ဒန်နာ စတစ်က်လန်း

ဒန်နာ သီယို စတစ်က်လန်း(၁၉၅၉ ခုနှစ် မေလ ၂၇ ရက်နေ့ဖွား)[၁][၂][၃] သည် ကနေဒါလူမျိုး အလင်းဆိုင်ရာ ရူပဗေဒပညာရှင်(optical physicist)နှင့် နိုဘဲလ်ဆုရှင်ဖြစ်သည်။ Pulsed lasers ဆိုင်ရာနယ်ပယ်တွင် အဦးဆုံးဆောင်ရွက်ခဲ့သော Gérard Mourou နှင့်အတူ သူမအား chirped pulse amplification အား တီထွင်ခဲ့မှုကြောင့် ၂၀၁၈ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး အာသာ အရှ်ကင်(Arthur Ashkin)အား သူမတို့နှင့် ဆက်စပ်မှုမရှိသော အခြားသော ဆောက်ရွက်မှုအတွက် ဆု၏ တစ်ဝက်အား ချီးမြှင့်ခဲ့သည်။[၄]

ဒန်နာ စတစ်က်လန်း
Donna Strickland in 2012
၂၀၁၂ ခုနှစ်တွင် ရိုက်ကူးခဲ့သော ဒန်နာ စတစ်က်လန်းပုံ
မွေးဖွားဒန်နာ သီအို စတစ်က်လန်း
(1959-05-27) ၂၇ မေ၊ ၁၉၅၉ (အသက် ၆၅)[၁][၂][၃]
Guelph, အွန်တေးရီးယိုးပြည်နယ်၊ ကနေဒါနိုင်ငံ
နယ်ပယ်
အဖွဲ့အစည်းဌာနUniversity of Waterloo
ပညာရေးMcMaster University
University of Rochester
ဘွဲ့ယူစာတမ်းDevelopment of an ultra-bright laser and an application to multi-photon ionization[၁] (၁၉၈၈)
ပါရဂူဘွဲ့ ကြီးကြပ်သူGérard Mourou
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက်Doug Dykaar
ရင်သွေး(များ)
ဝက်ဘ်ဆိုဒ်
uwaterloo.ca/physics-astronomy/people-profiles/donna-strickland

သူမသည် အင်ဂျင်နီယာဘွဲ့ကို မက်စ်မာစတာတက္ကသိုလ်(McMaster University)မှ ရရှိခဲ့ပြီး ရိုချက်စတာတက္ကသိုလ်(University of Rochester)တွင် ပါရဂူဘွဲ့စာတမ်း ပြီးစီးခဲ့သည်။ သူမသည် The Optical Society ၏ အဖွဲ့ဝင်ဖြစ်ပြီး ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လက်ရှိဥက္ကဋ္ဌ၏ အကြံပေးကော်မတီတွင် ပါဝင်ထမ်းဆောင်လက်ရှိသည်။ ယခုအခါတွင် သူမသည် ဝါတားလိုးတက္ကသိုလ်(University of Waterloo)တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၅]


ငယ်ဘဝနှင့် ပညာရေး

စတစ်က်လန်းအား ကနေဒါနိုင်ငံအွန်တေးရီးယိုးပြည်နယ်၊ ကွာ့ဖ်မြို့(Guelph)တွင် မိခင်ဖြစ်သူ အင်္ဂလိပ်ဆရာမ Edith J. (née Ranney)[၆] နှင့် ဖခင်ဖြစ်သူ လျှပ်စစ်အင်ဂျင်နီယာ Lloyd Strickland တို့မှ ၂၇ မေ ၁၉၅၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။[၁] သူမသည် မက်စ်မာစတာ တက္ကသိုလ်(McMaster University)ရှိ ရူပဗေဒဆိုင်ရာ သင်ကြားရေးအစီအစဉ်(engineering physics program)တွင် သူမစိတ်ဝင်စားသော lasers နှင့် electro-optics ဘာသာရပ်များပါဝင်သောကြောင့် ထိုတက္ကသိုလ်သို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။[၇] သူမသည် မက်စ်မာစတာတက္ကသိုလ်ရှိ အတန်း ၂၅ ခုရှိ အမျိုးသမီး ၃ ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ကို Engineering physics ပညာရပ်ဖြစ် ဘွဲ့ရှိခဲ့သည်။[၈]


စတစ်က်လန်းသည် ပါရဂူဘွဲ့ဆိုင်ရာ သုတေသနကို ရိုချက်စတာ တက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်း(Laboratory for Laser Energetics)[၉]နှင့် ချိတ်ဆက်ပြုလုပ်ခဲ့ပြီး ပါရဂူဘွဲ့ကို ၁၉၈၉ ခုနှစ်တွင် ရရှိခဲ့သည်။[၁၀][၁၁] သူမစာတမ်းအား ကြီးကြပ်သူအဖြစ် ဆောင်ရွက်သူမှာ Gérard Mourou ဖြစ်ပြီး ခေါင်းစဉ်မှာ "Development of an ultra-bright laser and an application to multi-photon ionization" ဖြစ်သည်။[၁] ၁၉၈၅ ခုနှစ် ရိုချက်စတာတွင် ရှိစဉ်က Mourou နှင့် စတစ်က်လန်းတို့သည် လေဆာများအတွက် chirped pulse amplification (ပြင်းအားမြှင့်သော အလွန်တိုတောင်းသော အလင်းကြိမ်နှုန်း ထုတ်လွင့်သည့် နည်း)အား တွေ့ရှိခဲ့ပြီး ထိုသည်အတွက် နောင်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအား ချီးမြှင့်ခံရခြင်းဖြစ်သည်။[၁၂]

နိုဘဲလ်ဆု

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် စတစ်က်လန်းသည် သူမ၏ သုတေသနစာတမ်းကြီးကြပ်သူ Gérard Mourou နှင့်အတူ chirped pulse amplification တွင် သူမတို့၏ဆောင်ရွက်ချက်များကြောင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအား ချီးမြှင့်ခြင်း ခံခဲ့ရသည်။

စတစ်ကလန်းနှင့် Mourou တို့သည် သူတို့၏ လေဆာနယ်ပယ်တွင် အစောဆုံးဆောင်ရွက်ချက်ဖြစ်သော "Compression of amplified chirped optical pulses" စာတမ်းကို ၁၉၈၅ ခုနှစ် စတစ်က်လန်းသည် Mourou လက်အောက်တွင် သုတေသနကျောင်းသူအဖြစ် ရှိနေစဉ်ပင် ထုတ်ဝေသခဲ့သည်။ ရိုချက်စတာတက္ကသိုလ် Laboratory for Laser Energetics တွင် သူတို့၏ လေဆာများအတွက် chirped pulse amplification တီထွင်နိုင်မှုသည် high-intensity ultrashort pulses of light beams နယ်ပယ်တွင် တိုးတက်မှုများ ရှိလာစေခဲ့သည်။[၁၃] အလွန်တိုသော၊ အလွန်ထက်သော အလင်းတန်းများသည် အလွန်တိကျစွာ ဖြတ်တောက်နိုင်စေရာ ထိုနည်းပညာကို laser micromachining၊ လေဆာဖြင့် ခွဲစိတ်ကုသမှု(laser surgery)၊ ဆေးပညာနယ်ပယ်၊ အခြေခံသိပ္ပံဆိုင်ရာ လေ့လာမှုနှင့် အခြားသော အသုံးချနယ်ပယ်များတွင် အသုံးပြုခဲ့ကြသည်။ ဤနည်းပညာကြောင့် ဆရာဝန်များအား လေဆာဖြင့် မှန်ကန်တိကျသည့် သန်းပေါင်းများသော မျက်စိခွဲစိတ်ကုသမှုပေါင်းများ(laser eye surgeries)ကို ပြုလုပ်နိုင်စေခဲ့သည်။[၁၄]

စတစ်က်လန်းမှ ဤနည်းပညာအား တွေ့ရှိပြီးနောက် ဤသည်မှ ကြီးမားသော ပြောင်းလဲမှုဖြစ်စေမည်ဟု သိရှိခဲ့သည်ဟု ဆိုခဲ့သည်။[၁၂] ဘဲလ် သုတေသနဓာတ်ခွဲခန်းမှ အနားယူခဲ့သော အမေရိကန် ရူပဗေဒပညာရှင် အာသာ အရှ်ကင်အား ဆု၏တစ်ဝက်ကို "optical tweezers that grab particles, atoms, viruses, and other living cells with their laser beam fingers" တွေ့ရှိမှုအတွက် ချီးမြှင့်ခဲ့သည်။[၁၅]

စတစ်က်လန်းသည် ၅၅ နှစ်အတွင်း ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရသော ပထမဆုံးအမျိုးသမီးဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သော မာရီ ကျူးရီးနှင့် ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သော Maria Goeppert-Mayer ပြီးလျှင် သမိုင်းတစ်လျှောက်၌ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သော တတိယမြောက် အမျိုးသမီးဖြစ်သည်။[၅][၁၆]

ပုဂ္ဂလဘဝ

စတစ်က်လန်းသည် လေဆာပညာရှင် Douglas R. Dykaar, PhD (in Electrical Engineering) နှင့်လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့သည်။[၈][၁၇] သူမ၏ သမီးဖြစ်သူ Hannah သည် တိုရွန်တို တက္ကသိုလ်(University of Toronto)တွင် နက္ခတ္တဗေဒဆိုင်ရာ ရူပဗေဒပညာဖြစ် ဘွဲ့ရရှိခဲ့သူဖြစ်သည်။[၈]

ချီးမြှင့်ခံရသော ဆုများ

ရွေးချယ်ထားသော စာစောင်များ


မှတ်စု

ကိုးကား


ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား