ထရပ်ကား

ထရပ်ကား (သို့) လော်ရီကား ဆိုသည်မှာ ကုန်ပစ္စည်း များကိုသယ်ယူပို့ဆောင်နိုင်ရန်အတွက် ပုံစံထုတ်ထားသော စက်တပ်ယာဉ် တစ်စီးပင်ဖြစ်သည်။ ထရပ်ကားများ၏ အရွယ်အစား၊ စွမ်းအား နှင့်ဖွဲ့စည်းတည်ဆောက်ပုံမှာ လွန်စွာကွဲပြားခြားနားသည်။ သေးငယ်သောထရပ်ကားမျိုးကွဲအချို့ သည် ကားလေးများနှင့်နည်းစနစ်ဆင်တူပင်ဖြစ်သည်။ အရွယ်အစား၊ စွမ်းအား နှင့်ဖွဲ့စည်းတည်ဆောက်ပုံအရအမျိုးမျိုးသော ကုန်သွယ်လုပ်ငန်းသုံး ထရပ်ကားများ ရှိသကဲ့သို့, အထူးပြုပစ္စည်းကိရိယာများကိုယ်ထည်များတပ်ဆင်ထားသော မိလ္လာကား, မီးသတ်ကား, ကွန်ကရစ်ဖျော်ကား စသည်ဖြင့်လည်းရှိသည်။ အမေရိကန် အင်္ဂလိပ်ဘာသာစကားတွင် ကုန်တင်နိုင်ရန်အတွက်ပုံစံထုတ်ထားသော ထရပ်ကားများကို "စထရိတ် ထရပ်(ခ်)" ကုန်တင်ကား ဟုခေါ်၍ ကုန်တင်နောက်တွဲယာဉ်ကို ဆွဲနိုင်ရန်အတွက်သာပုံစံထုတ်ထားသော ထရပ်ကားများကိုတော့ "ထရက်တာ" (ကုန်ဆွဲကား) ဟူ၍ခေါ်သည်။

Freightliner M2 မြေသယ် ထရပ်ကား
Mack Titan ကားရထား (ဩစတြေးလျ)
Liebherr T 282B သတ္တုတူးဖော်ရေးသုံးထရပ်ကား
အယ်လ်ဂျီးရီးယားနိုင်ငံတွင်ထုတ် SNVI

ခေတ်ပေါ်ထရပ်ကားအများစုသည် ဒီဇယ်အင်ဂျင် စွမ်းအားဖြင့်သာ အဓိကအားဖြင့်မောင်းနှင်ကြသည်။ အမေရိကန်၊ ကနေဒါနှင့်မက္ကဆီကိုတို့တွင် ဓာတ်ဆီအင်ဂျင် သုံး အသေးစားနှင့်အလတ်စားထရပ်ကားများရှိသည်။ ဥရောပသမဂ္ဂတွင် ယာဉ်ကုန်စုစုပေါင်းအလေးချိန် ၃.၅ တန် (ပေါင် ၇,၇၀၀) အထိကို အပေါ့စား ထရပ်ကား နှင့် ၎င်းအထက်ကိုတော့ အကြီးစား ထရပ်ကား ဟူ၍သတ်မှတ်ထားသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား