စာရွက်များ၊ ကျေးဇူးပြု၍
- စာမျက်နှာ
- ဆွေးနွေးချက်
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
အခြား ပရောဂျက်များတွင်
Papers, Please | |
---|---|
![]() | |
ဖန်တီးသူ | 3909 LLC |
ထုတ်ဝေသူ | 3909 LLC |
ဒီဇိုင်းနာ | လူးကပ်စ် ပုပ် |
ဂိမ်းအင်ဂျင် | OpenFL (with Haxe)[၁] Unity mobile port[၂] |
ပလက်ဖောင်း | မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်၊ OS X, လင်းနပ်စ်၊ အိုင်အိုအက်စ်၊ ပလေးစတေရှင် ဗီတာ၊ အန်းဒရွိုက် |
ဖြန့်ချီသည့်နေ့စွဲ |
|
ဂိမ်းအမျိုးအစား | ပဟေဠိ |
Mode(s) | ကစားသူတစ်ဦးတည်း |
Papers, Please သည် အင်ဒီဂိမ်းတီထွင်သူ Lucas Pope မှ ဖန်တီးထားသော ပဟေဠိ ဂိမ်း ဖြစ်ပြီး သူ၏ထုတ်လုပ်ရေးကုမ္ပဏီ 3909 LLC မှတဆင့် ဖန်တီးထုတ်ဝေသည်။ ဂိမ်းကို မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် နှင့် OS X အတွက် ဩဂုတ်လ ၈ ရက်၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လင်းနပ်စ် အတွက် နှင့် iOS အတွက် ဒီဇင်ဘာ ၁၂၊ ၂၀၁၄ တွင် ထွက်ရှိခဲ့သည်။ ပလေးစတေရှင် ဗီတာ အတွက် ဩဂုတ်လ ၂၀၁၄ တွင် ကြေညာခဲ့ပြီး ထို့နောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထွက်ရှိခဲ့သည်။ [၃] iOS အတွက် နှင့် အန်းဒရွိုက် အတွက်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထွက်ရှိခဲ့သည်။
Papers, please တွင် ကစားသမားသည် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးရန်လိုမှုများ ဖြစ်ပွားနေသည့် စိတ်ကူးယဉ် dystopian Eastern Bloc ကဲ့သို့သော Arstotzka (အက်စ်တော့စက) နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေးအရာရှိ အဖြစ် တာဝန်ယူထားသည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိအနေဖြင့်၊ ကစားသမားသည် ရွှေ့ပြောင်းနေထိုင်သူတိုင်းကို စစ်ဆေးမေးမြန်းရပြီး နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များနှင့် အခြားသော စာရွက်စာတမ်းများကို ကိရိယာများနှင့် လမ်းညွှန်များအသုံးပြု၍ စည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုရှိမရှိ စစ်ဆေးရသည်။ လုပ်ငန်းတာဝန်များတွင် သင့်လျော်သောစာရွက်စာတမ်းမရှိသူများကို ငြင်းပယ်နေစဉ်အတွင်း သင့်လျော်သောစာရွက်စာတမ်းရှိသူအား ခွင့်ပြုခြင်း၊ အတုအယောင်အချက်အလက်များရှိသူများကို ဖမ်းဆီးခြင်းနှင့် ကိုယ်ရေးကိုယ်တာဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီစေခြင်းတို့ ပါဝင်သည်။
ဂိမ်းသည် Independent Games Festival ၊ Game Developers Choice Awards နှင့် BAFTA Video Games Awards တို့မှ ဆုအမျိုးမျိုးနှင့် အမည်စာရင်းတင်သွင်းမှုများနှင့်အတူ ပြုလုပ်ဖူးသမျှ ဗီဒီယိုဂိမ်းများထဲမှ အကောင်းဆုံးတစ်ခုအဖြစ် အသိမှတ်ခံရပြီး Wired နှင့် The New Yorker မှ ၂၀၁၃ ခုနှစ်ထိပ်တန်းဂိမ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ကော်ပီပေါင်း ၁.၈ သန်းကျော် ရောင်းချခဲ့ရကြောင်း Pope က ဖော်ပြခဲ့သည်။