ဒြပ်ဆွဲအား

(ဒြပ်ဆွဲငင်အား မှ ပြန်ညွှန်းထားသည်)

နျူတန်ပျိုး ရူပဗေဒ တွင် ဒြပ်ဆွဲမှု(gravity) ဟူသည် ဒြပ်ဆွဲအား (အင်္ဂလိပ်: gravitational force; သင်္ကတအားဖြင့် ) ပင် ဖြစ်သည်။ နျူတန်၏ ဒြပ်ဆွဲမှုနိယာမအရ ဒြပ်(mass) ရှိသော အရာဝတ္ထုတိုင်းသည် အချင်းချင်း ဆွဲငင်နေသည့် အား(force)တို့ အစဉ် အပြန်အလှန် သက်ရောက်နေသည်။
၎င်းအားသည် -

  • ဒြပ်ပမာဏ၂ခု၏ မြှောက်လဒ် () နှင့် တိုက်ရိုက်အချိုးကျပြီး
  • ကြားအကွာအဝေး၏ နှစ်ထပ်ကိန်း ()နှင့် ပြောင်းပြန်အချိုးကျသည်။
ဒြပ်ထု၂ခု အပြန်အလှန် ဆွဲအားသက်ရောက်ပုံ
ဒြပ်ထု၂ခု အပြန်အလှန် ဆွဲအားသက်ရောက်ပုံ


နျူတန်၏ လောကလုံးဆိုင်ရာ ဒြပ်ဆွဲမှုနိယာမ (Newton's Universal Law of Gravitation)

F သည် အရာဝတ္ထုနှစ်ခုကြားရှိ သက်ရောက်နေသော ဒြပ်ဆွဲအားm1 နှင့် m2 သည် အရာဝတ္ထု၏ ဒြပ်ပမာဏများဖြစ်ပြီး r သည် ထုထည်ဗဟိုနှစ်ခုကြားရှိ အကွာအဝေးဖြစ်ကာ G သည် ဒြပ်ဆွဲအား ကိန်းသေဖြစ်သည်။

အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင် အိုင်ဆပ် နယူတန်၊ (၁၆၄၂-၁၇၂၇)

နျူတန်၏ ဒြပ်ဆွဲမှုနိယာမ (Newton's Law of Gravitation) အရ ရှိရှိသမျှသော ဒြပ်ဝတ္ထုအားလုံး၌အချင်းချင်း ဆွဲငင်သည့်အား အသီးအသီး ရှိကြသည်။ နေသည်ကမ္ဘာကို ဆွဲငင်၏။ ကမ္ဘာကလည်း နေကို ဆွဲငင်၏။ လကကမ္ဘာကို ဆွဲငင်၏။ ကမ္ဘာကလည်း လကို ဆွဲငင်၏။သို့ရာတွင် ထိုသို့ ဆွဲငင်သည့် အားချင်းမှာ တစ်ခုနှင့်တစ်ခုမတူကြချေ။ ပုံပမာ-ပန်းသီးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ခုနှင့်တစ်ခု ဆွဲငင်ကြသော်လည်း ကမ္ဘာသည် ပန်းသီးရှိရာသို့လိုက်ပါခြင်းမရှိပဲ ပန်းသီးကသာ ကမ္ဘာမြေကြီးပေါ်သို့ကြွေကျခြင်းမှာ ပန်းသီးတွင် ပါဝင်သော ဒြပ်ပမာဏက ကမ္ဘာမြေကြီးတွင် ပါဝင်သော ဒြပ်ပမာဏအောက် မနှိုင်းရှည့်လောက်အောင် နည်းပါးသွားသောကြောင့် ဖြစ်သည်။ တစ်ဖန်အရာဝတ္ထု အချင်းချင်း ဆွဲငင်ကြရာတွင် အရာဝတ္ထုတို့၏ စပ်ကြားရှိ အကွာအဝေး သည်လည်း အရေးကြီးသည့် အချက်ဖြစ်သည်။ အဓိပ္ပာယ်မှာ အရာဝတ္ထုတို့သည် နီးကပ်လျှင်ဆွဲအားကြီးမား ၍ ဝေးလျှင် ဆွဲအားနည်းပါးသွားလေသည်။ဤဆွဲအားကို ဒြပ်ဆွဲအား (gravitational force) ဟု ခေါ်သည်။ထိုဆွဲအားကြောင့် အရာဝတ္ထုများ အစုအဝေးအဖြစ် စုစည်းမိကြခြင်းကို ဒြပ်ဆွဲစု (graviational bound) ဟု ခေါ်နိုင်သည်။ အရာဝတ္ထုနှစ်ခုတွင်တစ်ခုကိုတစ်ခု ဆွဲငင်နေ သည့် ဆွဲအား၏ ပမာဏကို ရှာလိုသောအခါ အရာဝတ္ထုတို့၏ ဒြပ်ထုချင်းမြောက်၍ မြှောက်ရကိန်းကို အရာဝတ္ထုတို့၏ စပ်ကြားရှိ အကွာအဝေး၏နှစ်ထပ်ကိန်းနှင့် စားရသည်။ ရလဒ်သည် အရာဝတ္ထုနှစ်ခုအချင်းချင်း ဆွဲငင်သောအား၏ ပမာဏ ဖြစ်သည်။အထက်ပါ နယူတန်၏ ဂရက်ဗစ်တီ ဆွဲအားစည်းသည်လောက(Universe) တစ်ခုလုံးစာ ဖြန့်ကျက်သယောင်သဘော ရောက်လေသည်။ နေ၊ လ၊ ကမ္ဘာ၊ကြယ်၊ ဂြိုဟ်အားလုံးသည် ထိုစည်းအရ ဆက်သွယ်ရွေ့ရှားလျက် ရှိကြသည်။ ဒြဗ်ဝတ္ထုအားလုံး နှင့် သက်ဆိုင်သောဆွဲအားကို ယေဘုယျအားဖြင့် ဒြပ်ဆွဲအားဟု ခေါ်၍ကျွန်ုပ်တို့ ကမ္ဘာမြေတစ်ခု တည်းနှင့်သာ သက်ဆိုင်သောဆွဲအားကိုမူ (ကမ္ဘာ)မြေဆွဲအားဟု ခေါ်လေ့ရှိသည်။အမှန်မှာ ဂရက်ဗစ်တီဆွဲအားအကြောင်းကို နယူတန်မပေါ်မီရှေးနှစ်ပေါင်းများစွာကပင် ပညာရှိ အသီးအသီးကတွေးတောမှန်းဆခဲ့ကြလေသည်။ သို့သော် ထိုဆွဲအားနှင့်သက်ဆိုင်သည့် သေချာကျနသော အယူအဆမှာ နယူတန်လက်ထက်သို့ရောက်မှ ထွက်ပေါ်လာလေသည်။ရှေးဂရိသိပ္ပံပညာရှင် အရစ္စတိုတယ်က လေးသော အရာဝတ္ထုတို့သည် ပေါ့သော အရာဝတ္ထုတို့ထက် အောက်သို့ အကျမြန်သည်ဟု ပြောခဲ့သည်။ ဤအယူအဆမှာ အရစ္စတိုတယ်၏ မှန်းဆထင်မြင်ချက်မျှသာ ဖြစ်လေသည်။ သို့သော်ရှေးကလူများသည် အထူးသဖြင့် အရစ္စတိုတယ်၏ဟောပြောချက်ဟုဆိုလျှင် မည်သူမျှ စောဒကမတက်တော့သည့်အတိုင်း နှစ်ပေါင်း နှစ်ထောင်တိုင်တိုင် အထက်ပါအယူအဆကို ဧကန် အမှန်ဟူ၍ လက်ခံယုံကြည်လာခဲ့ကြရာဂယ်လီလီယို လက်ထက်ကျခါမှပင် တက်တက်စင် မှားနေကြောင်းကို သိရလေတော့သည်။

ဂယ်လီလီယိုသည် ပီစာမြို့ရှိ ယိုင်နေသော မျှော်စင်ကြီးပေါ်သို့ တက်ပြီးနောက် မျှော်စင်အထက်ထပ်မှ နေ၍ အလေးချိန်ချင်းမတူသော ပစ္စည်းနှစ်ခုကို အများပရိသတ်ရှေ့တွင်ပြိုင်တူချပြသည်။ ထိုအခါ ထိုပစ္စည်း နှစ်ခုစလုံး မြေကြီးပေါ်သို့ ပြိုင်တူကျရောက်သည့် အခြင်းအရာကို ကိုယ်တွေ့ ဒိဋ္ဌတွေ့မြင်ကြရလေသည်။ ဂယ်လီလီယိုသည် ထိုမှတဆင့်တက်၍ လက်တွေ့ စမ်းသပ်မှု အမြောက်အမြားကို ပြုလုပ်ရာတွင်အထက်မှ အောက်သို့ကျနေသော အရာဝတ္ထု၏ အသွားနှုန်းသည် တစ်ချိန်ထက်တစ်ချိန် ပိုမို လျင်မြန်လာသည်ကိုတွေ့ရလေသည်။ ပုံပမာ-အရာဝတ္ထုတစ်ခုသည် ကျလျက်ရှိစဉ်တွင် ပထမစက္ကန့်၌ ၁၆ ပေ၊ ဒုတိယစက္ကန့်၌ ၄၈ ပေ၊တတိယစက္ကန့်၌ ပေ ၈ဝ စသည်ဖြင့် အကျနှုန်းသည်တစ်စက္ကန့်ထက် တစ်စက္ကန့် ၃၂ ပေကျ တိုးတက်လျင်မြန်လာသည်ကို တွေ့ရလေသည်။ ဤအကျနှုန်းတို့ကိုကမ္ဘာမြေဆွဲအားကြောင့် ဖြစ်သော အကျ နှုန်းတိုးဟုခေါ်၍ဤဂယ်လီလီယို၏ သဘာဝစည်းကို ကျနေသောပစ္စည်းများစည်းဟု ခေါ်လေသည်။

အပိုလို ၁၅ အာကာသယာဉ်မှူး ဒေးဗစ် စကော့သည် ဂယ်လီလီယို၏ ဒြပ်ဆွဲအားကို စမ်းသပ်နေပုံ

ဤစည်းအရပင်လျှင် ကျွန်ုပ်တို့သည် ကုလားထိုင်စသောနိမ့်သည့်နေရာများမှ လိမ့်ကျခြင်းထက် အိမ်ခေါင်မိုးပြတင်းပေါက်စသော အမြင့်က လိမ့်ကျခြင်းက ပိုမို၍ ထိခိုက်နာကျင်ခြင်း ဖြစ်စေသည်။ အလား တူပင် အမြင့်မှ ကျလာသော ကျောက်ခဲသည် အနိမ့်မှကျလာသော ကျောက်ခဲထက်လူကို ထိခိုက်သောအခါ ပိုမို နာကျင်စေသည်။ အရာဝတ္ထုတိုင်း၌ အလေးထုနှင့် အလေးချိန်ဟူ၍ သီးခြားရှိသည့်အချက်ကို ပထမပြဆိုသူမှာ နယူတန်ပင် ဖြစ်သည်။အလေးထုဆိုသည်မှာ အရာဝတ္ထုတွင်ရှိသော ဒြဗ်ပမာဏဖြစ်၍အလေးချိန်ဆိုသည်မှာ ထိုအရာဝတ္ထု၌ သက်ရောက်သည့်ကမ္ဘာမြေ၏ ဆွဲအားပမာဏာပင် ဖြစ်သည်။အရာဝတ္ထုတစ်ခု၏ ဒြဗ်ထုသည် မည်သည့်နေရာတွင်ပင်နေနေ အမြဲတမ်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော် အလေးချိန်မှာမူ နေရာကိုလိုက်၍ ပြောင်းလဲတတ်လေသည်။ ကမ္ဘာမြေကြီးမှာ လုံးသည်ဟု ဆိုရသော်လည်း ပကတိ အလုံးမဟုတ်၊ဝင်းရိုးစွန်းနေရာများ၌ အနည်းငယ် ပြားလျက်ရှိသည့်အတွက်ဝင်ရိုးစွန်း ဒေသသည် အခြားနေရာနှင့်စာလျှင် ကမ္ဘာလုံး၏ဗဟိုချက်နှင့် ပို၍ နီးသည်။ ထို့ကြောင့်အရာဝတ္ထုတစ်ခုကိုစပရင်ချိန်ခွင်နှင့် ဝင်ရိုးစွန်းဒေသ၌ ချိန်တွယ်ရရှိသည့် အလေးချိန်သည် အီကွေတာ၌ ချိန်တွယ်ရရှိသည့် အလေးချိန်ထက်ပိုသည်ကို တွေ့ရလေသည်။ တစ်ဖန် ကမ္ဘာမြေမှ ဝေးကွာသွားသောအခါ ကမ္ဘာမြေကြီး၏ ဆွဲအားသည် လျော့သွားပြန်သည့်အတိုင်း ကမ္ဘာမြေမှ ဝေးကွာသွားသည်နှင့်အမျှ အရာဝတ္ထုတို့၏အလေးချိန် သည်လည်း နည်းသွားရလေသည်။ လက်တွေ့စမ်းသပ်မှုများအရ အလေးချိန်တစ်ခုသည် မြေပြင်မှ အထက်သို့နှစ်မိုင်မြင့်သွားတိုင်း မူလ အလေးချိန်၏ ၂ဝဝဝ ပုံ တစ်ပုံခန့်လျော့သွားသည်ကို တွေ့ရလေသည်။ထို့ပြင် နေ လ ကြယ် ဂြိုဟ်တို့သည် တစ်ခုနှင့်တစ်ခုအရွယ်လည်းမတူ၊ ပါဝင်သည့် ဒြဗ်ပမာဏာချင်းလည်းမညီမျှသည့်အတွက် ထို နေ၊ လ၊ ကြယ်၊ ဂြိုဟ် အသီးသီးတွင်ရှိသော ဂရက်ဗစ်တီဆွဲအားချင်းမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်၌ ပေါင် ၁ဝဝ လေးသောသူသည် လပေါ်၌ ၁၆ ပေါင်သာလေး၍၊ အင်္ဂါဂြိုဟ်ပေါ်၌ ၃၅ပေါင်မှ ၅ဝ အတွင်းလေးမည်။ နေပေါ်၌ဆိုလျှင် ပေါင် ၆ဝဝမှ ၈ဝဝ အထိပင် လေးမည်ဟု ခန့်မှန်းရလေသည်။ တစ်ဖန်ကမ္ဘာမြေကြီးပေါ်၌ လေးပေခန့်သာ အမြင့် ခုန်နိုင်သူ တစ်ဦးသည် အင်္ဂါဂြိုဟ်ပေါ်၌ ရှစ်ပေခန့် ခုန်နိုင်မည်ဆိုလျှင်ကားကျွန်ုပ်တို့သည် နေ၏ဆွဲအားကြောင့် ခြေထောက်ကို မြှောက်ဖို့ရန်ပင် အတော်ခဲယဉ်းပေလိမ့်မည်။အရာဝတ္ထုအသီးအသီးသည် မိမိတို့တွင် ပါဝင်သောဒြဗ်ပမာဏ အနည်းအများကိုလိုက်၍ တစ်ခုနှင့်တစ်ခု သိပ်သည်းပုံချင်း မတူကြပေ။ ပုံပမာ- လေထက် ရေက ပိုမိုသိပ်သည်း၍၊ရေထက်ဆိုလျှင် သစ်သား သံ စသည်တို့က တဆင့်ထက်တဆင့် ပိုပြီးသိပ်သည်းကြသည်။ ထို့ကြောင့် သိပ္ပံပညာတွင်အရာဝတ္ထုသိပ်သည်းဆကို ရှာလိုသော် အရာဝတ္ထု၏အလေးချိန်ကို ထိုအရာဝတ္ထုနှင့်အရွယ်ထုချင်းတူညီသော ရေ၏အလေးချိန်နှင့် စားရလေသည်။ သိပ်သည်းဆ တွက်ချက်နည်း ကို ပထမဦးစွာ ဂရိပညာရှိကြီး အာခီးမီးဒီးက စတင်တွေ့ရှိပြသခဲ့လေသည်။ အာခီးမီးဒီး၏ သဘာဝစည်းအရ အရာဝတ္ထုတစ်ခုသည် ရေထဲသို့ နစ်မြုပ်၍ လျော့သွား သော အလေးချိန်သည် ထိုအရာဝတ္ထုနှင့် အရွယ်ထုချင်းတူညီသော ရေထု၏အလေးချိန်နှင့် ညီမျှသည်။ ထိုကြောင့် အရာဝတ္ထုတစ်ခုကိုလေထဲ၌ ချိန်တွယ်ရရှိသော အလေးချိန်ကို ရေထဲ၌ ချိန်တွယ်၍တွေ့ရှိသော အလေးချိန် အလျော့နှင့်စားလျှင် ရလဒ်သည်ထိုအရာဝတ္ထု၏ သိပ်သည်းဆပင် ဖြစ်သည်။ ဤသဘောကိုမူတည်၍ အာခီးမီးဒီးသည် ဘုရင့်သရဖူမှ ရွှေခိုးမှုပြဿနာကိုဖြေရှင်းပေးခဲ့သည်။ ဂရက်ဗက်တီ ဆွဲအားနှင့် သက်ဆိုင်သည့်ကိစ္စတွင် အစိုင်အခဲတို့၏ဟန်ချက်သည်လည်း အရေးကြီးပေသည်။ ဟန်ချက်ဆိုသည်မှာ အရာဝတ္ထုတစ်ခုခု၏ အလေးထု၊ သို့မဟုတ် အလေးချိန်၏ ဗဟိုချက်ဖြစ်သည်။ အရာဝတ္ထု တစ်ခုသည် အောက်ခြေမြဲပြီး ယိုင်လဲခြင်း မရှိပဲ နေရန်မှာ အရာဝတ္ထုအထက်ဘက်၌ တည်ရှိရန် လိုပေသည်။ ဟန်ချက်သည်အကယ်၍ အောက်ခံအခြေ၏ အပြင်ဘက်သို့ ရောက်သွားလျှင်အရာဝတ္ထုသည် ယိုင်လဲသွားသည်။ တစ်နေရာရာ၌ ချိတ်ဆွဲထားသော အရာဝတ္ထုတို့တွင် ဟန်ချက်သည် ထိုချိတ်ဆွဲထားရာ အမှတ်၏ အောက်တည့်တည့်၌ ရှိသည်။ ဟန်ချက်သည်မယိုင်လဲဘဲ တည်နေရမည့်ပစ္စည်း မှန်သမျှတွင် အတော်ပင်အရေးကြီးပေသည်။ ပီစာမြို့ရှိ မျှော်စင်ယိုင်ကြီးသည် ယိုင်ပင်ယိုင်လျက်ရှိ သော်လည်း၊ ဟန်ချက်သည် အောက်ခြေ၏အပေါ်အတွင်းဘက်၌ရှိသောကြောင့်သာ လဲကျမသွားဘဲ ခြေမြဲနေခြင်းဖြစ်သည်။ အကယ်၍သာ ထိုမျှော်စင်ယိုင်ကြီးကို ယခုထက် တိုးမြှင့် ဆောက်လုပ်လိုက်မည်ဆိုပါက ဟန်ချက်သည်အောက်ခြေ၏ နယ်အတွင်းမှ လွတ်သွားသည်နှင့်တစ်ပြိုင်နက်အဆောက်အအုံကြီးလည်း ပြိုကျသွားမည်မှာ သေချာပေသည်။မည်သည့်ပစ္စည်းမဆို အောက်ခံအခြေနယ်ကျဉ်းက၊ ယိုင်လဲမသွားအောင် ထိန်းထားရန်မှာ ခဲယဉ်းမြဲဖြစ်သည်။ဂရက်ဗစ်တီ ဆွဲအားသည် ကျွန်ုပ်တို့အား အဆိုးအကောင်းနှစ်မျိုးစလုံးသောအကျိုးကို ပေးလေသည်။ အမြင့်သို့တက်ရာ၌မောပန်းရခြင်း၊ လေးလံသည့် အရာဝတ္ထုတို့ကို မရာ၌ မောပန်းရခြင်းတို့မှာ အမှန်စစ်စစ် ကမ္ဘာမြေကြီး၏ ဆွဲအားကိုကျော်လွန်ရန် လုံးပန်းရသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည်အကယ်၍ စက်ဘီးစီးနေစဉ် စက်ဘီးပေါ်မှာ ဟန်မထားနိုင်ပဲလဲကျသွားလျှင် ကမ္ဘာမြေကြီး၏ဆွဲအားကိုသာ အပြစ်ဆိုကြရပေလိမ့်မည်။သို့ရာတွင် ရေအားဖြင့်လည်သော ဒိုင်နမိုမှ လျှပ်စစ်ဓာတ်ရရှိပုံကို စဉ်းစားသောအခါ ထိုရေသည် ကမ္ဘာ မြေဆွဲအားကြောင့် မြင့်ရာမှ နိမ့်ရာသို့ စီးရသည့်အချက်ကို သတိရကာကမ္ဘာမြေဆွဲအားကို ကျေးဇူးတင်ရပေ လိမ့်မည်။ အမေရိကန်နိုင်ငံတွင် အထပ်ငါးဆယ်၊ ခြောက်ဆယ်အမြင့်မှ စာအိတ်ကလေးကို ထိုအထပ်ရှိ အပေါက်ကလေးထဲသို့ ထည့်လိုက်ရုံမျှနှင့် ထိုစာအိတ်သည် အောက်ဆုံးထပ်ရှိ စာအိတ်ပုံးထဲသို့ချောမောစွာ ရောက်သွားနိုင်ခြင်းမှာလည်း ကမ္ဘာမြေဆွဲအား၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။ တိုင်ကပ်နာရီရှိ ချိန်သီး အချိန်မှန်မှန် လွှဲနေခြင်းမှာလည်း ကမ္ဘာမြေဆွဲအား၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။သို့ရာတွင် ဂရက်ဗစ်တီဆွဲအားအကြောင်း နှင့် စပ်လျဉ်း၍ကျွန်ုပ်တို့ သိရသော အချက်များမှာ လုံးဝ ပြည့်စုံပြီဟု မဆိုနိုင်သေးချေ။ အာကာသလောကအတွင်းရှိ နေ၊ လ၊ ကြယ်၊ဂြိုဟ်တို့သည် တစ်ခုကိုတစ်ခု မည်သို့ ဆွဲနိုင်ကြသနည်း၊နေသည် မိုင်သန်းပေါင်းများစွာ ကျယ်သော လဟာပြင်ကြီးကိုကျော်ဖြတ်ကာ မိမိ၏ဆွဲအားကို ကျွန်ုပ်တို့ ကမ္ဘာပေါ်သို့အဘယ်ပုံ သက်ရောက်စေနိုင်သနည်း ဟူသော မေးခွန်းများမှာနယူတန်ကိုယ်တိုင် အဖြေမပေးနိုင်ခဲ့သော မေးခွန်းများ ဖြစ်လေသည်။အထက်ပါ မေးခွန်းတို့အတွက် ကျေနပ်လောက်သော အဖြေကို ၁၉၁၃ ခုနှစ်သို့ ရောက်ခါမှ ကမ္ဘာကျော် သိပ္ပံနှင့် သင်္ချာပညာရှင်ကြီးဖြစ်သူ အိုင်းစတိုင်းက သီအိုရီ အော့ ရေလေးတစ်ဗစ်တီးခေါ် အမှီသဟဲပြု ဝါဒဖြင့်ဖြေရှင်း ပြနိုင်လေသည်။ သို့ရာတွင် အိုင်စတိုင်း၏ဝါဒမှ နယူတန် ၏ ဂရက်ဗစ်တီဆွဲအား၏ အခြေမှန်နှင့်စပ်လျဉ်း၍ အသစ်ဖြစ်သော သဘောအချက်အလက်အချို့တို့ကို ထပ်မံ ထုတ်ဖော်ပေးခြင်းသာ ဖြစ်လေသည်။[၁]

ဒြပ်ဆွဲမှုအကြောင်း အခြားသော ရူပဗေဒရှင်းပြမှုများ

နက်ပကျွန်းဂြိုဟ်တည်ရှိမှုကို ခန့်မှန်းရန် အခြားဂြိုဟ်များ၏လုပ်ရှားမှုနှင့်မတူသော ယူရေးနပ်စ်ဂြိုဟ်၏ရွေ့လျားမှုပေါ်အခြေခံ၍ နယူတန်၏နိယာမကို အသုံးပြုတွက်ချက်ရာ အောင်မြင်မှုရရှိခဲ့သည်။ ဂျွန်ကောက်ချ်အာဒံစ်(John Couch Adams) နှင့် အဗန်းလဘေရီယယ်(Urbain Le Verrier) ထို့၏တွက်ချက်မှုဖြင့် နက်ပကျွန်းဂြိုဟ်ယေဘုယျအားဖြင့် ခန့်မှန်းတည်ရှိနိုင်သောနေရာကို ယိုဟန်ဂေါ့ဖရိဂါလ်(Johann Gottfried Galle) ကယင်းဂြိုဟ်ကိုရှာတွေ့ခဲ့သည်။
အခြားဂြိုဟ်နှင့် ပတ်လမ်းမတူသောဗုဒ္ဓဟူးဂြိုဟ် သည်နယူတန်၏နိယာမ၏ချို့ယွင်းချက်ကိုထောက်ပြပါသည်။ ပိုမိုနီးစပ်တိကျသည့် အိုင်းရှ်တိုင်းအထွေထွေနှိုင်းရသီအိုရီ သင်္ချာစုဖြင့် ထိုချို့ယွင်းချက်နေရာကို အစားထိုးကြသည်။

အကိုးအကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား