တဏှင်္ကရာဘုရား

နှစ်ကျိပ်ရှစ်ဆူအနက်ပထမဆုံးဘုရား

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ ဘုရားရှင်လေးဆူ ပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုသာရမဏ္ဍကမ္ဘာ၌ တဏှင်္ကရာဘုရား၊မေဓင်္ကရာဘုရားသရဏင်္ကရာဘုရားဒီပင်္ကရာဘုရား ဟူ၍ ဘုရားရှင်လေးဆူ ပွင့်တော်မူခဲ့သည်။[၁]တဏှင်္ကရာဘုရားသည် ထိုကမ္ဘာဝယ်ရှေးဦးစွာသော အန္တရဆုတ်ကပ် လူတို့၏ သက်တမ်းတစ်သိန်းသို့ ရောက်သောအခါ ပွင့်တော်မူခဲ့သော ဘုရားရှင်ဖြစ်သည်။

ဗုဒ္ဓဝင်

တဏှင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

တဏှင်္ကရာဘုရားအလောင်းတော်သည် တစ်ဆယ့်ခြောက်အသင်္ချေ နှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာ အတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ် တော်မူရန်အချိန်တန်ပြီဖြစ်၍ လူ့ပြည် သို့သက် ဆင်းကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန် ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ပုပ္ဖဝတီမြို့တော် သုနန္ဒမင်းကြီး၏ တောင်ညာ စံဒေဝီ အဂ္ဂမဟေသီ သုနန္ဒာမိဖုရားခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်တော်မူခဲ့၏။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်းအံ့ဩဖွယ်ရာများ ဖြစ်ပေါ် ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

အလောင်းတော် တဏှင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူ၍ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းတစ်သောင်းတို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။

ဘုရားအဖြစ်ကို ရောက်တော်မူခြင်း

ဘုရားအလောင်းတော် တဏှင်္ကရာမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်းပြခဲ့သောသူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော် မူခဲ့၍ ကြီးစွာသော သံဝေဂဖြစ်ကာ တောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာ ခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသောမြတ်သော အကျင့်တော် မြတ်ကိုခုနစ်ရက် ကျင့်တော်မူ ပြီးနောက် ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ စရည်းပင်အရင်း အပရာဇိတ ပလ္လင်ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကိုရ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့၏။

ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့ခြင်း

ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်၏ အထံ တော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ် ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် တဏှင်္ကရာ ဘုရားရှင်က နိယတဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကိုရတော်မမူဘဲ ထိုဘဝမှစုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေသည်။

ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

တဏှင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း အနှစ်တစ်သိန်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ် တစ်သိန်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲစလုတ်မှ ကယ်ထုတ် တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက် ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား