ပိုင်မြစ်

ပိုင်မြစ် သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်စီရင်စု၊ ပိုင်ခရိုင်၊ Daen Lao တောင်တန်းများမှ စတင်မြစ်ဖျားခံ ဖြစ်တည်လာသည့် မြစ်တစ်စင်း ဖြစ်သည်။ မြစ်သည် ပထမဆုံး မြောက်ဘက်မှ တောင်ဘက်သို့ ဦးတည်ကာ စီးဆင်းပြီး ထို့နောက်တွင် အရှေ့မှ အနောက်သို့ စီးဆင်းကာ Mueang Mae Hong Son ခရိုင် သို့ စီးဝင်သည်။ ထို့နောက်တွင် ထိုင်း - မြန်မာနယ်စပ်ကို ဖြတ်သန်းသွားသည်။ ကယားပြည်နယ်ရှိ သံလွင်မြစ်သည် ဤမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။ ဤမြစ်သည် ၁၈၀ ကီလိုမီတာ (၁၁၀ မိုင်) ရှည်လျားသည်။

ပိုင်မြစ်
Pai River near Mae Hong Son
Map of the Thai highlands
CountryThailand, Burma
StateMae Hong Son Province (Thailand), Kayah State (Burma)
အချက်အလက်များ
မြစ်ဖျားခံရာDaen Lao Range, Pai District, Mae Hong Son Province, Thailand
၁,၁၇၀ m (၃,၈၄၀ ft)
19°27′0″N 98°29′20″E / 19.45000°N 98.48889°E / 19.45000; 98.48889
စီးဝင်ရာနေရာSalween
Punghsa-se, Kayah State, Burma
၁၁၁ m (၃၆၄ ft)
19°08′45″N 97°32′40″E / 19.14583°N 97.54444°E / 19.14583; 97.54444 97°32′40″E / 19.14583°N 97.54444°E / 19.14583; 97.54444
အလျား၁၈၀ km (၁၁၀ mi)

ဤမြစ်၏ အမည်သည် လန်နဘာသာစကားဖြင့် "ဆင်ထီး" ဟု အဓိပ္ပာယ်ရသည်။ ထိုင်းဘာသာစကားဖြင့် "ပလိုင်" ဟူ၍ ဖြစ်သည်။ ဖြစ်စဉ်ဇာတ်လမ်းမှာ ၁၄၇၇ ခုနှစ်တွင် ဘုရင် Tilokaraj သည် လန်နဘုရင့်နိုင်ငံ၏ အုပ်ချုပ်သူမင်း ဖြစ်သည်။ သူ၏ သူ၏တစ်ဝမ်းကွဲတော်စပ်သူမင်းသား Si Chaiya အား Ban Don ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် သူ၏ ဆင်ဖြူတစ်ကောင်သည် ထွက်ပြေးသွားသည့်အတွက် မြစ်ထဲတွင် ရေဖြတ်ကူးနေသည့် သူ၏ ဆင်ကို ပြန်လည်ရှာဖွေရန် စစ်သည်များကို စေခိုင်းခဲ့သည်။ [၁]

ပိုင်မြစ်သည် ဖောင်စီးခြင်းအတွက် ထင်ရှားသည်။[၂] မြစ်ထဲတွင် လျင်မြန်စွာ ရေစီးမှုသည် နိုင်ငံတကာ မြစ်ရေဆိုင်ရာအခက်အခဲစကေးတိုင်းတာချက်အရ အဆင့် ၁ မှ အဆင့် ၄ အထိ ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ဒတ်ချ်လူမျိုးခရီးသွား အသက် ၂၆ နှစ်အရွယ် Susan van Amerom သည် PVC လှေပေါ်မှ ပြုတ်ကြကာ ထိခိုက်ဒဏ်ရာရ၍ ပိုင်မြစ်ထဲတွင် သေဆုံးခဲ့သည်။ ပိုင်မြစ်မှနေ၍ တောင်တန်းသစ်တောများ၏ လှပသည့်ရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။ ခရီးသွားလာသူများသည် တိတ်ဆိတ်သည့် ကမ်းခြေနေရာများတွင် စခန်းချကာ နေထိုင်ကြသည်။

ပြင်ပလင့်များ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား