ဒိန်ခဲ

ဒိန်ခဲ (အင်္ဂလိပ်: cheese) သည် နို့ထွက်ပစ္စည်းဖြစ်ပြီး နို့တွင်ပါသောပရိုတင်း ကေစင်းကို ပျစ်အောင်ပြုကာ ပုံစံ အရောင် အရသာ အမျိုးမျိုးဖြစ်အောင် ဖန်တီးကြသည်။ ဒိန်ခဲတွင် နို့မှရသော ပရိုတင်းနှင့်အဆီတို့ ပါသည်။ နွား ကျွဲ ဆိတ် သိုးတို့မှရသော နို့များဖြင့် အဓိကထုတ်သည်။ ဒိန်ခဲလုပ်ရာတွင် အချဉ်ဖေါက်ပြီး ရန်နက်အန်ဇိုင်း (သို့ အလားတူဖန်တီးနိုင်သောအန်ဇိုင်း) ထည့်ကာ နို့ပရိုတင်း ကေစင်းကို ခဲစေသည်။ ဒိန်ခဲပျော့ကို ဒိန်ရည်မှ ဖယ်ယူကာ လိုချင်သောပုံစံရအောင် ဖိထားရသည်။[၁] အချို့ဒိန်ခဲများတွင် အပေါ်လွှာ၌၎င်း၊ အချို့၌ တတုံးလုံး၌၎င်း အနံ့ထုတ်မှိုများ ပေါက်နေတတ်သည်။ ဒိန်ခဲအများစုကို ဟင်းချက်အပူချိန်၌ တည်ကာ ကျိုတည်။

Red Hawk cheese
A platter with cheese and garnishes
Cheeses in art: Still Life with Cheeses, Almonds and Pretzels, Clara Peeters, c. 1615

နိုင်ငံအသီးသီးမှ ဒိန်ခဲအမျိုးပေါင်း တထောင်ကျော်ကို ထုတ်နေသည်။ နို့ယူသောရင်းမြစ်အလိုက်၎င်း၊ ကျိုထားမထားပေါ် မူတည်၍၎င်း၊ ထောပတ်ဆီပမာဏအရ၎င်း၊ ဘက်တီးရီးယားနှင့်မှိုတို့ကြောင့်၎င်း၊ ထုတ်လုပ်နည်းအရ၎င်း၊ သိပ်ထားချိန်အရ၎င်း၊ အရသာသွင်းသည့် ဆေးရွက် ဟင်းခတ်ပစ္စည်း ကျပ်တိုက်မီးခိုး စသည်တို့ကြောင်း၎င်း ပုံစံ အရောင် အရသာမှာ အပြားပြားကွဲသည်။ ဒိန်ခဲအများစုကို ဒန်းစေ့ဖြင့် အဝါရင့်ရောင် အနီရောင် ရအောင် ထုတ်သည်။ ငရုပ်ကောင်း ကြက်သွန်ဖြူ စသော အခြားပါဝင်ပစ္စည်းများထည့်၍လည်း ထုတ်သည်။

အချို့ဒိန်ခဲတို့ကို ဒိန်ပျော့ရအောင် ရှောက်ရည် ရှာလကာရည်ကဲ့သို့ အချဉ်ရည်များထည့်ကာ လုပ်သည်။ အချို့ဒိန်ခဲတို့မှာမူ အားပျော့သောနည်းဖြစ်သည့် ဘက်တီးရီးယားထည့်ကာ နို့သကြား (လက်တို့) ကို လက်တစ်အစ်ဆစ်ဖြစ်စေသည်။ နောက်မှ ရန်နက်အန်ဇိုင်းထည့်ကာ ဒိန်ခဲပျော့ထုတ်သည်။ သားသတ်လွတ်သမားများအတွက် ရန်နက်မသုံးဘဲ မှိုတမျိုးကို အချဉ်ဖေါက်၍ထုတ်သော ဒိန်ခဲလည်း ရှိသည်။

ဒိန်ခဲသည် သယ်ရန်လွယ်ခြင်း၊ အတန်ကြာ ကြာရှည်ခံခြင်း၊ အဆီ ပရိုတင်း ကယ်လဆီယမ် ဖော့စဖောရပ် ပါမှုများခြင်းတို့ကြောင့် အဖိုးတန်သည်။ နို့ထက် အထားခံပြီး ဒိန်ခဲအမျိုးအစားပေါ်လိုက်၍ ကြာရှည်ခံမှု ကွဲသည်။ ဒိန်ခဲတုံးများကို လေထုတ်ထားသောအိတ်များတွင် ထည့်၍၎င်း၊ ကာဘွန်ဒိုင်အောက်ဆိုက်နှင့်နိုင်ထရိုဂျင်ဖြည့်ထားသော ပလပ်စတစ်အိတ်များ၌ ထည့်၍၎င်း ဖြန့်ဖြူးနည်းကို ၂၁ ရာစုနောက်ပိုင်းတွင် အသုံးများသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား