စောလဂွန်းအိန်

စောလဂွန်းအိန် သည် ၁၅၄၁ ခုနှစ်မှ ၁၅၅၀ အထိ မုတ္တမနယ် ကို အုပ်ချုပ်ခဲ့သော ဘုရင်ခံတစ်ဦး ဖြစ်သည်။ တောင်ငူခေတ် ဘုရင် တပင်ရွှေထီးနှင့် ဘုရင့်နောင် တို့ထံတွင် စစ်ဖက်အကြံပေးအဖြစ် အမှုထမ်းခဲ့သော မွန်လူမျိုး တစ်ဦး ဖြစ်သည်။ ၁၅၄၀ မှ ၁၅၄၉ ခုနှစ်အထိ စစ်မှုထမ်းခဲ့ကာ ယိုးဒယား–မြန်မာစစ်ပွဲ (၁၅၄၇–၄၉) တွင် ထားဝယ်ခံတပ်ကို သိမ်းပိုက်ရာတွင် ဦးဆောင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။ ၁၅၅၀ တွင် သုရှင်တကာရွတ်ပိ လုပ်ကြံခံရပြီးနောက် သမိန်ထောမှ မုတ္တမမြို့ ဘုရင်ခံအဖြစ် သိမ်းပိုက်ခဲ့သည်။

စောလဂွန်းအိန်
မုတ္တမမြို့ ဘုရင်ခံ
နန်းသက်၁၅၄၁ မေ – ၁၅၅၀ မေ
ရှေ့မင်းဆက်စောဗညား
ဆက်ခံသူသမိန်ထော
မွေးဖွားပဲခူး
ကွယ်လွန်မေ ၁၅၅၀?
မုတ္တမမြို့
အိမ်ထောင်ဖက်သုရှင်တကာရွတ်ပိ၏ နှမတော်
စံအိမ်ဟံသာဝတီ
မယ်တော်သုရှင်တကာရွတ်ပိ၏ အရီးတော်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အတ္ထုပ္ပတ္တိ

စောလဂွန်းအိန်သည် ဟံသာဝတီဘုရင် ဓမ္မစေတီမင်း၏ မြေးတော်သူဖြစ်ပြီး သုရှင်တကာရွတ်ပိ၏ တူနှင့် ယောက်ဖ အဖြစ်လည်း တော်စပ်သည်။ စောလဂွန်းအိန်သည် သုရှင်တကာရွတ်ပိ၏ နှမတော်နှင့် လက်ထပ်ခဲ့ပြီး သူ၏ မိခင်မှာ သုရှင်တကာရွတ်ပိ၏ အရီးတော် ဖြစ်သည်။[၁] သူသည် သုရှင်တကာရွတ်ပိ ကွယ်လွန်ပြီးနောက် တပင်ရွှေထီးထံတွင် အမှုထမ်းခဲ့သည်။[၂]

ကိုးကား


ကျမ်းကိုးစာရင်း

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • ပန်းလှ၊ နိုင် (၁၉၆၈)။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (၈ ကြိမ်မြောက်၊ ၂၀၀၄ ed.)။ ရန်ကုန်: အားမာန်သစ် စာပေ။
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • စိန်လွင်လေး၊ ကထိက (၁၉၆၈)။ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်၊ ကေတုမတီ တောင်ငူရာဇဝင် (၂၀၀၆၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရန်အောင် စာပေ။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား