ဆာ့ချ် ဒက်ဆော့တ်

ဆာ့ချ် ဒက်ဆော့တ် ကို ၁၉၂၅ ခုနှစ် ဧပြီလလ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ပြင်သစ်ကုန်သည် (Dassault အဖွဲ့ကြီး၏ ဥက္ကဋ္ဌ/အမှုဆောင်ချုပ်)နှင့် ရှေးရိုးစွဲနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ Forbes မဂ္ဂဇင်းအရ ၂၀၀၆ ခုနှစ်တွင် သူသည် ၅၆ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်သည်။သူသည် Dassault အဖွဲ့ကို တည်ထောင်ဆက်ခံခွင့်ပေးခဲ့သော မာဆယ်လ် ဒက်ဆော့တ် ၏ သားဖြစ်သည်။ ဖခင်သေဆုံးသောအခါ သူသည် လက်ရှိ အမှုဆောင်ချုပ်ဖြစ်သော Charles Edelstenne ၏ အကူအညီဖြင့် ကုမ္ပဏီကို ဆက်လက်တိုးတက်စေခဲ့သည်။ ဆာ့ချ် ဒက်ဆော့တ် သည် Supaero ရှိ Ecole Polytechnique နှင့် HEC Paris တွင် ပညာသင်ကြားခဲ့သည်။

ဆာ့ချ် ဒက်ဆော့တ်
ဆာ့ချ် ဒက်ဆော့တ်
မွေးသက္ကရာဇ် (1925-04-04) ဧပြီ ၄၊ ၁၉၂၅ (အသက် ၉၉)

အလုပ်အကိုင်စွန့်ဦးတီထွင်သူ၊ နိုင်ငံရေးသမား
ကြွယ်ဝမှုအမေရိကန်ဒေါ်လာ ၇.၆ ဘီလျံ
သားသမီးအိုလီဗာ ဒက်ဆော့တ်
မိဘမာဆယ် ဒက်ဆော့တ်

ဒုတိယကမ္ဘာစစ်အတွင်းတွင် သူ့ဖခင်သည် ဂျာမဏီတို့၏ လေယာဉ်ထုတ်လုပ်မှုတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သောကြောင့် Buchenwald သို့ ပို့ခြင်းခံရပြီး သူ့ကိုလည်း ထောင်ချခဲ့သည်။ Dassault အဖွဲ့သည် Groupe Le Figaro ကိုလည်း ပိုင်ဆိုင်သည်။ သူသည် ထင်ရှားသော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုပါတီစုကြီး၏ အဖွဲ့ဝင်ဖြစ်ပြီး သူ၏သား အိုလီဗာ သည် ပြင်သစ်နိုင်ငံတော်အစုအရုံးကြီး၏ ကိုယ်စားလှယ်ဖြစ်သည်။

သူသည် ပြင်သစ်နိုင်ငံ တောင်ပိုင်းအစွန်ဘက်ရှိ Corbeil-Essonnes မြို့၏ မြို့တော်ဝန်လည်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ဆာ့ချ် ဒက်ဆော့တ် သည် သူ၏မြို့ဖြစ်သော Corbeil-Essonnes ရှိ အစ္စလာမ်ရိုးရာစင်တာ (ဗလီ)သို့ သူ၏ကိုယ်ပိုင်ငွေထဲမှ ယူရိုငွေ ၂၀၀ မီလျံကို ကူညီလှူဒါန်းခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် သူသည် Belgian Agusta လုပ်ကြံမှုကြောင့် ၂ နှစ် ပြစ်ဒဏ်နှင့် ဘယ်လ်ဂျီယံငွေကြေး ၆၀,၀၀၀ ကို ဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် သူသည် လွှတ်တော်အမတ်ဖြစ်လာပြီး သူ့ရာထူးအရ စီးပွားရေးနှင့်လုပ်ငန်းခွင်ကိစ္စများ၏ ရှေးရိုးအမြင်များအတွက် ပြင်သစ်ပြည်၏ အမြတ်ခွန်နှင့် လုပ်ငန်းခွင်စည်းမျဉ်းများသည် စီးပွားရေးလောကကို ဖျက်ဆီးနေသည်ဟု အခိုင်အမာ ေထောက်ခံပြောဆိုသူတစ်ဦးဖြစ်လာခဲ့သည်။

အခြားဆက်စပ်လင့်ခ်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား