ထိပ်ချွန်ကျောက်တိုင်ဂိတ် (စာအုပ်)

ထိပ်ချွန်ကျောက်တိုင်ဂိတ် (အင်္ဂလိပ်: The Obelisk Gate) သည် အင်ကေဂျယ်မီစင်း ရေး‌သားသော ၂၀၁၆ သိပ္ပံ စိတ်ကူးယဉ် ဝတ္ထု တစ်အုပ် ဖြစ်ပြီး၊ ကမ္ဘာကွဲ စီးရီးတွင် (ပဉ္စမဥတု ပြီးနောက်) ဆက်လက်ထုတ်ဝေသော ဒုတိယတွဲ ဖြစ်သည်။ ထိပ်ချွန်ကျောက်တိုင်ဂိတ်သည် ဝေဖန်မှုများစွာ ပြင်းထန်ခဲ့ပြီး၊ အရှေ့တစ်အုပ်သည် ဟူးဂိုးဆု၏ အကောင်းဆုံး ဝတ္ထုဆုကို ရရှိခဲ့သည်။[၁]

The Obelisk Gate
စာရေးသူN. K. Jemisin
ဘာသာစကားအင်္ဂလိပ်ဘာသာစကား
အမျိုးအစားသိပ္ပံ စိတ်ကူးယဉ်
ထုတ်ဝေသူOrbit Books(Orbit)
ISBN978-0316229265

ဇာတ်ကွက်အကျဉ်း

ထိပ်ချွန်ကျောက်တိုင်ဂိတ်သည် (ပဉ္စမဥတု ဟု ခေါ်တွင်သော) ရာစုနှစ်တိုင်းတွင် အကြီးအကျယ် ရာသီဥတု ကပ်ဆိုက်ခြင်း ကြုံရသော တိတ်ဆိတ်ခြင်းဟူသည့် စူပါတိုက်ကြီး တစ်ခုပေါ်၌ အခြေခံထားသည်။ စာအုပ်သည် ကမ္ဘာပျက်ကပ် ဖြစ်လာနိုင်သည့် ဆိုးရွားသော ပဉ္စမဥတုမှ စတင်ထားသည်။ စာအုပ်တွင် အမေနှင့် သမီးဟူသော ဇာတ်ကောင် နှစ်ကောင်ကို အခြေတည်ထားပြီး၊ မှော်ပညာ တတ်မြောက်သော အိုရိုဂျင်းများ ဖြစ်ကာ၊ အနီးစပ်ဆုံး ပဉ္စမဥတု မဖြစ်ခင်ကလေးကမှ ကွဲကွာသွားခဲ့သည်။ တယောက်နှင့် တယောက် ပြန်လည် ရှာတွေ့ရန် ခရီးထွက်ခြင်းများ ပါဝင်ပြီး၊ သူတို့၏ ကြိုးပမ်းမှုကြောင့် ပဉ္စမဥတုများ အဘယ်ကြောင့် တည်ရှိနေရသနည်း ဟူသည်ကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။[၂]

ဆုများ

၂၀၁၇ တွင် ထိပ်ချွန်ကျောက်တိုင်ဂိတ်သည် အကောင်းဆုံး ဝတ္ထုအတွက် ဟူးဂိုးဆုကို ရရှိသည်။[၃][၄][၅][၆][၇] ဤသည်မှာ ဂျယ်မီစင်း၏ ကမ္ဘာကွဲ စီးရီးအတွက် (၂၀၁၆ က ပဉ္စမဥတု ပြီးနောက်) ဒုတိယကြိမ် ရသော ဆု ဖြစ်ပြီး၊ ဂျယ်မီစင်းသည် ဆယ်စုနှစ် နှစ်စုကျော်အတွင်း အကောင်းဆုံးဝတ္ထု ဟူးဂိုးဆုကို နှစ်နှစ်ဆက်တိုက် ရရှိသူ ပထမဆုံး စာရေးဆရာ ဖြစ်လာသည်။[၈] ထို့ပြင်၊ ထိပ်ချွန်ကျောက်တိုင်ဂိတ်၏ အောင်မြင်မှုသည် အကောင်းဆုံး ဝတ္ထုရှည်၊ ဝတ္ထုလတ်၊ ဝတ္ထုတိုဆုများ ပါဝင်သော ၂၀၁၇ ဟူးဂိုးဆုများတွင် အမျိုးသမီး‌ဇာတ်ကောင်များ အားကောင်းမှု အရွေ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။[၉]

ဟူးဂိုးဆုအပြင်၊ ထိပ်ချွန်ကျောက်တိုင်ဂိတ်သည် နက်ဗျူလာ၏ အကောင်းဆုံး ဝတ္ထုဆုအတွက် စကာတင် ပါခဲ့သော်လည်း ထိုဆုကို ချာလီဂျိန်းအင်ဒါး၏ မိုးပေါ်က ငှက်တွေအကုန်လုံး (All the Birds in the Sky) စာအုပ်က ရရှိသွားသည်။[၁၀][၁၁] 

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား