ပီတာ ချိုင်ကော့ဗ်စကီး

ပျိုသရာ အီလစ်ချ် ချိုင်ကော့ဗ်စကီး (/ˈpjɔːtər ˈlj ˈkɒfski/;[၁] ရုရှား: Пётр Ильи́ч Чайко́вский( ၂၅ ဧပြီလ(မေလ ၇ ရက်) မွေးဖွား - ၂၅ အောက်တိုဘာ (နိုဝင်ဘာလ ၆ ရက်) ၁၈၉၃ သေဆုံး)သည် ရုရှားတေးပြုစာဆို တစ်ဦးဖြစ်ပြီး သံစုံတေးသီချင်းများ၊ ပြဇာတ်သီချင်းများ၊ ဘဲလေးအကအတွက် သီချင်းများ၊ တူရိယာတစ်ခုအားပြု တေးစုများနှင့် ဓမ္မတေးသီချင်းများ ရေးဖွဲ့ခဲ့သည်။ ထိုထဲမှ တေးအချို့သည် ဂန္ထဝင်တေးသွားစုများတွင် ကျော်ကြားလှသော တေးသီချင်းများဖြစ်ကြသည်။ သို့ရာတွင် ဘဲလေးတေး ဂီတစီကုံးသူအဖြစ်သာ လူသိများသည်ဟု ဆိုနိုင်သည်။

A middle-aged man with grey hair and a beard, wearing a dark suit and staring intently at the viewer.
ချိုင်ကော့စကီး၏ ပုံတူပန်းချီကား ၁၈၉၃

ပျိုသရာ အီလစ်ချ် ချိုင်ကော့ဗ်စကီးသည် ရုရှနိုင်ငံ ဗော့တကင့် မြို့တွင် ၁၈၄ဝ ခုနှစ်၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ သတ္တုတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်၏။ ချိုင်ကော့စကီးအား မွေးဖွားပြီး နောက် မကြာမီပင် စိန့်ပီတာစဘတ်မြို့သို့ ပြောင်းရွေ့လာခဲ့ကြ သည်။ ထိုကဲ့သို့ တေးဂီတတွင် ပါရမီကြီးလှသော ချိုင်ကော့ဗ်စကီး၏ ဘဝအစတွင် အစိုးရဝန်ထမ်းအဖြစ် အမှုထမ်းခဲ့သည်။ ထိုအချိန်က ရုရှားပြည်တွင် ဂီတသမားတစ်ဦးအဖြစ် ဘဝခရီး လျှောက်လမ်းရန် အခွင့်အလမ်းနည်းပါးလှသည်။ ဂီတပညာသင်ကျောင်းများလည်း ထိုအချိန်က မပေါ်ပေါက်သေးချေ။ ဂီတပညာသင်ရန် အခွင့်အရေးရလာသည်နှင့်တပြိုင်နက် သူသည် စိန့်ပီတာစပတ်ဂီတအနုပညာကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ၁၈၆၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။

သူ၏ဆရာမှာ နာမည်ကျော်စန္ဒယားဆရာကြီး ရုဘင်စတိန်း ဖြစ်၍ ပညာသင်ကြားနေစဉ်တွင် နာမည်ကျော် ဂီတစာဆို ရင်မစကီ ကောဆာကော့ အစရှိသည့် နာမည်ကျော် လူငယ် ဂီတပညာသည်တစ်စုနှင့် ရင်းနှီးခင်မင်ခဲ့၏။ ထို့နောက် မော်စကိုအနုပညာသင်ကျောင်းသို့ သွားရောက်ကာ ဂီတ ပါမောက္ခအဖြစ်ဖြင့် ဆောင်ရွက်ရသည်။ အင်္ဂလန်နိုင်ငံသို့လည်း မကြာမကြာ သွားရောက်လည်ပတ်လေ့ရှိခဲ့၏။ ၁၈၇၇ ခုနှစ် တွင် အိမ်ထောင်ပြုခဲ့သော်လည်း ၄ လကြာတွင် ကွာရှင်းခဲ့ရလေသည်။

ယင်းသို့ အိမ်ထောင်ကွဲပျက်ရ၍ စိတ်မချမ်းသာ ဖြစ်နေ ခိုက်တွင် ငွေကြေးအခက်အခဲနှင့် ကြုံရပြန်သည်။ ထိုအခါတွင် သူ၏အရည်အချင်းကို သိပြီးဖြစ်သော နဒက်ဒါဖွန်မက်ခေါ် ငွေကြေးချမ်းသာသူမုဆိုးမကြီးတစ်ဦးကသူ့အား လစဉ်ငွေကြေး ထောက်ပံ့၍ ဂီတတွင် ထူးချွန်အောင် လိုက်စားစေလေသည်။ မည်သည့်အခါမှ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခြင်းမပြုရဟူသော စည်းကမ်းချက်ဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်း တွင် ချိုင့်ကော့ဗ်စကီးသည် သူ၏ အကောင်းဆုံး တေးလက်ရာများ စီကုံးခဲ့သည်။ ချိုင့်ကော့ဗ်စကီး၏ ဘဲလေး တေးဂီတ အကျော်အမော်များတွင် Sleeping Beauty, Swan Lake, Romeo နှင့် Juliet ပြဇာတ်အဖွင့် ဂီတနှင့် Eugene Onegin အော်ပရာတို့ ပါဝင်သည်။

စာဖြင့်သာ ဆက်သွယ်လျက် လစဉ်ထောက်ပံ့ငွေကို ယူနေခဲ့ရာ ၁၈၉ဝ ပြည့်နှစ်တွင် သူ၏ကျေးဇူးရှင်အမျိုးသမီးကြီး စီးပွားပျက်လေသောကြောင့် ထောက်ပံ့ငွေများလည်း ရပ်စဲသွား လေသည်။ ထိုအခါတွင် ချိုင်ကော့စကီးမှာ စိတ်အပျက်ကြီး ပျက်ခဲ့ရပြန်သည်။ ချိုင်ကော့စကီး သီကုံးသော ကဗျာတေးချင်းများသည် ရုရှဂီတအစစ် မဟုတ်ဟူ၍ အစတွင် လူကြိုက်မများခဲ့သော်လည်း တဖြည်းဖြည်း ကျော်ကြားလာပေသည်။ သို့ရာတွင် ချိုင်ကော့စကီးမှာ အမြဲတမ်း စိတ်မကောင်းစရာနှင့် တွေ့ကြုံနေရသူတစ်ယောက် ဖြစ်ခဲ့၏။ သူ၏ကျေးဇူးရှင် စီးပွား ပျက်ပြီးနောက် ၃ နှစ်အကြာ ၁၈၉၃ ခုနှစ်တွင် ချိုင်ကော့စကီးသည်လည်း ကွယ်လွန်ရှာလေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား