တရုတ်-ထိုင်း ဆက်ဆံရေး
တမ်းပလိတ်:Lead too short
![]() | |
![]() တရုတ် | ![]() ထိုင်း |
---|---|
သံတမန် မစ်ရှင် | |
Chinese Embassy, Bangkok | Thai Embassy, Beijing |
သံတမန် | |
Ambassador Lyu Jian | Ambassador Piriya Khempon |
တရုတ်-ထိုင်းဆက်ဆံရေး(China–Thailand relations)သည် နှစ်များစွာ စေ့စပ်ဆွေးနွေးပြီးနောက် ၁၉၇၅ နိုဝင်ဘာတွင် တရားဝင် စတင်သည်။[၁][၂]ကြာမြင့်စွာကပင်၊ ထိုင်းသည် တရုတ်အပေါ် အလွန်သစ္စာရှိသော နိုင်ငံ ဖြစ်ခဲ့ပြီး၊ တရုတ်ပြည်သည် ဆိုင်းယမ်းကို မဟာမိတ်အဖြစ် သေချာကြောင်း လေးစားစွာ ထုတ်ပြန်ခဲ့သည်။ ဆိုင်းယမ်းသည် ထိုင်း၏ ယခင်အမည် ဖြစ်ပြီး၊ တနင်္သာရီဒေသတွင် ယနေ့တိုင် ဆိုင်း+ယမ်း= ရှမ်းဟု ခေါ်တွင်ဆဲ ဖြစ်သည်။ သို့သော်လည်း ပလက် ဖိဘွန်ဆွန်ခရမ်က တရုတ်လူမျိုးကို ဆန့်ကျင်လာပြီးနောက်၊ ထိုင်းလူမျိုးများက တရုတ်အပေါ် အဆိုးမြင်လာသဖြင့် ဆက်ဆံရေး ဆိုးရွားစွာ ပျက်စီးသွားသည်။
ယခုအခါ အမေရိကန်နှင့် တရုတ်သည် ထိုင်းတွင် အသာစီးရရေး အာဏာလုနေကြသည်။[၃]၎င်း၏ ဒေသတွင်း လွှမ်းမိုးကြီးစိုးထားနိုင်မှု တစိတ်တပိုင်းအားဖြင့် တရုတ်သည် ထိုင်းနိုင်ငံအဖို့ အရေးပါသော မိတ်ဖက် ဖြစ်နေဆဲ ဖြစ်သည်။[၄][၅][၆][၇][၈]
သမိုင်းကြောင်း
မျက်မှောက်ခေတ်
![](http://upload.wikimedia.org/wikipedia/commons/thumb/e/e5/Belt_and_Road_Initiative_participant_map.svg/220px-Belt_and_Road_Initiative_participant_map.svg.png)
ပလက် ဖိဘွန်ဆွန်ခရမ် ဝန်ကြီးချုပ် ဖြစ်နေစဉ်၊ စစ်အေးတိုက်ပွဲ ၏ အကျိုးဆက်အဖြစ် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့သည်။ သို့သော် ဖိဘွန်ဆွန်ခရမ် သည် သူ၏ အကြံပေး စန်း ဖသနော်ထိုင်း ၏ ကလေးများကို တရုတ်ပြည်တွင် နေထိုင်ရန် ပို့ခဲ့သည်မှာ စိတ်ကို ဖော်ပြရန်နှင့် တရားမဝင် အနောက်ပေါက်လည်း ဖြစ်ရန် ရည်ရွယ်သည်။ ဖသနော်ထိုင်း၏ သမီး ဆီရင်း Sirin ရေးသားသော နဂါးပုလဲ The Dragon"s Pearl စာအုပ်တွင် ယဉ်ကျေးမှုတော်လှန်ရေး ကာလ တရုတ်ပြည်၌ ကြီးပြင်းလာရသည့် သူမ၏ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြထားသည်။
၁၉၆၃ ဇွန်တွင်၊ ထိုင်းဘုရင် ဘူမိဘောနှင့် ကြင်ယာတော်သည် Republic of China (ROC) လက်အောက်ရှိ ထိုင်ပေသို့ သွားလည်သည်။ ၁၉၆၉ တွင် နိုင်ငံကာကွယ်ရေးဝန်ကြီး ကျန်ကျင်ကော်သည် ROC အစိုးရ၏ အထူးသံတမန် အဖြစ် ဘန်ကောက် သွားလည်ပြီး၊ ထိုင်းဘုရင်နှင့် တွေ့ဆုံသည်။ ထိုင်းသည် သံဆက်ဆံရေးကို ROC အစိုးရမှ PRC အစိုးရသို့ ၁၉၇၅ ဇူလိုင်တွင် ပြောင်းလဲလိုက်သည်။ [၉]
၁၉၇၅ အထိမှာ PRC နှင့် ထိုင်းဆက်ဆံရေးမှာ နှစ်ဦးနှစ်ဖက်သံသယဝင်နေခြင်း ဖြစ်သည်။ PRC က ထိုင်းနိုင်ငံရေးလောကထဲတွင် လက်ဝဲယိမ်း ဂိုဏ်းဂဏများကို ထောက်ခံအားပေးရာ၊ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့်ပဋိပက္ခတွင် တရုတ်ဝင်စွက်ဖက်နေသည်ကို အမျက်ထွက်သောကြောင့် ဖြစ်သည်။[၁]
PRC-ထိုင်းဆက်ဆံရေးသည် ကမ္ဘောဒီးယားပြည်တွင်းပဋိပက္ခတွင် PRC သည် ထိုင်းဘက်မှ ရပ်တည်လိုက်သော ၁၉၇၈ တွင် အကောင်းဘက်မှ တိုးတက်လာသည်။ ကမ္ဘောဒီးယားပြည်တွင်းပဋိပက္ခတွင် ဗီယက်နမ်မှ မာ့က်စ်ဝါဒီအင်အားစုက မော်စီတုန်းဝါဒီ ခမာအင်အားစုကို အာဏာမှ ဖြုတ်ချလိုက်ပြီး၊ အရှေ့တောင်အာရှ ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနေသည်။[၁၀]
ကုန်သွယ်ရေးသည် နှစ်ဖက်ဆက်ဆံရေးတွင် အရေးပါလွှမ်းမိုးလာရာ၊ PRC-ထိုင်း ဆက်ဆံရေး တိုးတက်လာသည်။ [၂]ထိုင်းသည် တရုတ်တပြည်တည်းမူဝါဒကို ဆက်လက်ထောက်ခံရင်း၊ တဖက်တွင် ထိုင်ဝမ်နှင့် တရားမဝင် ဆက်ဆံရေးကိုလည်း ထူထောင်ထားသည်။ သို့ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကြီးမားသော တရုတ်ပြည်မဈေးကွက်သို့ ထိုင်း ဝင်ရောက်နိုင်ခဲ့သည်။[၂]
၁၉၉၄ တွင်၊ သမ္မတ လီတိန်းဟွေးသည် ထိုင်းသို့ သီးသန့် လာလည်ပြီး၊ ထိုင်းဘုရင်နှင့် တွေ့ဆုံကာ စီးပွားရေးလုပ်ငန်းကြီးများ စီမံကိန်းများကို ဆွေးနွေးသည်။[၉]
ထိုင်းမင်းသမီး သီရိဒုံသည် နှစ်နိုင်ငံဆက်ဆံရေး နီးစပ်အောင် ကြိုးပမ်းသည့်အတွက် တရုတ်ကပေးအပ်သော ချစ်ကြည်ရေးဆုနှင့် တရုတ်ဘာသာစကားနှင့်ယဉ်ကျေးမှု ချစ်ကြည်ရေးဆုကို ရရှိသည်။ သီရိဒုံသည် မန်ဒရင်တရုတ်စကားကို သွက်လက်စွာ ပြောဆိုနိုင်ပြီး၊ တရုတ်ဝတ္ထုများစွာကို ထိုင်းသို့ ပြန်ဆိုခဲ့သည်။[၁၁]
နှစ်ဖက်ဆက်ဆံရေး
နှစ်ဖက်ကုန်ဆက်ဆံရေးသည် တနှစ်ပြီးတနှစ် တိုးတက်လာသည်။[၁၂] တရုတ်-ထိုင်း နှစ်ဖက်ကုန်သွယ်ပမာဏမှာ ၁၉၉၉ တွင် ဒေါ်လာ သန်း ၄.၂၂ ထောင် ဖြစ်သည်။[၁၂]နှစ်နိုင်ငံကုန်သွယ်ပမာဏမှာ ၂၀၀၆ တွင် ၂၅.၃ ဘီလျံဒေါ်လာ၊ ၂၀၀၇ တွင် ၃၁.၀၇ ဘီလျံဒေါ်လာနှင့် ၂၀၀၈ တွင် ၃၆.၂ ဘီလျံဒေါ်လာ ထိ ရောက်ရှိသည်။[၁၃]၂၁ ရာစုတွင် အဓိကစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာအောင် တရုတ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၊ ဝါးကွန်ယက် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာမှုတွင် ဦးဆောင်နိုင်ခဲ့သည်။ ဝါးကွန်ယက် (Bamboo Network)ဆိုသည်မှာ အရှေ့တောင်အာရှဈေးကွက်တွင် ပူးပေါင်းထားသော နိုင်ငံရပ်ခြားတရုတ် စီးပွားရေးလုပ်ငန်းများ ကွန်ယက် ဖြစ်သည်။[၁၄][၁၅]
ထိုင်းသို့ တရုတ် ပို့ကုန်များမှာ ကွန်ပျူတာဆက်စပ်ပစ္စည်း၊ လျှပ်စစ်မော်တာ၊ မီးဖိုချောင်လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ သံထုတ်ကုန်၊ ဓာတုပစ္စည်းနှင့် အဝတ်အစားတို့ ဖြစ်သည်။[၁၃]
တရုတ်သို့ ထိုင်း ပို့ကုန်များမှာ ကွန်ပျူတာ ဆက်စပ်ပစ္စည်း၊ ရာဘာ၊ ဆီသန့်၊ ပလတ်စတစ်ဘောလုံးငယ်၊ ဓာတုလျှပ်စစ်၊ ရေနံစိမ်း၊ သစ်တောထွက်ပစ္စည်းနှင့် စားသောက်ကုန်တို့ ဖြစ်သည်။[၁၃]
တရုတ်သည် ထိုင်း၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်သည်။ ၂၀၁၀တွင် တရုတ်သည် ထိုင်း၏ အကြီးဆုံး သွင်းကုန်နိုင်ငံလည်း ဖြစ်သည်။[၁၆]
တရုတ်နှင့် ထိုင်းသည် ၂၀၀၃ တွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များပါ ပါဝင်သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးသည်။[၁၇]ထိုစာချုပ်ကို ၂၀၀၃ တွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် ပတ်သက်သော ကနဦးသဘောတူစာချုပ်ဟု သိကြသည်။[၁၈]နားလည်မှုစာချုပ်ကိုမူ ဆက်လက်ဆွေးနွေးကြဆဲ ဖြစ်သည်။
တရုတ်သည် အာဆီယံဒေသနှင့် အခြားနိုင်ငံခြားဈေးကွက်များတွင် ကုန်သွယ်မှု တိုးမြှင့်ရန်နှင့် ကုန်သွယ်အတားအဆီးများကို ကျော်လွှားနိုင်ရန် ထိုင်းနိုင်ငံတွင် China City Complex ကို ဖန်တီးရန် စီစဉ်သည်။ အခြားနိုင်ငံခြားဈေးကွက်များတွင် ထိုင်းက အမေရိကန်နှင့် ဥရောပသမဂ္ဂတို့လိုမျိုးနှင့် ကုန်သွယ်သဘောတူစာချုပ် ချုပ်ထားသည်။[၁၉][၂၀]တရုတ်သည် ၂၀၁၀ ဇန်နဝါရီ ၁ တွင် စတင်အသက်ဝင်သော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေးဧရိယာမှ အကျိုးအမြတ် ရရှိသည်။ ၎င်းစီမံကိန်းမှ တရုတ်သည် ကုန်စည်များကို အာဆီယံနိုင်ငံများသို့ ကုန်သွယ်ရေးအတားအဆီး နည်းပါးစွာဖြင့် တင်ပို့နိုင်ခဲ့သည်။[၂၀]
စစ်ဖက်ဆက်ဆံရေး
၂၀၁၈ တွင်၊ ဝန်ကြီးချုပ် ပရာယု ချန်အိုချာသည် ဒေါ်လာ ၁ ဘီလျံကျော် တန်ကြေး ရှိသည့်၊ တရုတ်လုပ် VT-4 တိုက်တင့်ကား ၄၉ စီးနှင့် ရေငုပ်သင်္ဘော ၃ စင်းကို မှာယူသည်။[၂၁][၂၂]
Khon Kaen တွင် တရုတ်ထိုင်းဖက်စပ် စီးပွားရေးတပ်ဆင်စက်ရုံတရုံ ဖွင့်ရန် စီစဉ်သည်။ ထိုင်းစစ်တပ်အတွက် ကြည်းတပ်လက်နက်များ တပ်ဆင်၊ ထုတ်လုပ်၊ ထိန်းသိမ်းရန် တာဝန်ယူမည်။[၂၁]တင့်ကားနှင့် လက်နက်များ ထုတ်လုပ်သော နိုရင်ကို Norinco ကုမ္ပဏီနှင့် ဝန်ကြီးဌာနအကြား နောက်ထပ်အသေးစိတ်ကို ဆက်ဆွေးနွေးရန် ရွယ်သည်။
၂၀၁၇ မေတွင်၊ Type 039A ရေငုပ်သင်္ဘောမှ ဆင်းသက်သော S26T ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘော တစီးအတွက် ထိုင်းတော်ဝင်ရေတပ်သည် တရုတ်သင်္ဘောဆောက်စက်ရုံကုမ္ပဏီနှင့် စာချုပ်ချုပ်သည်။[၂၂]ရေငုပ်သင်္ဘော သည် ၂၀၂၃ တွင်မှ ပို့လာမည်ဟု မျှော်လင့်ရကာ၊[၂၂] တရုတ်စစ်တပ်အကြံပေး ကျိုးချိန်မင်က တရုတ်သည် ထိုင်းကို နည်းပညာပိုင်းအထောက်အပံ့များ ပေးအပ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။[၂၂]
ပိုကြည့်ရန်
ထပ်မံဖတ်ရှုရန်
- ASEAN SEC (October 2001)။ Forging Closer ASEAN-China Economic Relations In The Twenty-First Century။ 15 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 October 2020 တွင် ပြန်စစ်ပြီး။
- Cardenal၊ Juan Pablo; Araújo၊ Heriberto (2011)။ La silenciosa conquista china (စပိန်ဘာသာစကားဖြင့်)။ Barcelona: Crítica။ pp. 230–232။ ISBN 9788498922578။
ကိုးကား
ပြင်ပလင့်များ
- Chinese Embassy in Bangkok (in တရုတ် and ထိုင်း)
- Thai Embassy in Beijing (in ထိုင်း)
တမ်းပလိတ်:Foreign relations of Chinaတမ်းပလိတ်:Foreign relations of Thailand