စနိုက်မျိုးရင်းဝင်ငှက်

စနိုက်မျိုးရင်းဝင်ငှက်
Common snipe
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
မျိုးစဉ်:Charadriiformes
မျိုးရင်း:Scolopacidae
မျိုးစု:Gallinago
Brisson, 1760
မျိုးစိတ်

17, see text

Synonyms

Capella

ရေအိုင်ထွန်းရာ၊ ရေဝပ်ရာနှင့်ရေတင်၍ အမြဲတမ်း စွတ်စိုထိုင်းမှိုင်းရာဒေသများ၌ ကျက်စားသော ငှက်တို့အနက် စနိုက်ဟုခေါ်သော ငှက်များကို လူအသိများလေသည်။ ရေထဲတွင် သွားလာတတ်သော ငှက်တစ်မျိုးဖြစ်သည်။ အလျား ၁၀လက္မခန့်ရှိသော နှုတ်သီးရှည်ရှည် ငှက်မျိုးဖြစ်သည်။ အမြီးအတောင်မှာ ၁၂-ခုမှ ၁၈-ခု အထိရှိသည်။ အသံမှာ နှာခေါင်းသံပါသည်။ စနိုက်သည် ကိုယ်ထည်သေးငယ်၍ အသွေးအရောင် ညိုသည်။ နှုတ်သီးနှင့်ခြေထောက်များမှာ အလွန်ရှည်၏။ အချို့ စနိုက်များသည် ယင်းတို့၏ ရှည်လျားသော နှုတ်သီးများအပါ အဝင် အလျား ၁ဝ လက်မခန့် ရှိကြသည်။ ရှည်လျားသော နှုတ်သီးနှင့် ခြေတံများရှိသောကြောင့်လည်း စနိုက်များသည် ရေဝပ်သောနေရာ၊ စွတ်စိုသောနေရာနှင့် ရေစမ်းများတွင်မိမိတို့ ကိုယ်ကို ရေမထိစေဘဲ ကျက်စားနိုင်ကြ၏။ ပျံသန်းရာ၌အလွန်လျင်မြန်၍ တစ်ဆစ်ချိုး ပျံသန်းတတ်ကြသည်။ နံနက်ခင်းနှင့် ညနေခင်းတွင် အစာရှာဖွေသော်လည်း ညအချိန်တွင်လည်း ကျက်စားသည်။ မြန်မာနိုင်ငံ၌ ဆောင်းအခါတွင် တွေ့ရတတ်သည်။ အသားစားငှက်မျိုးဖြစ်၍ ဗိုလ်စားငှက်ဟုလည်း ခေါ်သည်။[၁]

စနိုက်များသည် ရေဝပ်၍အမြဲတမ်း စိုစွတ်လျက်ရှိသောမြေပေါ်တွင် ခွက်သဏ္ဌာန် ခပ်ဝိုင်းဝိုင်းအသိုက်များကို မြက်ဖြင့်ပြုလုပ်ကြသည်။ ဥမှာ သစ်သော့သီးသဏ္ဌာန် ရှိ၍ တစ်ကြိမ် လျှင် ၄ ဥ ဥသည်။ စနိုက်များကို ထိမှန်အောင် ပစ်ခတ်ရန် ခဲယဉ်းသောကြောင့် ငှက်ခတ်သမားနှင့် ငှက်ပစ်ဝါသနာပါသူများက သဲသဲမဲမဲ လိုက်လံပစ်ခတ်လေ့ရှိကြသည်။

စနိုက်မျိုးများ အနက် စနိုက်ကြီးမှာ သာမန်စနိုက်များထက် ကိုယ်ထည်ကြီးမားသည်။ ဂျက်စနိုက်ဟုခေါ်သော စနိုက်မျိုးသည် အလျား ၇ လက်မသာရှိ၏။ ထိုစနိုက်ကြီးနှင့် ဂျက် စနိုက် နှစ်မျိုးစလုံးကို အလွန်တွေ့ရခဲလေသည်။ ထိုငှက်တို့သည် ဆောင်းရာသီ၌သာ လာရောက်ကြသော ဧည့်သည်ငှက်များ ဖြစ်ကြသည်။

ဗြိတိသျှကျွန်းစုနှင့် ဥရောပတိုက်တွင်သာမက၊ အခြားတိုက်ကြီးများတွင်လည်း၊ စနိုက်ကို တွေ့ရှိရသည်။ များသောအားဖြင့် စနိုက်များ ကျက်စားရာဒေသကား ရေအိုင်စပ်၊ မြစ်ကမ်းနား၊ ရေတင်၍ စွတ်စိုသော နေရာများ၊ လယ်ကွက်များ ဖြစ်သည်။ မြောက်အမေရိကတိုက်တွင် ဝီလဆန်စနိုက်ခေါ် စနိုက်တစ်မျိုးကို တွေ့ရ၏။ ထိုဝီလဆန်စနိုက်များသည်လည်း ငှက်ပစ်ဝါသနာအိုးများ၏ အကြိုက်ပင် ဖြစ်လေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား