တရဖျားငယ်

စစ်ကိုင်း ဘုရင်

ဆင်ဖြူရှင် တရဖျား (၁၃၂၇–၁၃၅၂) သည် စစ်ကိုင်းမင်းဆက် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ မှ ၁၃၅၂ အထိ ထီးနန်းစိုးစံခဲ့သည်။ သူသည် ပင်းယနှင့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။

တရဖျားငယ်
ဆင်ဖြူရှင် တရဖျား
စစ်ကိုင်းဘုရင်
နန်းသက်c. နိုဝင်ဘာ ၁၃၄၉ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂
ရှေ့မင်းဆက်နော်ရထာ မင်းရဲ
ဆက်ခံသူသီဟပတေ့
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၁၂ အောက်တိုဘာ ၁၃၂၇
မြန်မာသက္ကရာဇ် ၆၈၉၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ တနင်္လာ
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်၂၃ ဖေဖော်ဝါရီ ၁၃၅၂ (အသက် ၂၄)
မြန်မာသက္ကရာဇ် ၇၁၃၊ တပေါင်းလဆန်း ၉ ရက်၊ ကြာသပတေး
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
စံအိမ်မြင်စိုင်း
ခမည်းတော်အသိင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အကျဉ်းချုပ်

တရဖျားငယ်သည် စစ်ကိုင်းဘုရင် အသိင်္ခယာ စောယွန်းနှင့် မိဖုရားခေါင် စောနှောင်းတို့၏ အငယ်ဆုံးသားတော် ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် ရှစ်လအကြာတွင် မွေးဖွားခဲ့သည်။ ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[၁][၂] တရဖျားငယ်သည် အသက် ၈ နှစ်အရွယ်အထိ စစ်ကိုင်းနန်းတော်တွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ ရွှေတောင်တက်၏ ထီးနန်းသိမ်းပိုက်မှုကြောင့် တရဖျားငယ်နှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် မင်းတုန်းမြို့သို့ ပုန်းရှောင်ခဲ့ကြရသည်။[၂] မိခင်နှင့် ဝန်ကြီးချုပ် နန္ဒပကြံတို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။[၃] သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။[၃]

တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် တရဖျားငယ်သည် သူ၏ နောင်တော် နော်ရထာ မင်းရဲ ကဲ့သို့ပင် ကျစွာဘုရင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။[၄] သို့သော်လည်း ကျစွာဘုရင်နှင့် မင်းရဲတို့ ကွယ်လွန်ပြီးနောက် ၁၃၄၉ နှောင်းပိုင်းတွင် ဘုရင် ဖြစ်လာခဲ့သည်။[၄] တရဖျားငယ်သည် နောင်တော်မင်းရဲ၏ ဆင်ဖြူတော်ကို ဆက်လက်ဆက်ခံကာ ဆင်ဖြူရှင် အဖြစ် ခံယူခဲ့သည်။[၄]

တရဖျားငယ်၏ နန်းသက်သည် နှစ်နှစ်ကျော် ကြာခဲ့သည်။ သူသည် စစ်ကိုင်းထီးနန်း၏ အစဉ်အဆက် ပြိုင်ဖက်ဖြစ်သော ပင်းယနှင့် ဆက်ဆံရေးကို သတိကြီးစွာ ကိုင်တွယ်ခဲ့သည်။ ၁၃၅၁ ခုနှစ်တွင် ရမည်းသင်းမြို့စား စွာစော်ကဲသည် ဘုရင်လေးစီးရှင် ကျော်စွာထံမှ ထွက်ပြေးလာပြီး လာရောက်ခိုလှုံခဲ့သည်။[၅] ၁၃၄၉ တွင် ပင်လယ်မြို့စား ကန်းနီ နော်ရထာကို နော်ရထာမင်းရဲ ခိုလှုံခွင့်ပေးခြင်း၏ နောက်ဆက်တွဲဖြစ်သည်။[၆] သို့သော် တရဖျားငယ်သည် အစ်မတော် စိုးမင်းနှင့် ခင်ပွန်းဖြစ်သူ သတိုးဆင်ထိန်းတို့အား လေးစီးရှင် ကျော်စွာထံ စေလွှတ်ကာ စစ်ပြေငြိမ်းစေရန် ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ပြီး နှစ်ပြည်ထောင်ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[၇] မကြာမီ တရဖျားငယ် ကွယ်လွန်ခဲ့ပြီး ထီးနန်းကို စိုးမင်းကိုယ်တော်ကြီး၏ ဒုတိယခင်ပွန်း၊ တရဖျားငယ်၏ ယောက်ဖတော်သူ သီဟပတေ့က ၁၃၅၂ ဖေဖော်ဝါရီ ၂၃ တွင် ရယူခဲ့သည်။[၈]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် တရဖျားငယ်၏ မွေးဖွားရက်နှင့် ကွယ်လွန်ရက်များ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ်မွေးဖွား–ကွယ်လွန်အသက်နန်းသက်ထီးနန်းသက်တမ်းကိုးကား
ဇာတာတော်ပုံ ရာဇဝင်၂၀ အောက်တိုဘာ ၁၃၃၇ – ၁၃၅၅၁၇၁၃၅၂–၁၃၅၅[note ၁]
ဇာတာတော်ပုံ ရာဇဝင် (partially reconciled)၁၂ အောက်တိုဘာ ၁၃၂၇ – ၁၃၅၅၂၇
မဟာရာဇဝင်ကြီးc. ၁၃၃၁–၁၃၅၄/၅၅၂၃၁၃၅၂/၅၃–၁၃၅၄/၅၅[၉]
မဟာရာဇဝင်သစ်c. ၁၃၂၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂၃၁၁၃၄၉/၅၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂[၈]
မှန်နန်း ရာဇဝင်c. ၁၃၂၁ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃၁၃၄၉/၅၀ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃[note ၂]

မျိုးရိုး

မှတ်စုများ

ကိုးကား

ကျမ်းကိုးစာစုများ

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII. 
တရဖျားငယ်
မွေးဖွား ၁၂ အောက်တိုဘာ ၁၃၂၇ ကွယ်လွန် ၂၃ ဖေဖော်ဝါရီ ၁၃၅၂
Regnal titles
ယခင်က
နော်ရထာ မင်းရဲ
စစ်ကိုင်းဘုရင်
c. နိုဝင်ဘာ ၁၃၄၉ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂
ဆက်ခံသူ
သီဟပတေ့
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား