခင်ကွယ်လွန်ပြီးနောက် အသက် (၂၅)နှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပြီး CEO Agrifood ဟုအမည်ရ ၎င်းတို့မိသားစုပိုင် ဖွဲနုဆီလုပ်ငန်းတွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကုမ္ပဏီသည် (၂)နှစ်အကြာတွင် ပြန်လည် အခြေကျလာခဲ့သဖြင့် ပီတာသည် ၎င်း၏မာစတာဘွဲ့များအတွက် အမေရိကန်ပြည်ထောင်စုသို့ ပြန်ခဲ့သည်။ သူသည် ၂၀၁၇ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဂရပ်ကုမ္ပဏီ (ထိုင်း) ၏ အမှုဆောင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေးသမားဘဝ

ပီတာသည် ၂၀၁၉ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ရှေ့အနာဂတ်ပါတီ (Future Forward Party) သို့ အဖွဲ့ဝင်ခဲ့သည်။ ပါတီခေါင်းဆောင် ဓနာဓရ ကျွန်ရွန်းရွန်းကစ် ၏ ဖိတ်ကြားချက်အရ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။ ၎င်းတို့ပါတီသည် ၂၀၁၄စစ်အာဏာသိမ်းပြီးနောက် ကြီးစိုးနေသည့် စစ်အုပ်စုကို စိန်ခေါ်မည့် အတိုက်အခံပါတီတစ်ခုဖြစ်သည်။ ပါတီ၏ ရွေးကောက်ပွဲကတိကဝတ်တွင် ထိုင်းနိုင်ငံ၏ အခြေခံနိုင်ငံရေးစနစ်ကို ပြောင်းလဲရန် လက်နက်ကိုင်တပ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် ပါဝင်သည်။ ဘုရင်စနစ်ကို ပြောင်းလဲရန်လည်း သွယ်ဝိုက်၍ ပြောဆိုခဲ့သည်။ ၎င်းတို့ပါတီသည် ရွေးကောက်ပွဲ၌ တတိယမြောက်အမတ်အများဆုံး ရရှိကာ ရှေးရိုးစွဲဝါဒီများအား အံ့အားသင့်စေခဲ့သည်။[၄]

ပီတာသည် အောက်လွှတ်တော်အမတ်နေရာအတွက် အနိုင်ရခဲ့သည်။ ၂၀၁၉ခုနှစ် ဇူလိုင်လတွင် သူသည် အစိုးရအား စိုက်ပျိုးရေးမူဝါဒများကို အာရုံစိုက်လာရန် "အချက်ငါးချက်သီအိုရီ"ကို လွှတ်တော်၌ တင်သွင်းခဲ့သည်။ ပါတီချင်းမတူသော်လည်း ၎င်း၏တင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီးက ချီးကျူးခဲ့သည်။

ရှေ့အနာဂတ်ပါတီသည် ထိုင်းနိုင်ငံတော်ဝင်ဝါဒီသမားများ၊ စစ်ဘက်သမားများ၏ ခြိမ်းခြောက်မှုများခံခဲ့ရကာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပါတီကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ပါတီ၏အမတ်အချို့က ရှေ့သို့ချီ (Move Forward Party) ကို ထူထောင်ခဲ့ကြသည်။ ပီတာက ၂၀၂၃ရွေးကောက်ပွဲတွင် ပါတီကို ခေါင်းဆောင်ခဲ့သည်။ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီက အမတ်အများစု အနိုင်ရလာပြီးနောက်တွင် ပီတာက သူ့အနေဖြင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ရန် အသင့်ဖြစ်ပြီဟု ကြေညာခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးသူများသည် ကြီးကြီးမားမားပေးဆပ်ရမည်ဟုလည်း သတိပေးခဲ့သည်။[၅]

၂၀၂၃ ​ရွေး​ကောက်ပွဲ

၂၀၂၃ရွေးကောက်ပွဲတွင် ပီတာ၏ပါတီသည် အများစုအနိုင်ရခဲ့ပြီး ပီတာသည် ဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံခဲ့သည်။ လွှတ်တော်အမတ်များ၏ ပထမအကြိမ် မဲပေးရွေးချယ်မှုတွင် ပီတာသည် မဲအလုံအလောက် မရခဲ့ပေ။ လွှတ်တော်နှစ်ရပ်ပေါင်း အမတ် (၇၅၀)တွင် (၃၂၄)မဲသာ ရရှိခဲ့သည်။ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် (၃၇၆)မဲ လိုအပ်သည်။ ပီတာက သူ့အနေဖြင့် ဒုတိယအကြိမ်ထပ်မံကြိုးစားမည်ဟု ကြေညာခဲ့သည်။ သို့ရာတွင် ဒုတိယအကြိမ်မဲပေးမှုမစမီ ထိုင်းအခြေခံဥပဒေခုံရုံးက သူ့အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။ လွှတ်တော်ဥပဒေအရ ကန့်သတ်ထားသော မီဒီယာလုပ်ငန်းအား ရှယ်ယာထည့်ဝင်ခြင်း၊ ဘုရင်စနစ်ကိုပြုပြင်ရန် ကြိုးပမ်းခြင်းတို့ကြောင့် တိုင်ကြားခံခဲ့ရသဖြင့် ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေခုံရုံးသို့ လွှဲပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပြုသည့်အဆင့်တွင်ပင် မဲရာချီကန့်ကွက် ခံခဲ့ရသည်။ [၆][၇][၈]

ပုဂ္ဂိုလ်ရေးဘဝ

ပီတာသည် သရုပ်ဆောင် ချူတီမား တီပန်ရက်နှင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ် မတ်လတွင် ကွာရှင်းခဲ့ကြသည်။ ချူတီးမားက ပီတာအနေဖြင့် အိမ်ထောင်ရေးတွင် အရမ်းထိန်းချုပ်ပြီး နှိပ်စက်ခဲ့သည်ဟု လူသိရှင်ကြား စွပ်စွဲခဲ့သည်။ အမျိုးသမီးအရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ပီတာအား ဖြေရှင်းရန် ပြောခဲ့သည်။ ချူတီမားက ပီတာအား ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု တရားစွဲခဲ့သော်လည်း တရားရုံးက မဟုတ်မှန်ကြောင်း စီရင်ခဲ့သည်။ ထိုအချိန်မှစ၍ ချူတီမားသည် စွပ်စွဲချက်များကို ပယ်ဖျက်ကာ ပီတာ၏ နိုင်ငံရေးရည်မှန်းချက်ကို ထောက်ခံခဲ့သည်။ သူတို့တွင် သမီးတစ်ဦးရှိသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား