တာမွေမြို့နယ်

တာမွေမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၀၉၃ ဧက (၁.၇၀၈ စတုရန်းမိုင်) ဖြစ်သည်။[၁]

တာမွေမြို့နယ်
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
ရန်ကုန်မြို့အတွင်း တည်​နေရာ
တာမွေမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တာမွေမြို့နယ်
တာမွေမြို့နယ်
တာမွေမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°E / 16.77111; 96.16667 96°10′0″E / 16.77111°N 96.16667°E / 16.77111; 96.16667
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်သင်္ဃန်းကျွန်း
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉ မီတာ (၃၀ ပေ)
လူဦးရေ (မတ် ၂၀၁၇)[၁]
 • စုစုပေါင်း၁၅၉,၁၅၃
စာပို့သင်္ကေတ၁၁၂၁၁၊ ၁၁၂၁၂

တာမွေမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[၁]

သမိုင်းကြောင်း

ရွှေတိဂုံဘုရားသမိုင်းအရ တရုတ်ပြည်မှ ဘုန်းကံရှင် မောင်ကံ အမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် မြေလျှိုးမိုးပျံနိုင်သည့်သူ ဖြစ်သဖြင့် ရွှေတိဂုံဘုရားမှ ဓာတ်တော်မွေတော်များ ခိုးယူပင့်ဆောင်နိုင်ရန် ကြံစည်အားထုတ်ရာတွင် နတ်ကောင်း၊ နတ်မြတ်တို့က ကြီးမားသော မြွေကြီးတစ်ကောင်ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အကြောင်းပြုပြီး "တားမြွေ" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ "တာမွေ" ဖြစ်ခဲ့သည်ဟု ဆိုကြသည်။[၁]

မွန်သမိုင်းကြောင်းများအရ "တာမွိုင့်" ဟူသော မွန်ဘာသာစကားအရ "တာ" ဆိုသည်မှာ "ထန်း"၊ "မွိုင့်" ဆိုသည်မှာ "တစ်" ဖြစ်သဖြင့်၊ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ တာမွိုင့် မှ တာမွေ ဖြစ်လာသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။[၁]

ကျန်းမာရေး

တာမွေမြို့နယ်တွင် မျက်စိဆေးရုံ၊ အလုပ်သမားဆေးရုံ၊ နား၊ နှာခေါင်းလည်ချောင်းဆေးရုံ တို့ တည်ရှိသည်။

နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံကြီး ၏ မျက်စောင်းထိုး တစ်ဖက်ကားလမ်းတွင် သျှင်ပါကူ ဆေးရုံကြီးရှိသည်။[၁]

ထင်ရှားသော အဆောက်အဦးများ

တာမွေမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
စိန့်ဖရန်စစ်ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၁၃၁၊ကျိုက္ကဆံလမ်း

ရပ်ကွက်များ

၁။ မေတ္တာညွန့်ရပ်ကွက်

၂။ တာမွေလေးရပ်ကွက်

၃။ မာန်အောင်ရပ်ကွက်

၄။ တာမွေကြီး(ခ)ရပ်ကွက်

၅။ တာမွေကြီး(က+ဂ)ရပ်ကွက်

၆။ နတ်ချောင်းရပ်ကွက်

၇။ ဗျိုင်းကွက်သစ်ရပ်ကွက်

၈။ ဗျိုင်းရွာမရပ်ကွက်

၉။ မလွှကုန်းဌေးကြွယ်ရပ်ကွက်

၁၀။ ကျားကွက်သစ်ရပ်ကွက်

၁၁။ ပုသိမ်ညွန့်ရပ်ကွက်

၁၂။ ကျောက်မြောင်းအထက်ရပ်ကွက်

၁၃။ ကျောက်မြောင်းအရှေ့ရပ်ကွက်

၁၄။ ကျောက်မြောင်းကြီးရပ်ကွက်

၁၅။ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်

၁၆။ နတ်မောက်ရပ်ကွက်

၁၇။ ပျားရည်ကုန်းရပ်ကွက်

၁၈။ ပုဏ္ဏားကုန်းရပ်ကွက်

၁၉။ အရိုးကုန်းရပ်ကွက်

၂၀။ မအူကုန်းရပ်ကွက်[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား