ဒစ်ဂျစ်တယ် ဈေးကွက်ဖော်ဆောင်ခြင်း

ဈေးကွက်ဖော်ဆောင်ခြင်း နည်းလမ်းများကို အင်တာနက်ပေါ်တွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုပြီ

ဒစ်ဂျစ်တယ် ဈေးကွက်ဖော်ဆောင်ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်မားကတ်တင်း (အင်္ဂလိပ်: Digital Marketing ဆိုသည်မှာ ဈေးကွက်ဖော်ဆောင်ခြင်း နည်းလမ်းများကို အင်တာနက်ပေါ်တွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုပြီး ပြုလုပ်ခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာများတွင် မိုဘိုင်းဖုန်းများ၊ ပြသခြင်းကြော်ငြာများ နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကြားခံအသုံးပြုခြင်းများပါဝင်သည်။[၁] ဒစ်ဂျစ်တယ်ဈေးကွက်ဖော်ဆောင်ခြင်း ပြုလုပ်ရာတွင် အင်တာနက်ဖြင့် ဈေးကွက်ဖော်ဆောင်ခြင်းအပါအဝင် အင်တာနက်မလိုအပ်သည့် ဒစ်ဂျစ်တယ်လမ်းကြောင်းများကိုပါ အသုံးပြုကြသည်။

ဒစ်ဂျစ်တယ်မားကတ်တင်း သည့် ၁၉၉၀ ပြည့်နှစ်များစတင်၍ နိုင်ငံတကာတွင် စတင်အသက်ဝင်လာပြီး စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်မှုတွင် အခန်းဂဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်ခဲ့သည်။[၂] ၂၀၀၀ ပြည့်နှစ်ကာလတွင် ဒစ်ဂျစ်နယ်နည်းပညာများ တဟုန်ထိုးဖွံဖြိုးလာပြီး ဈေးကွက်ဖော်ဆောင်ရေးနည်းများတွင် ဒစ်ဂျစ်တယ်ဖြင့် ဈေးကွက်ဖော်ဆောင်ခြင်း ကြော်ငြာပြသခြင်းများသည် နေရာအပြည့်ယူလာပြီး အများပြည်သူသို့ ဈေးကွက်ချဲ့ထွင်ရာတွင် အတူတွဲဖက်အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် အရေးပါလာခဲ့သည်။ ဒစ်ဂျစ်တယ်မားကတ်တင်း ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ပျံနှံခြင်းနှင့်ထိရောက်ခြင်းများသည် အခြားသောဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းများထက်ပိုမိုထိရောက်လာခဲ့သည်။

ဒစ်ဂျစ်တယ်မားကတ်တင်းတွင် သတင်းအချက်အလက်ရှာဖွေနိုင်ရန်ပြုလုပ်ခြင်း (search engine optimization (SEO))၊ သတင်းအချက်အလက် ရှာဖွေနိုင်ခြင်းပတ်သက်၍ ဈေးကွက်ရှာဖွေခြင်း [search engine marketing (SEM)], ကြော်ငြာစာရေးသား၍ ဈေးကွက်ဖော်ဆောင်ခြင်း၊ နာမည်ကျော်ကြားသည့်ပုဂ္ဂိုလ်များအသုံးပြု၍ ဈေးကွက်ဖော်ဆောင်ခြင်း၊ အကြောင်းအရာများ အလိုလျောက်ဖြေကြားပေးခြင်း၊ စည်းရုံးလှုံဆော် ဈေးကွက်ဖော်ဆောင်ခြင်း ၊သတင်းအချက်အလက်ခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ လူမှုကွန်ယက်အခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း၊ လူမှုကွန်ယက်အခြေပြု သိသာထင်ရှားအောင်ပြုခြင်း ၊ အီးမေးလ်မှတဆင့် စျေးကွက်ဖော်ဆောင်ခြင်း[၃]နှင့် ပြသမှုကြော်ငြာခြင်းများနှင့် အခြားသော ဆက်စပ်နည်းပညာများ ပါဝင်သည်။[၄] ဒစ်ဂျစ်တယ်မားကတ်တင်းတွင် အထက်ပါအချက်အလက်များသာမက အခြားသော အင်တာနက်အသုံးပြုခြင်းများသာမက မိုဘိုင်းဖုန်းများတွင် မာတီမီဒီယာမက်ဆေ့များ၊ ကြော်ငြာမက်ဆေ့များ ပြုလုပ်ခြင်းနှင့် အခြားခြားသော ဒစ်ဂျစ်တယ်နည်းပညာများအားအသုံးပြု၍ ဈေးကွက်ဖော်ဆောင်ခြင်းများကို ဒစ်ဂျစ်တယ်မားကတ်တင်း ပြုလုပ်သည်ဟုသတ်မှတ်နိုင်သည်။[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား