ပါဘလိုအက်စ်ကိုဘာ

ပါဘလို အမီလီယို အက်စ်ကိုဘာ ဂါဗီရီးယာ (အင်္ဂလိပ်: Pablo Emilio Escobar Gaviria; စပိန်အသံထွက်: [ˈpaβ̞lo eˈmiljo eskoˈβ̞aɾ ɣ̞aˈβ̞iɾja]၊ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ - ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂) သည် ကိုလံဘီယန် မူးယစ်ရာဇာ နှင့် မူးယစ်အကြမ်းဖက်သမား တစ်ဦး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်းသို့ တရားမဝင်တင်သွင်း လာသော ကိုကိန်း ၈၀%ကို သူ့အဖွဲ့က သွင်းခဲ့ခြင်းဖြစ်ပြီး စီးပွားအဖြစ်ခဲ့ဆုံးအချိန်မှာ ကိုယ်ပိုင်ဝင်ငွေမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၁.၉ ဘီလျံကျော် ရှိသည်။[၂][၃] "ကိုကိန်းဘုရင်" ဟု အမှတ်သညာပြုခံရသည့် အက်စ်ကိုဘာသည် သမိုင်းတလျောက် အချမ်းသာဆုံး ရာဇဝတ်သားဖြစ်ပြီး၊ ၁၉၉၀ အစောပိုင်းနှစ်များ တွင် အမေရိကန်ဒေါ်လာ ၂၅ နှင့် သန်း ၃၀ ကြား (၂၀၁၇ ခုနှစ် အတိုင်းအတာနှင့်ဆိုလျှင် ၄၈.၅- ၅၆ ဘီလျံနဲ့ညီမျှ) ကြွယ်ဝသည်ဟု ခန့်မှန်းရသည်။[၄][၅] သို့ဖြစ်ရာ ၎င်း အထွဋ်အထိပ်ရောက်ချိန်တွင် ကမ္ဘာ့အချမ်းသာဆုံးသူများအနက်မှ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။[၆][၇]

ပါဘလိုအက်စ်ကိုဘာ
A mugshot of Pablo Escobar taken in 1977 by the Medellín Control Agency.
မွေးဖွားပါဘလို အမီးလီယို အက်စ်ကိုဘာ ဂါဗီရီးယာ
(၁၉၄၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၁)၁ ဒီဇင်ဘာ၊ ၁၉၄၉
ရီယိုနဲဂရို, ကိုလံဘီယာ
ကွယ်လွန်၂ ဒီဇင်ဘာ၊ ၁၉၉၃(1993-12-02) (အသက် ၄၄)
မက်ဒဲလင်း, ကိုလံဘီယာ
သေဆုံးရခြင်း အကြောင်းရင်းသေနတ်ဖြင့် ပစ်ခတ်ခံရခြင်း
အခြား အမည်များ
  • ဒွန်ပါဘလို (ဆာပါဘလို)
  • အယ်လ်ပါဒြိနို (ဂေါင်းကိုင်ဖခင်ကြီး)
  • El Patrón (ဘော့စ်)
  • အယ်လ်ဆီညော်ရာr (လော့ဒ်)
  • El Mágico (မျက်လှည့်ဆရာ)
  • El Pablito (ပါဘလိုလေး)
  • El Zar de la Cocaína (ကိုကိန်း ဇာဘုရင်)
အလုပ်အကိုင်မက်ဒဲလင်းအဖွဲ့ တည်ထောင်သူနှင့် အကြီးအကဲ ၊ နိုင်ငံရေးသမား
ကြွယ်ဝမှုအမေရိန်ကန် ဒေါ်လာ ဘီလျံ ၃၀ (၁၉၉၃ ခုန့်မှန်းခြေ)
ရာဇဝတ်ပြစ်ဒဏ်ထောင်ဒဏ် ၅ နှစ်[၁]
အိမ်ထောင်ဖက်(များ)မာရီယာဗစ်တိုးရီးယားဟီနအို (၁၉၇၆-၁၉၉၃ (သေဆုံးချိန်အထိ))
သားသမီး
  • စဘက်ရှန်မာရိုကွင်း (၁၉၇၇)
  • မန်နျူဝဲလာ အက်စ်ကိုဘာ (၁၉၈၄)
ပြစ်ဒဏ်ကျခြင်း(များ)မူးယစ်ကုန်ကူးခြင်း နှင့် မှောင်ခိုသွင်းခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ လာဘ်ထိုးခြင်း၊ ရာဇဝတ်အုပ်စု ဂိုဏ်းဖွဲ့ခြင်း၊ လူသတ်ခြင်း

ကိုလံဘီယာနိုင်ငံ၊ ရီယိုနဲဂရိုးတွင် မွေးဖွားခဲ့ပြီး အနီးရှိ မက်ဒဲလင် အရပ်တွင် ကြီးပြင်းသည်။ လက်တင်အမေရိက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ မက်ဒဲလင်တက္ကသိုလ်တွင် ခေတ္တ တက်ရောက်ပြီး ဘွဲ့မရမီ ကျောင်းမှ ထွက်သည်။ မှောင်ခို တင်သွင်းသော စီးကရက်များ၊ ထီလက်မှတ်အတုများ ရောင်းချခြင်းကဲ့သို့ ရာဇဝတ်မှုများတွင် စတင် ပါဝင် ပတ်သက်ပြီး ကားခိုးယူမှုများတွင်လည်း ပါဝင်ခဲ့သည်။ ကိုကိန်းမှုန့် ကိုယ်တိုင် မဖြန့်ဖြူးခင်နှင့် ၁၉၇၅ တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့  မှောင်ခိုလမ်းကြောင်း မဖောက်မီ ၁၉၇၀ ခုနှစ်များအတွင်း မှောင်ခို ပစ္စည်း တင်သွင်းသူများအတွက် လုပ်ကိုင်ပေးခြင်း ၊ ပြန်ပေးငွေရရန် လူပြန်ပေးဆွဲခြင်းနှင့် ထိန်းသိမ်းထားခြင်း တို့ကို ကျူးလွန်ခဲ့သည်။ ကိုကိန်းဝယ်လိုအား မြင့်တက်လာမှု ကြောင့် အက်စ်ကိုဘာ၏ အမေရိကန်မူးယစ်ဈေးကွက်သို့ ထိုးဖောက်မှု မှာ အဆများစွာ ကျယ်ပြန့်လာခဲ့ပြီး ၁၉၈၀ ခုနှစ် အရောက် တွင် ကိုလံဘီယာမှ အမေရိကန်သို့ ကိုကိန်း တန် ၇၀ မှ ၈၀ ထိ လစဉ် တင်ပို့ခဲ့သည်။ မက်ဒဲလင်း ကာတဲလ် ဟု အသိများသော သူ၏ မူးယစ်ကွန်ရက်နှင့် ပြည်တွင်းပြည်ပ မှ အခြားအဖွဲ့များ ယှဉ်ပြိုင်ကြရာ ရဲအရာရှိများ ၊ တရားသူကြီးများ၊ ဒေသခံများနှင့် လူသိများ ထင်ရှားသော နိုင်ငံရေးသမားများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း နှင့် အသတ်ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် လစ်ဘရယ်လ်အော်လ်တာနတဗစ် လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ်သော ကိုလံဘီယာကိုယ်စားလှယ်များချိန်ဘာ၏ အရန်အဖွဲ့ဝင်အဖြစ် အက်စ်ကိုဘာအရွေးချယ်ခံရသည်။ ဤမှတဆင့် ကိုလံဘီယာအနောက်ပိုင်းတွင် အိမ်များ ဘောလုံးကွင်းများ ဆောက်လုပ်ရန် တာဝန်ထမ်းရွက်ရာ  ၊ ၎င်းမကြာခဏသွားရောက်ရာ အရပ်မှ မြို့ခံများအကြား မှတ်သားလောက်အောင် ရေပန်းစားထင်ရှားလာခဲ့သည်။ သို့သော် ကိုလံဘီယာမှာ ကမ္ဘာ့လူသတ်ပွဲမြို့တော်တမျှ ဖြစ်လာရာ အက်စ်ကိုဘာမှာ ကိုလံဘီယန်နှင့် အမေရိကန်အစိုးရတို့၏ ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်မှုခံရသည်။[၈] ၁၉၉၃ ခုနှစ်၊ အက်စ်ကိုဘာ၏ ၄၄ နှစ် မြောက် မွေးနေ့ပြီး နောက်တနေ့တွင် ၎င်း၏မွေးရပ်မြေ၌  ကိုလံဘီယန် နိုင်ငံတော် ရဲတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည်။[၉][၁၀]

အကိုးအကားနှင့် မှတ်စုများ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား